22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ လာရောက် ဆွေးနွေးသည့် အဆင့်တွင်သာ များပြားနေပြီး အမိန့်ကြော်ငြာစာများဖြင့်သာ ရှင်းလင်းဆွေးနွေးမှုများ ပြုနေရ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် စီးပွားရေး လုပ်ငန်းရှင်များမှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများသာ များပြားနေပြီး ၀င်ရောက်ရင်းနှီး မြှုပ်နှံမှုမှာ နည်းပါးနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ပြည်ပမှစီးပွားရေးလုပ်ငန်းရှင် များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် မထွက်ရှိသေးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာများဖြင့်သာ ရှင်းလင်းဆွေးနွေးမှု ပြုနေရကြောင်း သိရှိရသည်။
“ပြည်ပက ဒီမှာလာပြီး ရင်းနှီး မြှုပ်နှံကြမယ့် သူတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေအကြောင်း မေးပါတယ်။ ဒါကလည်းအခုထိ မထွက်သေးပါဘူး။ ယေဘုယျပဲ ပြောလို့ရတယ်။ ဘာမှအာမခံချက် ပေးလို့မရဘူး။ မြေအသုံးပြုပိုင်ခွင့်အမိန့်ကြော် ငြာစာနဲ့ နိုင်ငံခြားငွေဆိုင်ရာ အမိန့်ကြော်စာနဲ့ပဲကိုးကားပြီး ရှင်းပြပေးနေ  ရပါတယ်။ မြေအသုံးပြုခွင့်နဲ့ ပတ်သက်ပြီး အရင်ကအစိုးရဆီကပဲ ငှားလို့ရတယ်။ အခုပုဂ္ဂလိကဆီက လည်း မြေငှားပြီးလုပ်ခွင့်ရတယ်ဆို တာလောက်ပဲရှင်းပြလို့ရတယ်။ ကျန်တာတွေကိုတော့ တိတိကျကျ မပြောနိုင်သေးဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထွက်လာမှပဲ ကျွန်တော်တို့ က အတိအကျ ပြောနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း လာလေ့လာတဲ့ သဘောပဲရှိပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိဘဲလုပ်ရင် အမှားအယွင်းတွေ အများကြီးဖြစ်နိုင်တဲ့အတွက် ဘယ်သူမှ စိတ်မ၀င်စားဘူး။ ကြည့်သွားတာပဲရှိတယ်။ အထူးသဖြင့် ခိုင်မာတဲ့ စီးပွားရေး အဖွဲ့အစည်းဖြစ်လေ ဥပဒေကို ပိုကြည့်လေပဲ  .  .  .
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟူ၍ပြဋ္ဌာန်း ခဲ့ပြီး လက်ရှိ အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်းနှင့် လက်ရှိအချိန်ထိ အဆိုပါဥပဒေမှာ ထုတ်ပြန်ပြဋ္ဌာန်းခြင်း မရှိသေးကြောင်း သိရသည်။
လွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကြမ်းတွင် အမည်နှင့်အဓိပ္ပာယ်ဖော် ပြချက်၊ သက်ဆိုင်သည့်စီးပွားရေး လုပ်ငန်းများ၊ အခြေခံမူများ၊ ရင်းနှီး မြှုပ်နှံမှုပုံစံ၊ ကော်မရှင်ဖွဲ့စည်းခြင်း၊  ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရင်းနှီးမြှုပ်နှံသူ၏တာဝန်နှင့် အခွင့်အရေးများ၊ ပဋိညာဉ်စာချုပ်၊ အာမခံထားရှိခြင်း၊ အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ အာမခံချက်များ၊ မြေအသုံးပြုခွင့်၊ နိုင်ငံခြားမတည်ငွေရင်း၊ နိုင်ငံခြားငွေလွှဲ ပြောင်းနိုင်ခွင့်၊ နိုင်ငံခြားငွေရေးကြေးရေးကိစ္စ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အထွေထွေစသည့် အခန်း ၁၉ ခန်း ပါဝင်ကြောင်း သိရသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး နိုင်ငံအတော်များများ လာကြတယ်။ ဒါပေမယ့် လာကြည့်တဲ့  သဘောပဲရှိသေးတယ်။ ဘာမှလုပ်လို့ မရသေးဘူး။ မြန်မာလုပ်ငန်းရှင်တွေဘက်ကလည်း ဘာမှလုပ်လို့   မရသလိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဘက်ကလည်း ဘာမှလုပ်လို့ မရ ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိဘဲလုပ်ရင် အမှားအယွင်းတွေ အများကြီးဖြစ်နိုင်တဲ့အတွက် ဘယ်သူမှ စိတ်မ၀င်စားဘူး။ ကြည့်သွားတာ ပဲရှိတယ်။ အထူးသဖြင့်ခိုင်မာတဲ့ စီးပွားရေး အဖွဲ့အစည်းဖြစ်လေ ဥပဒေ ကို ပိုကြည့်လေပဲ”ဟု မြန်မာနိုင်ငံ  ကဏန်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ က ဆိုသည်။
“ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ပြည်ပက စီးပွားရေးအဖွဲ့တွေလာရင် ဥပဒေအကြံပေးတွေ ပါတယ်။ သူတို့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ် ဆိုရင် ဥပဒေအကြံပေးတွေက ထောက်ခံချက်ပေးမှရတယ်။ သူတို့နဲ့ပါလာတဲ့ ဥပဒေအကြံပေးတွေက ဒီကရင်းနှီးမြှုပ်နှံမှုဥပဒေကို ကြည့်ပြီး မေးခွန်းတွေမေးမယ်။ မေးပြီးတော့ ဒီမှာရင်းနှီးမြှုပ်နှံဖို့ သင့်လား။ အားလုံးအဆင်ပြေရဲ့လား သုံးသပ်တယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေမရှိရင် ဘယ်သူမှ မစဉ်းစားဘူး။ သူတို့က ဥပဒေကိုပဲ ကြည့်မယ်။  ဥပဒေမှာ ဘာတွေ ကာကွယ်ပေးထားလဲ။ ဘာတွေအားသာချက်ရှိလဲ။ အကျိုးအမြတ်ရှိလဲ စတာတွေ ကြည့်ပြီးမှ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တဲ့အတွက် လောလောဆယ် ဒီမှာက အဲဒီဥပဒေ မထွက်လာသေးတဲ့အတွက် လာပြီးပြန်သွားတာပဲ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း မှ အလုပ်အမှုဆောင် တစ်ဦးကရှင်းပြခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်အဖွဲ့များကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ထုတ်ပြန်ခြင်းမရှိသေး၍ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှထုတ်ပြန်ထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် နိုင်ငံခြားငွေဆိုင်ရာ အမိန့် ကြော်ငြာစာနှင့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာ တို့ဖြင့်သာ ရှင်းလင်း ဆွေးနွေးမှု ပြုနေရကြောင်းလည်း သိရှိရပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )