22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, December 3, 2011

သင်သိပါသလား - လောမဲ


ကမ္ဘာကြီးမှာဖြစ်ပေါ်နေသောအရာများကို လေ့လာပါက သင်္ဘေသဖန်းပင်ရွက်နုထွက်သောအချိန်ဖြစ်နေပါ ပြီ။ တနည်းအားဖြင့်ဆိုသော် နောက်ဆုံးသောအချိန်ကာလ ရောက်နေပါပြီ။ စာတန်မာရ်နတ်လည်းသူ့ အတွက် အချိန်နည်းလာသည်နှင့်အမျှ အားသွန်ခွန်စိုက်အလုပ်ကြိုးစားနေပါသည်။ သူ၏မရဏာနိုင်ငံသို့ ဘုရားသခင် ချစ်သောလူသားများ ပိုမိုရောက်ရှိရန်နည်းလမ်းမျိုးစုံဖြင့် သွေးဆောင်နေပါသည်။
စာတန်မာရ်နတ်၏အသင်းတော် နှင့် သခင်ယေရှုကိုဆန့်ကျင်သောအသင်းတော်များ ဤကမ္ဘာမြေပေါ်တွင် ထင်ထင်ရှားရှားတရားဝင်ဖြစ်ပေါ် ရပ်တည်လာပါပြီ။ ထို့အတူ စာတန်မာရ်နတ်၏အမှတ်အသားလက္ခဏာ များလည်း ထင်ထင်ရှားရှားဖြစ်လာပါပြီ။ စာတန်မာရ်နတ်၏ကြောက်စရာ/ စိုးရိမ်ဖွယ်ရာ နည်းပရိယာယ်တခု မှာ လူသားများသူ့ကိုအမှုမဲ့အမှတ်မဲ့လက်ခံလာအောင်သွေးဆောင်သော နည်းလမ်းလည်းရှိပါသည်။
မိမိဝိညာဉ်အား စာတန်မာရ်နတ် (လူစီဖာ) ကိုလှူသဖြင့် ခလေးများ၊ လူငယ်များက ကစားစရာပုံစံမျိုးဖြင့် ပြုလုပ်ရာမှနတ်ဆိုးများဝင်ရောက်သွားသောခလေးများ၊ လူငယ်များ၏အဖြစ်ဆိုးများကို ကြားသိနေရပါပြီ။ ထို့အတူစာတန်မာရ်နတ်ကိုသွယ်ဝိုက်သောနည်းဖြင့်၎င်း၊ မသိမသာသူ့ကိုလက်ခံအသိအမှတ်ပြုရန် နည်းမျိုးစုံ ဖြင့်သွေးဆောင်နေပါသည်။ စာတန်မာရ်နတ်၏အမှတ်အသားများကို လူ့ခန္တာပေါ်တွင်လည်း တွေ့နေရပါပြီ။ ထို့ကြောင့် ယုံကြည်သူသားသမီးများ သတိထားတတ်ရန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

တေးဂီတ
လောကအောင်မြင်မှုတွက် စာတန်မာရ်နတ်နှင့်အပေးယူလုပ်သော အနုပညာရှင်များ၊ အဆိုတော်များ ကိုတွေ့ နိုင်ပါသည်။ လူကိုစီရင်ရေးသားခြင်းမျိုး မဖြစ်အောင် နာမည်မတပ်သင့်သလို အချိန်ကုန်ခံပြီး ၄င်းသတင်းများကို လိုက်စုရန်မလိုသေးပါ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင်စာတန်မာရ်နတ်သည် လောကကိုပိုင်ဆိုင်သဖြင့် သူ့ကို လက်ခံသူ၊ ဦးချသူများကို လောကအောင်မြင်ခြင်းများ စည်းစိမ်များကို ပေးနိုင်သောသူဖြစ်သည်။ သို့သော် ထာဝရအသက်ကိုကား မပေးနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုသာလျှင် ထာဝရအသက်ကို ပေးနိုင်သူဖြစ်၏။
တဖန် မာရ်နတ်သည်ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကို၎င်း ပြညွန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်ဟုဆိုလေ၏။မဿဲ ၄း ၈-၉
ဂီတရေစီးကြောင်းကိုလေ့လာလျှင် ကျနော်သတိထားမိသောအရာတခုရှိ၏။ သီဆိုမှုတွင် အဆိုတော်များ သည် ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ပျော်ရွှင်ချင်း၊ ငြိမ်းခြမ်းခြင်း ကိုပြသသော အပြုံးများမရှိသလောက်နည်း လာပြီး စိတ်ခက်ထန်ခြင်း၊ ကြမ်းတမ်းခြင်း၊ မောက်မာခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုးခြင်း စသောလက္ခဏာ များကို ဦးစားပေးလာသည့်ပြင် ရိုင်းစိုင်းသောစကားလုံးများ၊ ဆဲရေးတိုင်းထွာသည့်စကားလုံးများ ခေတ်စား လာခြင်းသည် စာတန်မာရ်နတ်အကြိုက်ပင်ဖြစ်သည်။ စာတန်မာရ်နတ်သည် မရဏာနိုင်ငံ၏အရှင်ဖြစ်သလို သူ၏အမှတ်တံဆိပ်တခုဖြစ်သည့် သေခြင်းအမှတ်တဆိပ်ကို တေးဂီတအဆိုတော်မှ အရောင်းမြှင့်တင်ပေး သဖြင့် လူအများကြိုက်နှစ်သက်နေသော ဖက်ရှင်တခုဖြစ်လာပါတော့သည်။ ၄င်းသေခြင်းအမှတ်တံဆိပ်မှာ လူ့အရိုးခေါင်းပင်ဖြစ်သည်။ အရိုးခေါင်းအင်္ကျီ၊ အမှတ်တံဆိပ်များထားရှိလို့ ကယ်တင်ခြင်းဆုံးရှုံးသည်ဟု မဆိုလိုပါ။ ကျနော်ပြောချင်သည်မှာ လူ့စိတ်များတဖြည်းဖြည်းပြောင်းလဲလာသည်ကို သတိထားတတ်ရန် ရည်ရွယ်ပါသည်။ ထိုကဲ့သို့စိတ်ပြောင်းလဲခြင်းသည် စာတန်မာရ်နတ်၏ လုပ်ဆောင်ချက် ဖြစ်ပြီး ဖန်ဆင်း ရှင်ဘုရားသခင်ဆီမှ တဖြည်းဖြည်းဝေးသထက်ဝေးအောင် ရည်ရွယ်ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဘုရားသခင်နှင့်ဝေးလာသည်နှင့်အမျှ စာတန်မာရ်နတ်နှင့်နီးစပ်လာခြင်းပေ။

စတန်မာရ်နတ်အသင်းတော် Satanic Church
စာတန်မာရ်နတ်အသင်းတော်ကို ၁၉၆၀ ခုနှစ်တွင် အန်တန်လဲဗီ Anton LaVey ကတည်ထောင်ခဲ့ပါသည်။ တည်နေရာမှာ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားဖြစ်ပြီး အသင်းသူအသင်းသားများကိုသွန်သင်ပေးသော အယူဝါဒတခုမှာ ဘုရားဆိုတာမရှိသလို မကောင်းဆိုးဝါးနတ်ဆိုးဆိုတာလည်းမရှိပါ။ ၄င်းစာတန်အသင်း တော်တွက် တက်ကြွစွာ ကူညီခဲ့သူထဲတွင် ရော့ခ်အဆိုတော် ခင်းဒိုင်းမွန်း King Diamond ပါဝင်ပြီး သူ၏ သီချင်းစာသား၊ ၀တ်စားဆင်ယင်မှု့နှင့် ပုံစံများသည် စာတန်ကိုသီဆိုချီးမွမ်းလေ့ရှိကြောင်းထင်ရှားပါသည်။ သူသီဆိုသော တေးဂီတအဖွဲ့မှာ အနက်ရောင်နှင်းဆီ Black Rose ဖြစ်သည်။ ၄င်းတေးဂီတအဖွဲ့ကို မြန်မာ နိုင်ငံတွင်ကြိုက် နှစ်သက်သူများရှိသော်လည်းသူတို့၏ သမိုင်းဇစ်မြစ်ကိုသိဟန်မရှိပါ။

စာတန်မာရ်နတ်အသင်းတော်တည်ထောင်သူ Anton Szandor LeVey နှင့်သူဝတ်ပြုရာကျောင်း
ငွေရတတ် သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊ ထိုတံဆိပ်လက်မှတ်တည်း
ဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။
ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။ ဗျာဒိတ်ကျမ်း ၁၃း ၁၆-၁၈
ဗျာဒိတ်ကျမ်းဖေါ်ပြချက်အရ သားရဲ သို့မဟုတ် စာတန်၏ နာမ(နံမည်)၊ အမှတ်တဆိပ်၊ နံပါတ်ဆိုပြီး အဓိက သုံးအုပ်စုရှိပါသည်။
၁။ သားရဲစာတန်၏နံပါတ်သည် ၆၆၆ ဖြစ်ကြောင်း ဗျာဒိတ် ၁၃း၁၈ တွင်အတိအလင်းဖေါ်ပြထားပါသည်။
၂။ သားရဲ၏နာမ (အမည်)
၎င်းနံမည်ကိုလူစီဖာဟုနားလည်ရသော်လည်း ၄င်းနံမည်ကိုမြန်မာကျမ်းစာထဲတွင်မတွေ့ရ။ အင်္ဂလိပ်လို ရေးသော King James Version တွင်တွေ့ရသည်။

How art thou fallen from heaven, O Lucifer, son of the morning! how art thou cut down to the ground, which didst weaken the nations!  Isaiah 14:12

တချိန်က ကောင်းကင်တမန်ဖြစ်ခဲ့သော စာတန်ကို မိုးသောက်ကြယ်နှင့် ခိုင်းနှိုင်းထားပြီး ကောင်းကင်မှ မောင်းချခြင်းခံရကြောင်း ဟေရှာယ ၁၄း၁၂ တွင်ရေးထားပါသည်။ လူစီဖာသည် အင်္ဂလိပ်စကားလုံး မဟုတ် ဘဲ လက်တင်ဘာသာမှလာသောစကားလုံးဖြစ်သည်။ အဓိပ္ပါယ်မှာ မိုးသောက်ကြယ်ဖြစ်သည်။ သို့သော် မိုးသောက်ကြယ်ဟုပြောတိုင်း စာတန် ဟုအဓိပ္ပါယ်ကောက် ၍မရပါ။ ကျမ်းစာမှာအသုံးများသော စကား လုံးသည် စာတန်၊ မာရ်နတ်ဖြစ်ပြီး လူစီဖာအသုံးအနှုံးကိုလည်း စာတန်ဟုနားလည်ရပါသည်။


၃။ စာတန်အမှတ်တံဆိပ်များ
စာတန်၏အမှတ်တံဆိပ်ကို ကျမ်းစာတွင်မဖေါ်ပြထားသော်လည်း စာတန်အသင်းတော်၏အမှတ်တံဆိပ်ကို လေ့လာနိုင်သလို သိထားရန်လည်းလိုပါသည်။
ကြယ်ပြောင်းပြန်ထဲမှာဆိတ်ခေါင်းကိုထည့်ထား၏။ ဆိတ်၏အဓိပ္ပါယ်မှာ သိုးသငယ်၏ဆန့်ကျင်ဖက်ဖြစ်ပြီး ကြယ်ပြောင်းပြန်၏ဆိုလို ရင်းမှာ မြေကြီး၊ မီး၊ လေ၊ ဒြပ်ဝထ္ထု နှင့် ၀ိညာဉ်များဖြင့်ဝိုင်းရံထားသည်။ ဤအမှတ် တံဆပ်သည် လက်ဝတ်ရတနာ အထူးသဖြင့်လက်စွပ်များတွေ့ရသဖြင့် သတိထားရှောင်ကျင်ရန် လိုပါသည်။

စာတန်၏အခြားသောအမှတ်အသားများ














မထင်မရှားသောစာတန်၏သင်္ကေတအမှတ်အသားများ

၆၆၆ နံပါတ်လက်ပုံစံ                                          ၆၆၆ နံပါတ်                         ဂျိုနှစ်ချောင်းနှင့်ဆိတ်ခေါင်းလက်ပုံစံ
အပြစ်လုပ်ပြီးသောလူသားများ ကမ္ဘာပေါ်တွင်နေရမည့်သက်တမ်းကို နှစ် ၁၂၀ ဟုသတ်မှတ်ထားသော် (ကမ္ဘာဦးကျမ်း ၆း၃) လည်းယနေ့ခေတ်လူသားများ၏ပျမ်းမျှသက်တမ်းသည် ၇၀ ပတ်ဝန်းကျင်သာရှိပါ သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးနှင့် စင်္ကြ၀ဏာ ကိုဖန်ဆင်းခဲ့သည်။ ၄င်းစင်္ကြ၀ဏာ နှင့် ကမ္ဘာကြီး၏ သက်တမ်းသည် သိပ္ပံပညာအရ နှစ်သန်းပေါင်းထောင်နှင့်ချီရှိ၏။ ဘုရားသခင်သည် ထိုနှစ်သန်းပေါင်းထက် များစွာရှည်သော ထာဝရအသက်ကိုလူသားများအား အပ်နှင်းပေးထားပါသည်။ ထာဝရအသက်နှင့် နှစ်၇၀ ဆိုသောအတိုင်းတာကို အသင်မိတ်ဆွေ နှိုင်းယှဉ်ကြည့်ပါ။ ထာဝရအသက်ကိုမရရှိအောင် စာတန်မာရ်နတ် သည် တိုတောင်းသောလောကအသက်တာတွင် စုံစမ်းရသောအခွင့်ရှိ၏။ တိုတောင်းသော လူ့သက်တမ်း တွင် စာတန်မာရ်နတ်သွေးဆောင်သောလမ်းသို့လိုက်ပါက ထာဝရအသက်တာဆုံးရှုံးပြီး ပျက်ဆီးခြင်း၊ အမြဲ တမ်းတောက်လောင်သောကန့်မီးထဲသို့ရောက်မှာဖြစ်သည်။ ကန့်မီးထဲသို့ရောက်သော်လည်း သေခြင်းကမ်း မရှိ၊ ပြင်းစွာသောဝေဒနာကိုနေ့ညမပြတ်အမြဲတမ်းခံစားရမှာဖြစ်သည်။

ထိုသူတို့သည် ထာဝရပြစ်ဒဏ်ကိုခံရာသို့၎င်း၊ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။ ရှင်မသဲ ၂၅း ၄၆
ထိုနည်းတူ ကမ္ဘာအဆုံး၌ကောင်းကင်တမန် တို့သည်ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊  ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။
မဿဲ ၁၃း၄၉-၅၀

ထိုညှဉ်းဆဲခြင်း၏ မီးခိုး သည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။ သားရဲနှင် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည်နေ့ညဥ့်မပြတ်သက်သာမရကြဟု လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ ဗျာဒိတ် ၁၄း၁၁

ယနေ့ချိန်တွင် စာတန်မာရ်နတ်ကို သိလျက်ပင် လက်ခံသူများရှိသလို မသိမနားလည်ဘဲ လက်ခံမိခြင်း၊ အမှတ်တမဲ့မထင်မှတ်ဘဲ လက်ခံအသိမှတ်ပြုခြင်း၊ စာတန်မာရ်နတ်ကို ချီးမွမ်းခြင်းများရှိနေပါပြီ။ ထိုအထဲ တွင် မိတ်ဆွေမပါမိစေရန် ပင်စည်နှင့်အဆက်အသွယ်ရှိသောစပျစ်ကိုင်းလို အသက်တာရှိရန်အရေးကြီး ပါပြီ။ စာတန်မာရ်နတ်၏အမှတ်တံဆိပ်များကို မိမိကိုယ်ပေါ်မှာရေးထိုးခြင်း၊ ဆင်မြန်းခြင်း၊ သရုပ်ပြခြင်း၊ မပြု မိစေရန် သခင်ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့် သတိပေးလိုပါသည်။ မိမိဝတ်စားဆင်သော ပုံ၊ ဖက်ရှင်ဒီဇိုင်း များ၏အနက်အဓိပ္ပါယ်ကို သိသင့်ပြီး ကိုယ်ပေါ်မှာဆေးမှင်ကြောင်ရေးထိုးခြင်းသည် ဘုရားသခင်မကြိုက် ကြောင်းသတိထားသင့်ပါသည်။ ဆေးမှင်ကြောင်ထိုးခြင်းကို သံပူထိုးခြင်း ဆိုသောစကားလုံးဖြင့် သမ္မာကျမ်း စာတွင်ဖေါ်ပြထားပါသည်။
'Do not cut your bodies for the dead or put tattoo marks on yourselves. I am the LORD.           Leviticus 19:28
သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ၊ သံပူမထိုးရ။ ငါသည် ထာဝရဘုရား ဖြစ်၏။   ၀တ်ပြုရာကျမ်း ၁၉း၂၈
သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးသီး အင်္ဂါတော်ဖြစ်ကြ၏။ ၁ကော ၁၂း၂၇
အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေး သနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင် ကြောင်းကိုင်း၊ မသိကြသလော။
သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားကြစေလော့။ ၁ကော ၆း၁၉-၂၀
ချစ်သောမိတ်ဆွေ-ထာဝရအသက်တာနှင့်အတူ အဖဘုရားရှင်ထံရောက်ရှိရန် သခင်ယေရှု၏ကားတိုင်လမ်း ကိုတသွေမတိမ်းလိုက်လျှောက်နိုင်ရန်လိုပါသည်။ စာတန်သွေးဆောင်သောလမ်းသို့မရောက်ရန် သမ္မာတ ရားကိုနေ့ညမပြတ်ဆင်ခြင်အောက်မေ့လျှက်ဘုရားသခင်နှင့်နီးနီးကပ်ကပ်မိတ်သဟာရဖွဲ့ကြပါစို့။ ဘုရား သခင် ပိုင်သသော ကျနော်တို့၏ခန္ဓာကိုယ်များကို စာတန်အားမဆပ်ကပ်ဘဲ သခင်ခရစ်တော်အား ပြန် လည်ဆပ်ကပ်ကြပါစို့။

လောမဲ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )