22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

ဟားခါးမြို့ပေါ်တွင် ကားတိမ်းမှောက်၊ နှစ်ဦးသေ၊ ၁၀ ဦး အပြင်းအထန်ဒါဏ်ရာရ

စက်တင်ဘာ (၃) ရက်နေ့ ညနေ ၆း ၄၅ နာရီခန့်က မတူပီမြို့နယ် ရေဇွာဘက်က တက်လာသည့် ဟိုင်မွာလ် ဂျစ်ကားတစီး ဟားခါးမြို့ ပေါ်ပြည်တော် သာရပ်ကွက် Gospel Baptist Church အနီးတွင် တိမ်းမှောက်ခဲ့ရာ ရေဇွာမြို့အနီး ရွာဗား ရွာနေ   Pu Pha Tu  ( 68) နှင့် ဇနီး Pi Ruanu (52) တို့ ပွဲချင်း သေဆုံးပြီး ကားဒရိုင်ဗာ အပါအ၀င် ခရီးသည် ၁၀ ဦး အပြင်းအထန်ဒါဏ်ရာရရှိကြောင်းသိရသည်
27182140
ဒါဏ်ရာရရှိသူများမှာ နေပြည်တော်၊ ပျဉ်းမနား ရေဆင်းတွင် နေထိုင်သူ ဦးအောင်မင်း၏ သမီး ဒေါ် ချိုတူးမာ( ၃၀) နှင့် ၄င်း၏ သမီး ထွေးသီရိမျိုးခိုင်(၉)၊ ဒေါ်ချိုတူးမာ၏ မိခင်၊ အဘ ဦးခိုင်ရဲ၏ သမီး ဒေါ် ခင်ဝင်းကြည်( ၅၀)၊ နေပြည်တော်နေ ဦးဝင်းမြင့်၏သမီးဒေါ်မြင့် ( ၂၅)၊ သေဆုံးသူ Pu Phatu ၏ သမီး မ၀င်းကြည် (၂၃)( စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့နေ)၊ မတူပီမြို့နယ်၊ ပင်တီယာကျေးရွာနေ ပူး တေခီ (၆၈) နှင့် ပူး ခူမှုန်း၏ သားပါဘွေး(၃၀)၊ ကလေးမြို့ ၊ ၉မိုင် နေ ပူး ကျင်ထန်း၏သား ပုမ်ခိုင် (၂၉) နှင့် ၄င်း၏ ညီဖြစ်သူ ( အမည်မသိ)၊ ပုမ်းဆွန်းကျင်(၂၁)၊ရေဇွာမြို့နေ အဘ ကာလူ၏ သမီး ဒေါ်မနွယ် (၄၂)၊ တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟားခါးမြို့ ပြည်တော်သာရပ်ကွက် ရွှေမြို့တော် စားသောက်ဆိုင်ကနေ အဆင်းမှာ ကားဘရိတ် အုပ်လို့မ ရတော့သဖြင့် ၁၀ ပေအောက် ဘုရားကျောင်းရှေ့သို့ ထိုးကျသွား ခြင်းဖြစ်ကြောင်း၊ ကားပိုင်ရှင် သည် ကလေးမြို့နေ ပူး မောင်ပိုဖြစ်ကြောင်း ဒရိုင်ဗာက ပြောပြသည်ဟု သိရသည်။

အခင်းဖြစ်ဖြစ်ချင်း ဒေသခံများက ဆေးရုံသို့ အမြန်ဆုံးပို့နိုင်ကြသော်လည်း Pu Phatu သည် ညနေ ၉ နာရီခန့်တွင် သေဆုံးသွားကြောင်း သူ၏ ဇနီးနှင့် အတူ မန္တလေးသို့ ဆေးစစ်ကုသရန် သွားရောက်မည့် သူများဖြစ်ကြောင်း နှင့် သေဆုံးချိန်တွင် ၄င်း၏ အိတ်ကပ်ထဲ၌ ဆယ်ဖို့တဖို့ကျပ်ငွေ တသောင်းခြောက် ထောင်ကျော်ကို သိမ်းထားကြောင်း သက်ဆိုင်သူတဦးက ပြောသည်။

ဒေါ်ချိုတူးမာသည် ရေဇွာမြို့တွင် ဒု ရဲအုပ်တာဝန်ထမ်းဆောင်နေသူ၏ ဇနီးဖြစ်ပြီး ဇာတိမြို့ဖြစ်သော ပျဉ်းမနားရေဆင်းသို့ အလုပ်တာဝန်ပြောင်းရွှေ့မည်သူများဖြစ်ကြောင်း သိရသည်။

လူနာများအတွက် ပူး ကျုံဟူး ဦးဆောင်သော ကျန်းမာရေး စေတနာ့ဝန်ထမ်းအဖွဲ့မှ အိပ်ယာ ၁၂ ၊ ခြုံစောင် ၇၊ ခြုံစောင်အပါး ၁၂၊ ခြုံစောင်ဖုံး ၁၂၊ ခေါင်းအုံး ၁၂၊ခေါင်းအုံးစွပ် ၁၂၊ အိပ်ယင်ဖုံး ၁၂၊ သေဆုံးသူများအတွက် အကျီင်္၊ လည် စည်း၊ ရှူး၊ ခြေစွပ်၊ ဘောင်းဘီရှည် ကူညီထားကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်အားကစားဝန်ကြီး ပူး ရမ်မန်း မိသားစုမှ လဘက်ရည်၊မုန့် နှင့် ၀န်ကြီး ပူး ဗန်ထောင်းနှင့် ၀န်ကြီး ပူး ငွန်ဆန်းအောင်ကလည်း လိုအပ်သည်များပံ့ပိုးသွားကြကြောင်း ထပ်မံသိရသည်။

သို့သော် ဆေးရုံတွင် ဆေးကရိယာ မစုံလင်မှုကြောင့် လူနာအခြေအနေအသေးစိပ်ကို ပြောလို့မရနိုင်သေး ကြောင်း ပြောကြသည်။

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ တွင် ဟားခါးနှင့် ထန်တလန်မြို့ အကြားတွင် ပူး လာလ် မောင်ကျုံး၏ ကားတိမ်းမှောက်၍ ခရီးသည် ၃ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )