မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒါရင်ဖလက်ချာသည် ၎င်း၏ ဘောလုံးသမား ဘ၀ ရှေ့ဆက်ရေး အတွက် မျှော်လင့်ခွင့် ရှိလာပြီဟု သိရှိရသည်။
အသက်(၂၈)နှစ် ရှိနေပြီဖြစ်သော စကော့တလန် လက်ရွေးစင် အသင်း ခေါင်းဆောင်ဟောင်းသည် လာမည့်လ အစောပိုင်းတွင် အပြည့်အ၀ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ရန် မျှော်လင့်နေသည်။ ဖလက်ချာသည် အူအတွင်း ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖိစီး နှိပ်စက်သည့် ဝေဒနာကြောင့် နိုဝင်ဘာလ ကတည်းက ဘောလုံး မကစားနိုင်ဘဲ အနား ယူနေရသည်။ ၎င်းသည် အဆိုပါ ပြဿနာကြောင့် ဘောလုံးသမား ဘ၀ ဆုံးခန်း တိုင်သွားနိုင်သည်ဟု ခန့်မှန်းချက်များပင် ထွက်ပေါ် ခဲ့သော်လည်း ယခုအခါ လာမည့် ဘောလုံးရာသီ အတွက် မျှော်လင့်ခွင့် ရှိလာခဲ့သည်။
ဘောလုံး ပြန်ကစားနိုင်တော့မည့် ဖလက်ချာ
ဖလက်ချာသည် ဘောလုံး မကစားနိုင်ဘဲ အနား ယူနေရသည့် အချိန်များတွင် မန်ယူ အသင်း၏ လေ့ကျင့်ရေး ကွင်းတွင် နည်းပြ အဖွဲ့အား အကူအညီ ပေးနေခဲ့သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အစောပိုင်းက ဖလက်ချာအား ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များ အတွင်း အသင်း လူစာရင်းတွင် အမည် ထည့်သွင်းထားခြင်း မရှိခဲ့သော်လည်း ယခုအခါ ဖလက်ချာနှင့် အထူးကု ဆရာဝန်များ ဆေွးနွေးမှု အရ အားတက်စရာ သတင်းကို ကြားသိ လာရသည်။ ဖလက်ချာသည် ယခုနှစ် ရာသီအတွင်း မန်ယူအတွက် စုစုပေါင်း (၁၀)ပွဲသာ ကစားနိုင်ပြီး (၂)ဂိုး သွင်းယူ ပေးခဲ့သည်။
Ref: The Sun
ဖလက်ချာသည် အူအတွင်း ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖိစီး နှိပ်စက်သည့် ဝေဒနာကြောင့် နိုဝင်ဘာလကတည်းက ဘောလုံး မကစားနိုင်ဘဲ အနား ယူနေရ..
6:34 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com