22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, December 18, 2011

ပုရစ် ကြော်စားခြင်း မှတစ်ဆင့် အီကိုလိုင်းပိုး ကူးစက်နိုင်


ပဲပင်ပေါက် သာမက ပုရစ်ကြော် စားသုံးခြင်း ဖြင့်လည်း အီကိုလိုင်းပိုး ကူးစက် နိုင်ကြောင်း ကိုယ်တွေ့ ကြုံတွေ့ ခဲ့ရသည့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း က ပြောသည်။ မန္တလေးမှာ ပုရစ်ကြော်တွေ စားပြီး ဒီရောဂါဖြစ်ခဲ့တာ၊ စဖြစ်တုန်း က ဘာရောဂါမှန်းမသိဘူး၊ ဝမ်းအရည်တွေသွားတယ်။ ပျို့အန် တာလည်းတအားပဲ။ ဒါနဲ့ဗဟိုရ် စည်ဆေးရုံမှာတက်ဖြစ်သွားတယ်။
ဆေးရုံမှာ ၂ ရက် ၃ ရက်လောက် အထိကိုမသက်သာဘဲဆေးတွေသွင်း ခဲ့ရတယ်။ ၅ ရက်မြောက်မှာ တော်တော် ကောင်းသွားပြီး ၇ ရက် မြောက်မှာ ဆေးရုံက ဆင်းနိုင်ခဲ့ တယ်ဟု ၄င်းက အီကိုလိုင်းပိုး ခံစားခဲ့ရပုံကို ပြောပြသည်။ ၄င်းအီကို လိုင်းပိုးသည် ယခုနှစ်မေလအတွင်း ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ၅၄ ဦးအထိသေဆုံးကြောင်း၊ လူထုကျန်းမာရေးနှင့် ဆိုင်သည့်စုံစမ်း မှုများအရ ပဲပင်ပေါက် သည်ရောဂါ ဖြစ်စေသည့် အကြောင်း အရင်းဖြစ် ကြောင်း သိရသည်။
ဒီအီကို လိုင်းပိုးက ကျွဲ၊ နွား၊ ကုလားအုတ်၊ သိုးကောင်တွေကို စားတာကနေ တစ်ဆင့် လူဆီကို ရောက်တယ်။ မကျိုချက် ရသေး တဲ့နွားနို့တို့၊ ကောင်းကောင်း မချက်ပြုတ် ရသေးတဲ့ အသားတို့ကနေ လူကို ကူးစက်တာပါ။ အီကိုလိုင်းပိုး မှာရောဂါ လက္ခဏာ မပြ သေးတဲ့ အချိန်ဆိုတာ ရှိပြီး အဲဒီအချိန် အတွင်းမှာ သူများကိုလည်းကူးစက် နိုင်ပါတယ်ဟု ရောဂါ ကူးစက်ပုံ အနေအထား ကို ၄င်းကပြောသည်။
အဖြစ် များသော ရောဂါလက္ခ ဏာများမှာ ဆီးလမ်းကြောင်းပိုးဝင် ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်းနှင့် ဦးနှောက် အမြှေး ပါးရောင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။ ရောဂါ ကာကွယ်ရေး အတွက် အစားအစာပြောင်းလဲမှု တစ်ခုလုံးကို ထိန်းချုပ်ရန်လိုပြီး စီးပွားဖြစ်အစား အစာထုတ်လုပ်ခြင်း၊ မိမိအိမ် တွင် အစားအစာ ပြင်ဆင်ခြင်း များကို ပြောင်းလဲရန်လိုအပ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )