22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့  မြန်မာအစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက်ဟာ တစုံတရာ အကျိုးရှိပေမဲ့  ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ဒေါ်အောင်ဆန်း စုကြည် ပါဝင် ဆောင်ရွက်ဖို့  လိုအပ်ကြောင်း တိုင်းရင်းသား လူမျိုးစု အဖွဲ့  တွေက မနေ့ က တောင်းဆိုလိုက် ပါတယ် ။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ငြိမ်းချမ်းရေး ကောင်စီ ခေါင်းဆောင် Timothy Laklem က သတင်းထောက်တွေနဲ့ တွေ့ ဆုံရာမှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့  အနာဂတ်ရေး အတွက် သမ္မတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်နဲ့  တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့  လိုအပ်နေပြီ ဖြစ်ကြောင်း၊ ဒီအတွက် စစ်မှန်တဲ့  ငြိမ်းချမ်းရေး အတွက် အာမခံချက် ရနိုင်ဖို့  တိုင်းရင်းသား လူမျိုးစု အဖွဲ့တွေ ယုံကြည် အားထားနိုင်တဲ့ ကြားခံ ကိုယ်စားလှယ် တစ်ဦး ပါဝင်ဖို့  လိုအပ်ကြောင်း၊ အပစ်အခတ် ရပ်စဲ ရေး အနေအထား ကနေ ကျော်လွန်ပြီး ဖေဖေါ်ရီလ အတွင်း ဆွေးနွေးပွဲ ကနေ သဘောတူထားတဲ့ အချက် (၇ ) ချက်ကို ထိရောက်စွာနဲ့ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ် ။

KNU အဖွဲ့ အထွေထွေ အတွင်းရေးမှုး နော်ဇီပိုးရာစိန် ကလည်း ဒေါ်အောင်ဆန်းကြည် ဟာ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စတွေ ဆောင်ရွက်နေသူ ဖြစ်တဲ့အပြင်၊ တိုင်းပြည် အပြောင်းအလဲ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အရေးကြီးသူ တစ်ယောက် ဖြစ်တယ်လို့ ထင်မြင်ယူဆကြောင်း အာအက်အေ ကို ပြောဆိုပါတယ်။

မြန်မာအစိုးရသစ် ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့  (၁၁ ) ဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို အဆင့် (၃) ဆင့် သတ်မှတ်ပြီးဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် မှာတော့ ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်သေးဘဲ အပစ်အခတ်တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဒီအတောအတွင်း သမ္မတကိုယ်တိုင် ပါဝင် ဦးဆောင်ပြီး
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ကို အသစ်ပြန်လည် ဖွဲ့ စည်းလိုက်တဲ့ အပေါ် တိုင်းရင်းသား အဖွဲ့ အစည်းတွေက ကြိုဆို လိုက်ကြပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )