22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

ဆင်ဆာမဲ့အခွေရောင်းချသူများ၏ တရားဝင်ဆန္ဒထုတ်ဖော်ခွင့်ကို ဗဟန်းရဲစခန်းက ပယ်ချ


ဆင်ဆာမဲ့အခွေရောင်းသူများ
အနေဖြင့် တရားဝင်ဆန္ဒထုတ်
ဖော်ထုတ်ခွင့်ရရန် ဗဟန်းမြို့နယ်
 ရဲစခန်းသို့  လျှောက်ထားခဲ့သော်
လည်းပယ်ချခံခဲ့ရကြောင်း အခွေ


ရောင်းသူများအသိုင်းအဝိုင်းက သိရသည်။
ဆင်ဆာမဲ့လမ်းဘေးအခွေရောင်းချသူများအား ဇူလိုင်လ(၁၉) ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည့်အတွက် ယခုအချိန်တွင် အခွေရောင်းသူများအနေဖြင့် စားဝတ်နေရေးအခက်အခဲကြောင့် ယခုကဲ့သို့ တရားဝင်ဆန္ဒထုတ်ဖော် ခွင့်အတွက် လျောက်ထားခြင်းဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့က သြဂုတ် ၂၈ ရက်နေ့က ဆန္ဒပြခွင့်တင်ခဲ့တာ ခွင့်မပြုခဲ့ဘူး၊ ကျွန်တော်တို့ အနေနဲ့ ဘာမှ လွန်လွန်ကျူးကျူး မတောင်းဆိုချင်ပါဘူး နိုင်ငံခြားကားနဲ့ ကိုရီးယားကားကို ရောင်းခွင့်လေးပဲ တောင်းဆိုချင်တာပါ၊"ဟု ပုဇွန်တောင်မြို့နယ်မှ အခွေရောင်းချသူ တစ်ဦးက ပြောသည်။
ဆန္ဒဖော်ထုတ်ခွင့်တောင်းဆိုရာတွင် အချက်(၂)ချက်ပါဝင်ပြီး အဆိုပါအချက်များမှာ  အင်္ဂလိပ် ကားနှင့်   နိုင်ငံခြားဇာတ်လမ်းများအား ရောင်းချမှုကို ဖြေလျော့ပေးရန်၊ လိုင်စင်မဲ့ခွေနှင့် ဆင်ဆာ မဲ့ရောင်းချ သည်ဟုဆိုကာ ၃၂(က)နှင့်(ခ)အရ ဖမ်းဆီးထားသူများအား ပြစ်ဒဏ်မှ လျော့ပေါ့စဉ်းစား ပေးရန်တို့ ဖြစ်သည်။
ဆင်ဆာမဲ့အခွေ စီမံချက်ဖြင့် ဖမ်းဆီးရာတွင် နိုင်ငံခြားအခွေရောင်း ချသူများကို ပစ်မှတ်ထားဖမ်းဆီးခြင်း မဟုတ်ကြောင်း၊   ပြည်ထဲရေးနှင့် စည်ပင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။
''ကျွန်တော်တို့အနေနဲ့ လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် ဖဖ်းဆီးခွင့် မရှိပါဘူး၊ အခွေဆိုင်တွေ ဖမ်းလိုက်တဲ့ အတွက် မြန်မာဗီဒီယိုအခွေ အရင်က (၇ဝဝ)(၈ဝဝ)လောက်ရောင်းရရင် အခု (၁ဝဝဝ) ကျော် အထိရောင်းအားတက် လာတယ်၊ရုပ်ရှင်လောကကို ကာကွယ်သွားမှာပါ ''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဖမ်းဆီးခွေကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ညစ်ညမ်းခွေများမှာ အင်တာနက်များမှတဆင့် ပျံ့နှံနေကြောင်း မိမိတို့ အခွေရောင်းသူများအနေနှင့် ညစ်ညမ်းခွေ၊ မြန်မာခိုးကူးခွေများကို ရောင်းချ ခွင့်တောင်းဆိုနေခြင်းမဟုတ်ကြောင်း အခွေရောင်းသူများက ပြောဆိုကြသည်။
" ဆင်းရဲမွဲတေမှုလျော့ချရေးကို အမြဲပြောနေတဲ့အတွက် ကျွန်တော် တို့လို လမ်းဘေးမှာ အခွေရောင်းတဲ့သူတွေဟာ စာမတတ်ပေမတတ် တွေ များလို့ အလုပ်ကိုင်အခွင့်လမ်း နည်းပါးသည့်အတွက် ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို မထိခိုက်ရင် နိုင်ငံခြားကားနဲ့ ကာတွန်းခွေ တွေကိုရောင်းချခွင့်ပြုစေချင်ပါတယ်"ဟုအခွေရောင်းသူကိုလင်းလင်း ပြောသည်။
အခွေရောင်းချသူများအား ၂ဝ၁၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့မှ စတင်ကာ စီမံချက်ဖြင့် စတင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
'အခွေရောင်းတဲ့သူတွေက တနေ့ကို သိန်းတစ်ရာလည်း မမြတ်ပါဘူး၊ မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတဲ့ အလုပ်တွေပါ'ဟု အခွေရောင်းသူတစ်ဦးဖြစ်သူ ကိုကိုနိုင်က ပြောသည်။

မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )