22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, December 3, 2011

ဇက်နာဝေဒနာ မဖြစ်အောင်


h_9_4_7
ခါးနာဝေဒနာ (Back Pain) လောက် အလေးပေးခြင်း မခံရပေမယ့် ဇက်နာဝေဒနာ (Neck Pain) ကလည်း အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါပဲ။ သင်ဟာ ခဏခဏ ဇက်နာတတ်သူဆိုရင် အောက်ပါ အကြံပေးချက် အချို့ကို ပြုလုပ်ဆောင်ရွက်ကြည့်ပါ။
-အိပ်ရာက ထထချင်း ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း မလုပ်ပါနှင့်။ သင့်အရိုးအဆစ် များအတွက် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။
-သင့်အလုပ်ခွင်ထဲမှာ သင့်ကွန်ပျူတာအနေအထားကို ချိန်ညှိ ပါ။ မော်နီတာရဲ့ အပေါ်ပိုင်းက သင့်မျက်စိနှင့် တစ်ပြေးညီရှိ ပါစေ။ စာစီစာရိုက် သမားတွေ ဆိုရင် စာရွက်ကို မိမိမျက်စိနဲ့ တန်းတူချိတ်ဆွဲပြီးမှ ရိုက်ပါ။ စာရွက်ညှပ်တဲ့ ကိရိယာကို သုံး ပေးနိုင်ပါတယ်။
-ဖုန်းပြောတဲ့အခါ နားတစ်ဘက်မှ တစ်ဘက်သို့ ပြောင်းလဲ ပေးပါ။ ဖုန်းခွက်ကို ဦးခေါင်းနှင့်လည်ပင်းကြားညှပ်ပြီး ပြော တာမျိုး မလုပ်ပါနှင့်။ Hand free နားကြပ်ကို စမ်းသုံး ကြည့်ပါ။
-လေးလံတဲ့ လက်ဆွဲအိတ်များ ဆွဲခြင်းကို ရှောင်ပါ။ ကျောပိုးအိတ် ဒါမှမဟုတ်ဘီးပါလက်တွန်းသေတ္တာကိုအသုံးပြုပါ။
-မော်တော်ကားမောင်းနေစဉ် မတ်မတ်ထိုင်ပါ။ ပြိုင်ကား မောင်းသူလို လက်တန်းထားပြီး ကျောမမီချပါနှင့်။ -အိပ်တဲ့အခါ ခေါင်းအုံး ဒါမှမဟုတ် မျက်နှာ သုတ်ပဝါ တစ်ထည်ကို လည်ပင်းအောက်တွင် ခုထားပေးပါ။
-သက်သာရာရစေဖို့ ရေခဲကပ်ပေးပါ။ နာကျင်မှုကို သက်သာစေဖို့ ရေခဲကပ်ပေးပါ။ ဒါမှမဟုတ် ရေပူထည့် ထားတဲ့ ပုလင်းတစ်လုံးကို သုံးပေး နိုင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )