အသင်းမှ ကစားသမား များကို အိုလံပစ် ပြိုင်ပွဲတွင် ၀င်ရောက် မကစားရန် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က တားမြစ်လိုက်သည်။
ဝိန်းရွန်နီနှင့် ဂျာဗီးယား ဟာနန်ဒက်ဇ်တို့ နှစ်ဦးလုံးသည် ယခုအခါ သက်ဆိုင်ရာ နိုင်ငံ လက်ရွေးစင် အသင်းများနှင့်အတူ အိုလံပစ်တွင် ၀င်ကစားတော့မည် မဟုတ်ချေ။ ဂရိတ်ဗြိတိန် အသင်းအတွက် ရွန်နီကို ရွေးချယ်ရန် မျှော်လင့်ထားသော မန်နေဂျာ စတူးဝပ် ပီယာ့စ် အနေဖြင့် ယခုအခါ မန်ယူ ကစားသမား ဟူ၍ သက်တော်ရှည် ၀ါရင့် တောင်ပံ ကစားသမားကြီး ရိုင်ယန်ဂစ်ကိုသာ မျှော်လင့်ခွင့် ရှိတော့သည်။ မန်ယူ အသင်းက အသက်(၂၃)နှစ်အထက် ခြွင်းချက် ကစားသမား အနက် ဂစ်မှလွဲ၍ မည်သူ့ကိုမျှ မလွှတ်ပေးဟု မန်ယူက အတည်ပြုထားရာ ပီယာ့စ်သည် ပေါလ်စခိုးလ်၊ ရီယိုဖာဒီနန်၊ ဂျွန်နီအီဗန်စ်တို့ကိုလည်း မျှော်လင့်နိုင်တော့မည် မဟုတ်ချေ။
အိုလံပစ် ပြိုင်ပွဲအတွက် ကစားပေးနိုင်ဖွယ် ရှိသည့် စမောလင်း
(၂၀၀၈)ခုနှစ် တရားရုံး ဆုံးဖြတ်ချက် အရ ကလပ် အသင်းများသည် နိုင်ငံတကာ ဘောလုံး ပြက္ခဒိန်တွင် အကျုံးမ၀င်သော ပြိုင်ပွဲများ အတွက် မိမိတို့ အသင်းမှ ကစားသမားများအား လွှတ်မပေးဘဲ ငြင်းဆန်ပိုင်ခွင့် ရှိကြောင်း ပြဌာန်းထားသည်။ မန်ယူသည် FA ထံ စာရေးသား ပေးပို့ပြီး (၂၃)နှစ် အထက် ခြွင်းချက် (၃)နေရာအတွက် ဗြိတိန် အသင်းသို့ ကစားသမားများ မပေးအပ်နိုင်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အသက်(၂၃)နှစ်အောက် ကစားသမားများ ဖြစ်ကြသည့် တွမ်ကလီဗာလေ၊ ဒန်နီဝဲလ်ဘက်ခ်၊ ခရစ်စမောလင်း၊ ဖီးလ်ဂျုံးစ်တို့သည် ပီယာ့စ်က ရွေးချယ်ပါက ဗြိတိန်အတွက် ကစား ပေးနိုင်ဖွယ် ရှိနေသည်။ ဖာဂူဆန်သည် အသက်(၃၈)နှစ်ရှိ ဂစ်သာ အိုလံပစ် ပြိုင်ပွဲတွင် ပါဝင် ကစားရန် ဆန္ဒရှိပါက ကြားဝင် တားမြစ်မည် မဟုတ်ဟုလည်း သိရသည်။
အသက်(၂၃)နှစ်အောက် ကစားသမားများ ဖြစ်ကြသည့် တွမ်ကလီဗာလေ၊ ဒန်နီဝဲလ်ဘက်ခ်၊ ခရစ်စမောလင်း၊ ဖီးလ်ဂျုံးစ်တို့သည် ပီယာ့စ်က ရွေးချယ်ပါက ဗြိတိန်အတွက် ကစား ပေးနိုင်ဖွယ် ရှိနေ...
ဖာဂူဆန်သည် မက္ကစီကို လက်ရွေးစင် တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကိုလည်း အိုလံပစ်တွင် ၀င်မကစား ပေးရန် တားမြစ်ခဲ့သည်။ ဟာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ (၂)ခုလုံး နွေရာသီ အားလပ်ရက် ပြည့်ပြည့်၀၀ မရခဲ့ဘဲ လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလားနှင့် ကွန်ကာရက်ဖ် ဖလားများ ကစားပေးခဲ့ရသည်။ ဖာဂူဆန်က ယခုရာသီ ဟာနန်ဒက်ဇ်၏ ခြေစွမ်း ယိမ်းယိုင်နေခြင်းသည် နားချိန် မလုံလောက်မှုကြောင့်ဟု ယူဆပြီး ကစားသမား အတွက် အပြည့်အ၀ နားချိန်ပေးရန် အိုလံပစ်ပြိုင်ပွဲ ၀င်ရောက်ခွင့်အား တားဆီး ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
Ref: Daily Mail, The Sun
10:46 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com