22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

မန်စီးတီးအား ကမ္ဘာ့ဘောလုံး လောကကို လွှမ်းမိုးနိုင်သည် အထိ ကူညီမည်ဟု ယာယာတိုရေး ကြွေးကြော်

မန်ချက်စတာ စီးတီး အသင်းကို အင်္ဂလန် ဘောလုံး လောကထက် ကျော်လွန်ကာ ကမ္ဘာ့ဘောလုံး လောကကို လွှမ်းမိုးရန် ကူညီ သွားမည်ဟု ယာယာတိုရေးက ကြွေးကြော်လိုက်သည်။

မန်စီးတီး အနေဖြင့် (၄၄)နှစ်အတွင်း ပထမဆုံး အင်္ဂလန် အမှတ်ပေး ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူရန် အနီးစပ်ဆုံး ဖြစ်နေသည့်နောက် အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်လူက အနာဂတ်တွင် မန်စီးတီး၏ ရပ်တည်မှုသည် ကမ္ဘာ့ အဆင့်ထိ ကြီးကျယ် ခမ်းနား လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသွားသည်။ အဘူဒါဘီ ဘီလျံနာ သူဌေးများ၏ ငွေကြေး အင်အားဖြင့် တောင့်တင်းလာသော မန်စီးတီးသည် QPR အား ပရီးမီးယားလိဂ် အပိတ် ပွဲစဉ်တွင် အနိုင် ကစားပါက ချန်ပီယံ ဆုကို ရရှိမည် ဖြစ်သည်။
မန်စီးတီးတွင် ခြေစွမ်းပြနေသည့် ယာယာတိုရေး

တိုရေးက "ကျွန်တော် အသင်းကို ပိုပြီး ကြီးကျယ် ခမ်းနားလာအောင် ရှေ့ဆက်ဖို့ ကူညီချင်ပါတယ်။ ကမ္ဘာ့ဘောလုံး လောကမှာ အင်အား အတောင့်တင်းဆုံး ဖြစ်လာတဲ့ အထိပေါ့။ ကျွန်တော် မန်စီးတီးကို ဒီအတွက် လာခဲ့တာပါ။ ကျွန်တော့် အတွေ့အကြုံတွေနဲ့ အသင်းဖော်တွေကို ကူညီချင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ FA ဖလားကို ရခဲ့ပြီးပါပြီ။ မန်စီးတီးမှာ အောင်မြင်မှုကို အတူတကွ ဆာလောင်နေတဲ့ အသင်းပိုင်ရှင်၊ မန်နေဂျာ၊ နည်းပြ၊ ကစားသမားနဲ့ ပရိသတ်တွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ နေ့တိုင်း ပိုကောင်းလာအောင်၊ ပိုတောင့်တင်း လာအောင်၊ ပိုအောင်မြင် လာအောင် အတူပူးပေါင်း သင်ယူ ခဲ့ကြပါတယ်" ဟု ပြောကြားသွားသည်။

တိုရေးက "ကျွန်တော်ဟာ အရင်ကတည်းက ရည်မှန်းချက် ကြီးမားတဲ့ အသင်းမျိုးမှာပဲ ကစားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ မန်စီးတီးကို ရွေးချယ်ခဲ့တာ ကျွန်တော် မှန်တယ်လို့လည်း ထင်ပါတယ်" ဟု ဆိုသည်။ ၎င်းက လက်ရှိ မန်စီးတီးတွင် ကစားနေရသည့် အနေအထားအတွက် ကျေနပ်နေကြောင်းလည်း ၀န်ခံခဲ့သည်။ "ဘာစီလိုနာမှာ ကျွန်တော်ဟာ ကစားသမားကောင်း တစ်ယောက် ဖြစ်ခဲ့ပါမယ်။ မန်စီးတီးမှာတော့ ကျွန်တော်က အရေးကြီးတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါပြီ" ဟု တိုရေးက မှတ်ချက်ပြုသွားသည်။
Ref: The Sun
ကျွန်တော် အသင်းကို ပိုပြီး ကြီးကျယ် ခမ်းနားလာအောင် ရှေ့ဆက်ဖို့ ကူညီချင်ပါတယ်။ ကမ္ဘာ့ဘောလုံး လောကမှာ အင်အား အတောင့်တင်းဆုံး ဖြစ်လာတဲ့ အထိပေါ့။ ကျွန်တော် မန်စီးတီးကို ဒီအတွက် လာခဲ့တာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )