22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, December 14, 2011

Gmail သတိပေးခြင်း

သူများတင်ပြီးသားပိုစ့်လေးဖြစ်နေရင်လည်းတောင်းပန်ပါတယ်
ကျွန်တော်ကတော့
internet ဆိုင်မှာလုပ်တော့ခဏခဏတွေ့ကြုံနေရတဲ့Gmailအကြောင်းပြောချင်ပါတယ်။
ဆိုင်မှာလာကြတဲ့ Customer တွေကျွန်တော့ကိုခဏခဏလာကြည့်ခိုင်းတယ်ဗျာ။
ကျွန်တော်လည်းသွားကြည့်ပေးရတာနေ့တိုင်းလိုလိုပါပဲ ကျွန်တော်ကြည့်ပေးတိုင်း
၎င်းတို့ဖြစ်တဲ့ပြဿနာကGmail ပြဿနာပဲဖြစ်နေတတ်တယ်ဗျာ
အခုနောက်ပိုင်းမှာ Gmail ကတော်ကြာဖုန်းနံပါတ်တောင်းလိုက် password တွေမှားလိုက်နဲ့စုံနေတာပါပဲ
အဲဒီတော့ကျွန်တော်တို့ Gmail သုံးသူတွေအနေနဲ့ ကြိုတင်ကာကွယ်ဖို့လိုအပ်နေပြီဖြစ်ကြောင်းသတိပေးလိုက်ပါတယ်
ကာကွယ်နည်းတွေအမျိုးရှိပါတယ် ကျွန်တော်ပြောချင်တာကတော့ မိမိ သုံနေတဲGmailသုံးလို့ရနေချိန်မှာ
အထဲမှာရှိတဲ့ ကိုယ့်ရဲ့ အချက်လက်တွေကိုပြောင်းထားသင့်ကြောင်း အကြံပေးလိုပါတယ်။
ကျွန်တော်တို့အကောင့်ဖွင့်ချိန်မှာ Gmail နေတောင်းတဲ့ Recovering mail ဆိုပြီးတောင်းလေ့ရှိပါတယ်
အားလုံးလဲသိကျပါတယ် ဒါပေမယ့်ကိုယ်တိုင်ဖွင့်ထားတာမဟုတ်တဲ့သူတစ်ယောက်အနေနဲ့ ကျတော့မသိဘူးပေါ့
အဲဒီ Recovering mail လေးဟာ password ယူတဲ့အခါမှာအရမ်းအသုံးဝင်ပြီး ဒီမေးလ် ကိုသိချင်းအားဖြင့်
လွယ်ကူစွာပြန်လည်ရရှိနိုင်ပါတယ် ဒါကြာင့်ဒီမေးလ်ကိုသွားရောက်ပြီးချိန်းထားသင့်ပါတယ်။
နောက်တစ်ကလည်း ထို့နည်းတူပါပဲ အကောင့်ဖွင့်တဲ့အခါမှာ Phone No. ဆိုပြီးတောင်းပါသေးတယ်။
ဒါလေးကကျတော့ တစ်ခါတစ်ရံ Gmail တော့ဖွင့်မလိုနဲ့ ပြီးလဲပြီးရော  your Phone No, ဆိုတောင်းနေတတ်ပါတယ်။
ဒါကြောင့် ဒါလေးကိုလဲ သွားရာက်ပြီး ချိန်းထားသင့်ပါတယ်လို့အကြံပေးလိုပါတယ်ခင်ဗျား
တစ်ချို့တွေဆိုရင်အကောင့်ဖြစ်မှခေါ်ကျတယ်
ဟိုလူလာပါအုံး ဒီလူလာပါအုံးနဲ့ ဒါပေမဲ့ အဲဒီအချက်လက်တွေလဲမေးရော ဘာမှမသိဘူးဖြစ်နေတာများပါတယ်
လုပ်ပေးတဲ့သူကလည်း အကာင့်ဟတ် တဲ့သူကလွဲပြီး အဲဒီအချက်လက်တွေမသိရင် လုပ်မပေးတတ်ပါဘူး
ကျွန်တော်လိုလူမျိုးနဲ့တွေ့ရင်ပေါ့ ဟိဟိ ကိုယ့်ဂုဏ်ကိုယ်ဖော်နေပြန်ပြီ ကဲအချက်ကတော့ နှစ်ချက်ပဲ စာကအများကြီးပဲဗျာ
ဒီလောက်ပါပဲ
အော် တစ်ခုသတိပေးအုံးမယ် ဒီအချက်လေးနှစ်ချက်က ကိုယ်ပဲသိရမှာနော်
ဆိုင်တွေထိုင်ရင်လဲကိုယ့်အကောင့်တွေပြန်ထွက်ဖို့မမေ့နဲ့အုံးနော်.....
ကျွန်တော့် ဆိုင်မှာခဏခဏပဲ အလှုလုပ်နေသလိုပဲ ကျွန်တော် ပို့စ်လည်းမတင်ဘူးပါဘူး ဒါပထမဦးဆုံး ဖြစ်လို့ မှားတာရှိရင်ခွင့်လွတ်ပေးကြပါ
အားလုံးကျေးဇူးပါ.                                                                                         
ဒီအကြောင်းရာကိုတင်ပြီးသားရှိရင်လည်း
ပယ်ဖျက်နိုင်ပါတယ်
                                                  ဘုရားရှင်ကောင်းကြီးပေးပါစေ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )