22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, December 16, 2011

နာခံခြင်း၏ကောင်းကြီးမင်္ဂလာ

နားထောင်ခြင်းနှင့်နာခံခြင်း ယနေ့ခေတ်တွင် နည်းပညာများအရမ်းတိုးတက်မြင့်မားလာသည်နှင့်အမျှ တရားဟောချက်များ၊ဓမ္မ သီချင်းများကို ဇိမ်ကျကျထိုင်လျက် Online,TV ဖန်သားပေါ်တွင်ကြိုက်သည့် တရားဟောချက်များနားထောင်၍ ရသည့်ခေတ်ဖြစ်သည်။ဘုရားကျောင်းမသွားနိုင်ပါကလည်း အားသည့်အချိန်တွင် မိမိကြိုက်သည် တရားဒေသ နာများနားထောင်နိုင်ပါသည်။မည်မျှအဆင်ပြေပါသနည်း။သို့သော် ထိုတရားဟောချက်များကို နားထောင် ကောင်းလို့နားထောင်ရုံနှင့်ပြီးသွားသည် မှာသိပ်ဝမ်းနည်းစရာကောင်းပါသည်။ တရားဟောချက်များမည်မျှနားထောင်ရသော်လည်း ထိုနှုတ်ကပတ်တော်အတိုင်းအသက်တာတွင် လက်တွေ့နာခံလုပ်ဆောင်ခြင်းမရှိသောကြောင့် ယုံကြည်သူများသည် အပတ်တိုင်း ဘုရားကျောင်းသွား၊ ကျမ်းစာဖတ်၊ ဆုတောင်းနေကြသော်လည်း ရှုံးနိမ့်နေကြရသည်။

ယာကုပ်၊၁း၂၂ တွင် ကိုယ့်ကိုယ်လှည့်ဖြား၍၊နှုတ်ကပတ်တော်ကိုနာရုံမျှသာပြုသောသူမဟုတ်၊တရားကို ကျင့်သောသူဖြစ်ကြလော့။

လု၊၅ တွင်သခင်ယေရှုသည် ပရိတ်သတ်ကြီးအားတရားဟောပါသည်။ထိုတရားတော်နားထောင်သူများထဲတွင် ပေတရုလည်းအပါအ၀င်ဖြစ်သည်။သခင်ယေရှုက စကားတော် (တရားဟော) ပြတ်သောအခါ ပေတရုအား ရေနက်ရာအရပ်သို့ရွှေ့ပြီးပိုက်ကွန်ကိုချလိုက်ပါ။ငါးတွေကို အုပ်ပါလို့ပြောသောအခါ ပေတရုက ကိုယ်တော် တစ်ညလုံးကြိုးစားရှာပြီးပြီတစ်ကောင်မျှမရပါ ... သို့သော် ကိုယ်တော်အမိန့်ရှိလျှင် ချပါမည်ဟု ၀န်ခံလျက်လက် တွေ့ပိုက်ကွန်ချသောအခါ ညကတစ်ညလုံးကြိုးစားပြီးရှာမရသည့်နေရာတွင် နေ့ခင်းကြောင်တောင်ကြီးတွင် ငါး များစွာရသည်ကိုတွေ့ရသည်။ပေတရုကမလုပ်ချင်တော့ပါ။မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာပါ။ ဒါပေမဲ့ခရစ်တော်ပြော သည့်အတွက် မလုပ်ချင်ပါလျက်နဲ့ " ကိုယ်တော်အမိန့်တော်ရှိလျှင်၊ချပါမည်'' ဟုနာခံလျက်လက်တွေ့လုပ် ဆောင်ပါသည်။ ထိုနည်းသူ ကျွန်ပ်တို့အသက်တာတွင်လည်း မဖြစ်နိုင်ဘူးလို့ထင်နေသည့်အချိန်တွင် ကိုယ်တော်စကား ကိုကြားရပါက လက်တွေ့လုပ်ဆောင်ဖို့လိုပါသည်။နှုတ်ကပတ်တော်ကပြောလျှင် အားလုံးဖြစ်ပါသည်။

တစ်ခါက ဒါဝိဒ်မင်းကြီးက ဗိမာန်တော်ကိုတည်ဆောက်ချင်သော်လည်း ဘုရားသခင်ကဆောက်ခွင့်မပေးပါ။ သားတော်ရှောလုမုန်ကသာဆောက်ရပါသည်။ဒါဝိဒ်က ဆောက်နိုင်ပါလျက်နဲ့ ဘုရားမလုပ်ခိုင်းသည့်အတွက် နာခံပြီးမဆောက်ဘဲ သားတော်ရှောလမုန်ကတည်ဆောက်ခဲ့ပါသည်။သို့သော် မှတ်တမ်းတင်ခံရသူမှာ ဒါဝိဒ်ပင် ဖြစ်သည်။ထိုနည်းတူ ကျွန်ပ်တို့သည်လည်း ဘုရားလုပ်ငန်းအတွက်ဖြစ်စေ၊မည်သည့်အရာဖြစ်စေ လုပ်နိုင်သည့် အစွမ်းအစရှိသော်လည်း ကိုယ်တော်မခိုင်းပါက မလုပ်မိဖို့အရေးကြီးပါသည်။

ယုံကြည်သူအသက်တာတွင် နှုတ်ကပတ်တော်ကိုနားထောင်ရုံနှင့်မပြီးပါ။အသက်တာတွင်လက်တွေ့ ကျင့်သုံးဖို့လိုပါသည်။တရားဟောနားထောင်ကောင်းလို့ ခေါင်းတစ်ညိတ်ညိတ်နဲ့ဘယ်လောက်ဘဲထောက်ခံ ထောက်ခံ၊အရမ်းခွန်အားရတာဘဲ ပြောပြော ကြားရသည့်နှုတ်ကပတ်စကားတော်အတိုင်း အသက်တာတွင် လက်တွေ့လုပ်ဆောင်ခြင်းမရှိပါက အကျိုးမရှိပါ။ စစ်မှန်သောနာခံခြင်းဆိုသည်မှာ လုပ်ချင်သည်ဖြစ်စေ၊မလုပ်ချင်သည်ဖြစ်စေ ကြားရသည့်နှုတ်ကပတ် တော်အတိုင်းလက်တွေ့လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

မိတ်ဆွေ.... ပေတရုက မလုပ်ချင်သော်လည်း ကိုယ်တော်အမိန့်တော်ရှိသောကြောင့် လုပ်သောအခါ အံ့သြဖွယ်မြင်တွေ့ရပါသည်။ဒါဝိဒ်က ဘုရားသခင်၏ဗိမာန်တော်ကိုတည်ဆောက်ချင်သော်လည်း ကိုယ်တော် မခိုင်းသောကြောင့် မဆောက်ဘဲနာခံသောကြောင့်မှတ်တမ်းတင်ခြင်းခံရပါသည်။

မိတ်ဆွေ.... တရားဟောချက်များကို နားထောင်ရုံမျှနှင့်သင့်အသက်တာမှာ ထူးခြားမှု့၊ကောင်းကြီးမင်္ဂလာဖြစ် လာမည် မဟုတ်ချေ။သင်ကြားရသော နှုတ်ကပတ်တော်အတိုင်းလက်တွေ့လုပ်ဆောင်ဖို့လိုပါသည်။ သင်နားထောင်သည့် တရားဟောချက်က ဆုတောင်းခြင်းအကြောင်းဖြစ်လျှင်၊လက်တွေ့ဆုတောင်းပါ။ ပေးကမ်း ခြင်းအကြောင်းဖြစ်လျှင် လက်တွေ့ပေးကမ်းပါ။

တရားတော်ကို နားထောင်သောသူထက် နာခံလိုက်လျှောက်သောသူဖြစ်နိုင်ကြပါစေ..... သင်ကြားရသောနှုတ်ကပတ်တော်အတိုင်း လက်တွေ့အသက်ရှင်ပါက ကောင်းကြီးဖြစ်မည်။

အယောက်တိုင်း ယနေ့မှစ၍ နာခံခြင်းဖြင့်လက်တွေ့လုပ်ဆောင်သောသူများဖြစ်နိုင်ကြပါစေဟု မေတ္တာဖြင့်ဝေငှပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )