22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, December 3, 2011

နှလုံးရောဂါ သဘာဝကာကွယ်ဆေး


h_9_4_1
(၁) ဆေးဝါးဖြင့် ကုသခြင်း
(က) နိုက်ထရိတ် ဆေးဝါးများက နှလုံး သွေးလွှတ်ကြောများအား ကျယ်စေ ခြင်းဖြင့် နှလုံးသို့ သွေးထောက်ပံ့မှုကို များပြားစေပါသည်။ Glyceryl Trinitrate ဟုခေါ်သော ဆေးကို သင် ၏ လျှာအောက်တွင် ငုံပေးခြင်းဖြင့် ဝေဒနာ ချက်ချင်းသက်သာရာ ရစေ နိုင်ပါသည်။ ထိုဆေးပြားများကို သင်နှင့် မကွာအမြဲတမ်းဆောင်ထားပြီး ထိုဆေးများမပါဘဲ အပြင်မထွက် သင့်ပါ့။ ထိုဆေးများကို ခွန်အားစိုက် ထုတ်ရသောအလုပ် (ဥပမာ-လိင် ဆက်ဆံခြင်း) ဆောင်ရွက်မည်ဆိုလျှင် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် သောက်နိုင်သည်။
(ခ) ဘီတာဘလော့ခ်ကာ (Beta Blocker) ၊ ကယ်လ်စီယမ်လမ်း ကြောင်း ပိတ်ပေးသော ဆေးများ သို့မဟုတ် ပိုတက်စီယမ်လမ်းကြောင်း ပိတ်ပေးသောဆေးများက နှလုံးခုန် နှုန်းနှေးစေခြင်း၊ နှလုံး၏ အောက်စီဂျင် လိုအပ်မှုကို လျော့စေခြင်း၊ သင့်နှလုံး၏ အလုပ်ပမာဏကို လျှော့ချပေးခြင်းတို့ ပြုလုပ်ပေးပါသည်။ ဘေးထွက်ဆိုးကျိုးသိပ်မရှိပါ။ သို့သော် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သည်။ ထို့ကြောင့် သင်ကြုံ တွေ့ရမှု ကို ဆရာဝန်အား ပြောပြပြီး ဆေးပြောင်းနိုင်သည်။
(၂) ခွဲစိတ်ကုသခြင်း
(က) နှလုံးသွေးကြောချဲ့ခြင်း(Coronary Angioplasty) ခြင်းဖြင့် နှလုံးသို့ ပို့ပေးသော သွေး စီးဆင်းမှု ပိုကောင်းလာနိုင်သည်။ ဤ ကုထုံးသည် အဓိကခွဲစိတ်ကုသခြင်း မဟုတ်ပါ။ နှစ်ရက်အတွင်း ဆေးရုံမှ အိမ်သို့ ပြန်ဆင်းနိုင်သည်။
(ခ) နှလုံးသွေးကြော လမ်း ကြောင်းပြောင်းအစားထိုးခြင်း (Coronary Bypass) ကုထုံးကို ပြုလုပ်နိုင်သည်။ ကျဉ်းမြောင်းနေ သော နှလုံးသွေးလွှတ်ကြောနေရာကို ရှောင်၍ ကျော်လွှားကာ ခန္ဓာကိုယ်ရှိ အခြားသော အစိတ်အပိုင်းမှ ယူထား သော သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောတစ်ခုဖြင့် ဆက်ပေး လိုက်ခြင်းဖြစ်သည်။ များသောအား ဖြင့် ခြေသလုံးမှ သွေးပြန်ကြောကို သုံးလေ့ရှိသည်။ ဤကုထုံးသည် အဓိ က ခွဲစိတ်ခြင်းဖြစ်ပြီး ဆေးရုံတွင် တစ် ပတ်လောက် အနားယူရန် လိုသည်။
(၃) ဘဝလူနေမှု အလေ့အကျင့်များ ပြောင်းလဲခြင်း
ရင်ဘတ်အောင့်ဝေဒနာ ခံစားရ ခြင်းသည် စောစီးစွာ ပြသသော သတိပေးလက္ခဏာတစ်ရပ်ဖြစ်သည်။ နောက်တစ်ကြိမ် နှလုံးတိုက်ခိုက်ခြင်း မခံရစေရန်နှင့် သင်၏ နှလုံးအခြေ အနေ ပိုဆိုးမသွားစေရန် ကာကွယ်ဖို့ ဘဝလူနေမှုစရိုက်ကို ပြောင်းလဲရန် လိုအပ်သည်။
(က) ဆေးလိပ်ဖြတ်ပါ။
(ခ) ကိုယ်အလေးချိန်လျှော့ပါ။ နှလုံးကျန်းမာရေးနှင့် ညီညွတ် သော အစားအစာ စားပါ။အဆီထူ သော ငါး၊ လတ်ဆတ်သော ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံများ စားပါ။
(ဂ) ကာယလေ့ကျင့်ခန်းများကို တဖြည်းဖြည်း စတင်ပြုလုပ်ပါ။
(ဃ) သင်၏သွေးဖိအားကို ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် ထိန်းချုပ်ပါ။
(င) သွေးတွင်းကိုလက်စထရောလ် ပမာဏကို စောင့်ကြပ်စစ်ဆေးပါ။(5 mmol/ L အောက်တွင် ရှိခြင်းသည် အကောင်းဆုံးဖြစ်၏။)
ဖော်ပြပါ ပြောင်းလဲမှုများနှင့် ကုသမှုများကို သင်၏ဆရာဝန်ထံမှ ရယူခြင်းဖြင့် သင်၏ ပုံမှန်ဘဝကို ပြန်လည်ရရှိနိုင်မှာဖြစ်သည်။ ပုံမှန် အတိုင်း အလုပ်လုပ်ခြင်း၊ လိင်ကိစ္စ ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ် သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )