22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, December 3, 2011

တုပ်ကွေးရောဂါ...


h_9_4_1
တုပ်ကွေးဆိုတာ ဘာလဲ
လူအများ သိထားကြတဲ့ တုပ် ကွေးရောဂါကို ဆေးပညာ မှာတော့ အင်ဖလူယန်ဇာ(Influenza) သို့ မဟုတ် ဖလူး(Flu) လို့ခေါ်ဆိုပါတယ်။ အမှန်တော့ တုပ်ကွေးရောဂါဟာ အဖြစ်များလေ့ရှိတဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီတုပ်ကွေးရောဂါပိုးဟာ သင့်ရဲ့ အသက်ရှူလမ်းကြောင်းစနစ် တစ်ခုလုံး (ဥပမာ- လေပြွန်များ၊ လေ ပြွန်အိုး၊ အဆုတ်)ကို ဒုက္ခပေးပါတယ်။ ဒါကြောင့် သာမန်အအေးမိရောဂါနှင့် နှိုင်းယှဉ်ရင် တုပ်ကွေးမိတဲ့အခါ ဝေဒနာ တော်တော်ခံစားရတာကို တွေ့ရပါ တယ်။ တစ်ခါတလေ ပြင်းထန်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးမျိုးဆိုရင် အသက် အ္တရာယ်တောင် ပေးနိုင်ပါတယ်။ ဥပမာ-ဟိုတလောတုန်းက အတော် ဒုက္ခပေးပြီး ဂြိုဟ်မွှေသွားတဲ့ H1N1 ခေါ်Influenza A ကို ပြန်စဉ်းစား ကြည့်လိုက်ပါ။
ဘာတွေက တုပ်ကွေးရောဂါ ဖြစ်ပွားစေတာလဲ
တုပ်ကွေးဗိုင်းရပ်စ်ပိုး အမျိုးအစား များစွာရှိပါတယ်။ အမျိုးအစား Type A ၊ အမျိုးအစားType B နဲ့ အမျိုး အစားType C ဆိုပြီးရှိပါတယ်။Type A ဟာ အပြင်းထန် အဆိုးဝါးဆုံး တုပ် ကွေးဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အမြဲပင် ဗီဇပြောင်းလဲနေတတ်ပါတယ်။ လူသား တွေကတော့ ဗီဇပြောင်းလဲနေတဲ့ ဗိုင်း ရပ်စ်ပိုးတွေ နားခိုဖို့၊ အားမွေးဖို့ လက်ခံရာဌာနအိမ်ကြီး တစ်ခုလို ဖြစ် နေရပါတယ်။ လူသားတွေတင်မကပါဘူး အ ခြား တိရစ္ဆာန်တွေဟာလည်း တုပ် ကွေးဗိုင်းရပ်စ်ပိုးတွေ နားခိုရာနေရာဖြစ် နေတာပေါ့။ ဥပမာ-ကြက်တွေ၊ ငှက် တွေ၊ ဝက်တွေပေါ့။
တုပ်ကွေးမိရင်ဘယ်လိုရောဂါ ဝေဒနာတွေ ခံစားရပါသလဲ
- အဖျားဆက်တိုက် တက်လာခြင်း - ခေါင်းတအားထိုးကိုက်ခြင်း - တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ ပြီး ကိုယ်လက်မအီမသာဖြစ်ခြင်း - ချောင်းခြောက် ပြင်းထန်စွာ ဆိုးခြင်း (သလိပ်မပါ) - တစ်ကိုယ်လုံးနုံးခွေနေခြင်း - နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ နှာချေ ခြင်း - လည်ချောင်းနာခြင်းတို့ ဖြစ်ပါတယ်။
တုပ်ကွေးရောဂါဖြစ်ပွားရင် ဘယ်လိုကုသမလဲ
- ယခုအခါ ဗိုင်းရပ်စ်ပိုးသတ်ဆေး Antiviral Drugs များ ထွက်ပေါ်လာ ပြီဖြစ်ပါတယ်။ ဥပမာ Zanamivir သို့မဟုတ် Oseltamivir တို့ဖြစ်ပါတယ်။ တုပ်ကွေးဖျားပြီး ၄၈ နာရီ အတွင်း ဤဆေးများသောက်ပါက အဖျားရက်မကြာတော့ဘဲရက်အနည်း ငယ်အတွင်း သက်သာသွားပါလိမ့် မယ်။ လိုအပ်လျှင် မိသားစုဆရာဝန် နှင့် ပြသတိုင်ပင်ပါ။အခြားပြုစုရန်မှာ - - အနားယူပါ။ - ရေများများသောက်ပါ။ - လတ်လတ်ဆတ်ဆတ် သစ်သီး ဖျော်ရည်သောက်ပါ။ နာလန်ပြန်ထ လာပါလိမ့်မယ်။
တုပ်ကွေး မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ
-တုပ်ကွေးရောဂါ ကာကွယ်ဆေး နှစ်စဉ် ထိုးနိုင်ပါတယ်။ - တစ်ကိုယ်ရေ ကျန်းမာရေး အထူးဂရုစိုက်ပါ။ - လူထူထပ်တဲ့နေရာများကို မသွား သင့်ပါ။ - အပြင်မှ ပြန်လာပြီးရင် လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောပါ။ - အများသုံးပစ္စည်းများ၊ ဥပမာ- ဘတ်စ်ကားလက်ကိုင်၊ အိမ်သာတံခါး လက်ကိုင်၊ ဖုန်းတို့ကို လက်ဖြင့်ကိုင်ပြီး ပါက နှာခေါင်း၊ ပါးစပ်စသည်တို့အား မပွတ်ပါနှင့်။ လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )