22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် သဘောထား ထုတ်ပြန်ခြင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့် ထိတွေ့ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ သဘောထား ထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ အကြောင်းကြားစာ ပေးပို့
ရခိုင်ပြည်နယ်ရှိ အချို့သော ဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျှပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကြောင့် သပိတ်မှောက်ဆန္ဒပြမှုဖြစ်စဉ်များတွင် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဝင်အချို့တို့က လူထုနှင့် ထိတွေ့ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ ပါတီသဘောထား ထုတ်ပြန်ကြေညာခြင်းစသည့် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ အရ  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး။ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး။ လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး။ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေးဟူသော အချက်များကို နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားစဉ်ကပင် စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ပြုထားပြီး ဖြစ်သည်ဟု ဖော်ပြထားခဲ့သည်။
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ကို ချိုးဖောက်ခွင့် မရှိသလို နိုင်ငံရေးပါတီဝင် တစ်ဦးချင်းစီကလည်း ချိုးဖောက်မှု မရှိစေရေး ထိန်းသိမ်းကြပ်မတ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၆ ပါဝန်ခံချက် ချိုးဖောက်သူ ပါတီဝင်ကို ပါတီမှထုတ်ပယ်ခြင်း မပြုဘဲ တမင်ထိမ်ချန်ထားလျှင် ယင်းပါတီသည် ယင်းဥပဒေပုဒ်မ ၁၂(က) (၆)နှင့်ငြိစွန်းနေသဖြင့် ယင်းဥပဒေ ပုဒ်မ၁၂(ခ)အရ ယင်းပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများနှင့် ထိစပ်နေပြီး ပြည်သူအကျိုးကို ဆောင်ရွက်ရန် ဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားကြခြင်းဖြစ်၍ ပြည်သူတို့နှင့် သက်ဆိုင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ ကိစ္စများတွင် ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဖြေရှင်း ပေးခြင်း၊ သဘောထားရပ်တည်ချက် ထုတ်ဖော်ပြောကြားခြင်းတို့ကို ပြုကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အခြေခံမူဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသော ဟောပြောရေးသားမှုများ ရှိလာပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေအရ တာဝန်ရှိသည်နှင့်အညီ လိုအပ်သလို ထိန်းသိမ်းကြပ်မတ် အရေးယူသွားရမည်ဖြစ်ပါသည်ဟု ဖော်ပြပါရှိထားပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )