ထာဝရဘုရားသခင်က လူကိုဖန်းဆင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူနှင့်အတူထာဝရပျော်ရွှင်ငြိမ်းချမ်းစွာ နေရဖြစ်သည်။ထို့ြေံကာင့် အလှပဆုံး ဧဒင်ဥယျာဉ်ပန်းခင်းထဲတွင် နေရာချထားပေးခြင်းဖြစ်သည်။သို့သော် ဘုရားထားသည့် နေရာတွင် လူ (အာဒံ)မရှိတော့ပါ။သူခိုး (စာတန်) အခိုးခံရခြင်းဖြစ်သည်။သူခိုး (စာတန်) ၏ပြန်ပေးဆွဲခြင်းခံရပြီး ဘုရားထားခဲ့သည့်နေရာမှ ပျောက်သွားသည်။မရှိတော့ပါ....
ထာဝရအရှင်ဘုရားသခင်သည် အနန္တမေတ္တာတော်ရှင်ဖြစ်တော်မူသည့် အတိုင်း ပျောက်ဆုံးသွားသောလူသားကို လိုက်ရှာပြီးကယ်တင်ဖို့ ရှေးမဆွကတည်းက အကြံအစည်ရှိခဲ့ပါသည်။ထိုအကြံအစည်တော်သည် လွန်ခဲ့သည့် နှစ် ၂၀၀၀ ကျော်ကပြီးပြည့်စုံလာခဲ့ပါသည်။ ခရစ္စ မတ်ချိန်ခါသမယ အေးစက်လှသော ဆောင်းညတစ်ညတွင် ရွာဇနဗုဒ်ကလေး ဗက်လင်မြို့တွင် လူပျောက်လိုက်ရှာမည့် ဘုရားသခင်စေ လွှတ်တော်မူသော သခင်ယေရှုသည် ဘုရားသားတော်ဖြစ်ပါလျက် အယုတ်ညံ့ဆုံးနွားစားခွက်ငယ်တွင် နှိမ့်ချစွာမွေးဖွားလာခဲ့ပါသည်။
မိမိဆွေ... မိမိသည် ပျေက်နေမှန်း၊လမ်းမှားနေမှန်း သိပါက လမ်းမှန်ဖြစ်သော ထိုသခင်ယေရှုကို ယုံကြည်လက်ခံခြင်းအားဖြင့် ဘုရား သားဖြစ်ခွင့်ရမည်ဖြစ်ပါသည်။ဘုရားသားဖြစ်သောသူ တိုင်း အစကဘုရားရှိစေခြင်သည့် ထာရငြိမ်းချမ်းပျော်ရွှင်သည့် ထာဝရအသက် ကိုရရှိပါသည်။
မိတ်ဆွေ.... ယခုပင် သင့်ကိုရှာနေသော ထိုသခင်ယေရှုနှင့်အတွေ့ခံလိုက်ပါ.... သင်ဝန်လေးနေပါသလား။ပင်ပန်းနေပါသလား.. ယေရှုက.. ၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြလော့။ငါသည် ချမ်းသာပေးမည်ဟု ခေါ်ဖိတ်လျက်ရှိနေပါသည်။
မိတ်ဆွေ ယခုပင်ပြေးတွေ့လိုက်ပါ.... သင့်ကိုလက်ကမ်းလျက်ကြိုနေဆဲပါ....
အယောက်တိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေသော.................

ထို့ကြောင့် ( ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည်အဘယ်မှာရှိသနည်းဟု လူကိုခေါ်တော်မူ၏- က၊၃း၉)ထိုနေ့မှစ၍ လူသည်သူခိုး (စာတန်)၏ချူပ်နှောင်းမှု့အောက်တွင်အသက်ရှင်ခဲ့ရသည်။အခိုးခံခဲ့ရသည့် လူအာဒံမှဆင်းသက်လာသော ကမ္ဘာ လူသားအားလုံးသည်လည်း စာတန်၏ချူပ်နှောင်မှု့အောက်တွင် ရောက်ကြရပြီး ဘုရားထံမှလုံးဝပျောက်နေသူများပင်ဖြစ်သည်။စာတန်၏ ချူပ်နှောင်မှု့အောက်တွင်ရှိနေရကား စာတန်ခိုင်းသည့်အလုပ်ကိုသာလုပ်ကြရသည်။ထို့ကြောင့် စာတန်၏လမ်းဆုံးရာတည်းဟူသော ထာဝရ ပျက်စီးရာ မီးငရဲ၌လမ်းဆုံးရကြမည်ဖြစ်သည်။
ထာဝရအရှင်ဘုရားသခင်သည် အနန္တမေတ္တာတော်ရှင်ဖြစ်တော်မူသည့် အတိုင်း ပျောက်ဆုံးသွားသောလူသားကို လိုက်ရှာပြီးကယ်တင်ဖို့ ရှေးမဆွကတည်းက အကြံအစည်ရှိခဲ့ပါသည်။ထိုအကြံအစည်တော်သည် လွန်ခဲ့သည့် နှစ် ၂၀၀၀ ကျော်ကပြီးပြည့်စုံလာခဲ့ပါသည်။ ခရစ္စ မတ်ချိန်ခါသမယ အေးစက်လှသော ဆောင်းညတစ်ညတွင် ရွာဇနဗုဒ်ကလေး ဗက်လင်မြို့တွင် လူပျောက်လိုက်ရှာမည့် ဘုရားသခင်စေ လွှတ်တော်မူသော သခင်ယေရှုသည် ဘုရားသားတော်ဖြစ်ပါလျက် အယုတ်ညံ့ဆုံးနွားစားခွက်ငယ်တွင် နှိမ့်ချစွာမွေးဖွားလာခဲ့ပါသည်။
(လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း ဟု ဇက္ခဲကိုမိန့်တော်မူ၏- လု၊၁၉း၁၀)မိတ်ဆွေ လူသားအားလုံးသည် စာတန်၏အုပ်စိုးမှု့အောက်တွင်ရောက်နေကြရပြီး လမ်းပျောက်နေကြသူများပင်ဖြစ်သည်။ယနေ့ဖွားမြင် တော်မူသောအရှင်ယေရှုသည် ပျောက်နေသော ကျွန်ပ်တို့အားရှာဖွေပြီး အသက်နှင့်ရွေးနှုတ်ကယ်တင်ရန်ကြွလာခြင်းပင်ဖြစ်သည်။ ထိုသခင်ယေရှုသည် အသက်အတွက်အသက်ကိုစတေးကာ သဂြိုလ်ပြီးသုံးရက်မြောက်နေ့တွင် သေခြင်းမာန်ကိုအောင်မြင်လျက် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သည်။လောကီလူသားများအပြစ်၏အခ သေရမည့်အစား ခရစ်တော်သည် အသေခံခဲ့ခြင်းဖြစ်ပါသည်။ထိုအ ရှင်သည် အပ္ပါယ်(ငရဲ) တံခါးကို ပိတ်ပြီး ကောင်းကင်တံခါးကိုဖွင့်ပေးခဲ့ပြီဖြစ်ပါသည်။
ထို့ကြောင့် ယေရှုက " ငါသည်လမ်းခရီးဖြစ်၏၊အသက်လည်းဖြစ်၏ '' ဟုပြောပါသည်။ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော် မူ၏. ယော ၁း၁၂)
မိမိဆွေ... မိမိသည် ပျေက်နေမှန်း၊လမ်းမှားနေမှန်း သိပါက လမ်းမှန်ဖြစ်သော ထိုသခင်ယေရှုကို ယုံကြည်လက်ခံခြင်းအားဖြင့် ဘုရား သားဖြစ်ခွင့်ရမည်ဖြစ်ပါသည်။ဘုရားသားဖြစ်သောသူ တိုင်း အစကဘုရားရှိစေခြင်သည့် ထာရငြိမ်းချမ်းပျော်ရွှင်သည့် ထာဝရအသက် ကိုရရှိပါသည်။
မိတ်ဆွေ.... ယခုပင် သင့်ကိုရှာနေသော ထိုသခင်ယေရှုနှင့်အတွေ့ခံလိုက်ပါ.... သင်ဝန်လေးနေပါသလား။ပင်ပန်းနေပါသလား.. ယေရှုက.. ၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြလော့။ငါသည် ချမ်းသာပေးမည်ဟု ခေါ်ဖိတ်လျက်ရှိနေပါသည်။
မိတ်ဆွေ ယခုပင်ပြေးတွေ့လိုက်ပါ.... သင့်ကိုလက်ကမ်းလျက်ကြိုနေဆဲပါ....
အယောက်တိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေသော.................
3:03 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com