22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

ပါတီဇန် လူငယ် ကစားသမား မာကိုဗစ် ချယ်လ်ဆီး ရောက်ရှိရန် နီးစပ်

ချယ်လ်ဆီး အသင်းသည် ပါတီဇန် ဘဲလ်ဂရိတ် အသင်းမှ ကွင်းလယ် တိုက်စစ် ကစားသမားလေး လာဇာ မာကိုဗစ်အား ခေါ်ယူရန် အလွန် နီးစပ်နေကြောင်း သိရှိရသည်။

အသက်(၁၈)နှစ်သာ ရှိသေးသော ဆာဘီးယား လူငယ်လေးကို လီဗာပူးလ်ကလည်း စိတ်ဝင်စား နေသည့်တိုင် လန်ဒန် ကလပ် အသင်းက ပေါင်စတာလင် (၇)သန်း ၀န်းကျင်ဖြင့် အပြီးသတ် ခေါ်ယူဖွယ် ရှိနေသည်။ ချယ်လ်ဆီးသည် မန်နေဂျာဟောင်း အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် လက်ထက် ကတည်းက ငယ်ရွယ် နုပျိုသော အသင်းသစ် တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေရာ အရည်အချင်း ပြည့်ဝသည့် လူငယ် သွေးသစ်များကို လိုက်လံ စုရုံး နေခဲ့သည်။ လက်ရှိတွင် ချယ်လ်ဆီးသည် မာကိုဗစ်အား အပြီးသတ် ခေါ်ယူရန် အတွက် အသေးစိတ် အချက်အလက် အချို့ကို ညှိနှိုင်း နေပြီဟု သတင်းများက ဆိုသည်။
ပါတီဇန် လူငယ်ကစားသမား မာကိုဗစ်

ပါတီဇန် အသင်း နည်းပြဖြစ်သူ အေဗရမ်ဂရန့်သည် ချယ်လ်ဆီး အသင်းကို ယာယီ မန်နေဂျာ အဖြစ် တာဝန်ယူ ကိုင်တွယ်ဖူးပြီး မာကိုဗစ်အား ခေါ်ယူရန် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျကို ပုဂ္ဂိုလ်ရေးအရ ထောက်ခံ ထားကြောင်းလည်း သိရသည်။ မာကိုဗစ်သည် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က အာမေးနီးယားနှင့် ကစားသည့် ပွဲစဉ်တွင် နိုင်ငံတကာ ပွဲဦးထွက်ခွင့် ရခဲ့သည်။ ၎င်းသည် ယခုရာသီ ပါတီဇန် အတွက် (၃၁)ပွဲ ပါဝင် ကစား ပေးထားကာ နောက်ချန် တိုက်စစ်မှူး အဖြစ် အများဆုံး ပွဲထွက်ခဲ့သည်။

မာကိုဗစ်သည် အသင်းပရိသတ်များက ရွေးချယ်သည့် (၂၀၁၁-၁၂)ခုနှစ် ပါတီဇန် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသည်။ ကစားသမား ကိုယ်တိုင်က ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် လိုလားဖွယ် ရှိနေပြီး ၎င်းသည် ဒီဒီရာ ဒရော့ဂ်ဘာကို လေးစား အားကျကြောင်း မာကိုဗစ်က ပြောကြားခဲ့ဖူးသည်။
Ref: Goal
ပါတီဇန်အသင်း နည်းပြဖြစ်သူ အေဗရမ်ဂရန့်သည် ချယ်လ်ဆီး အသင်းကို ယာယီ မန်နေဂျာ အဖြစ် တာဝန်ယူ ကိုင်တွယ်ဖူးပြီး မာကိုဗစ်အား ခေါ်ယူရန် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျကို ပုဂ္ဂိုလ်ရေးအရ ထောက်ခံ ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )