22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 16, 2012

အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးငယ် ၁၃ ဦးအား စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ (မြန်မာငွေ ၂၆၀,၀၀၀ ကျပ်)ဖြင့် ဆက်သွယ် ပို့ဆောင်ပေးမည့်သူကို သန်လျင်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

သန်လျင်ရဲစခန်း

အဆိုပါ အမျိုးသမီးငယ် ၁၃ ဦးအား ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ရာမှ ၎င်းအုပ်ချုပ်ရေးမှူးက မသင်္ကာသဖြင့် မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။


FMI CITY လှိုင်သာယာမြို့နယ်နေသူ မအေးအေးချို၏ ဆက်သွယ်မှုဖြင့် အဆိုပါ အမျိုးသမီးငယ်များ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိခင် ဒေါ်ကြည်ဌေးက နေအိမ်တွင် လက်ခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှတ်တမ်းများအရ သိရသည်။


ယင်းကိစ္စအား လူကုန်ကူးအထူးအဖွဲ့မှ ရဲအုပ်ဌေးအောင်က သြဂုတ် ၉ ရက်တွင် ဆက်လက်စစ်ဆေးခဲ့ရာ မစန္ဒာလွင်(ကောင်းခန့်ဟိန်း အထွေထွေအကျိုးဆောင်လုပ်ငန်း၏ မန်နေဂျာ)နှင့် တစ်ဦးက စင်ကာပူနိုင်ငံ၌ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန် သုံးသုတ်ခွဲကာ ပေးပို့မည်ဖြစ်ပြီး မအေးအေးချိုက အိမ်အကူလုပ်ငန်းအတွက် အဆိုပါ အမျိုးသမီးငယ်များအား သင်ကြားပေးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။


မစန္ဒာလွင်ပါ လေးဦးအား အရေးယူပေးရန် ရဲအုပ်ဌေးအောင်က တရားလိုပြုလုပ် တိုင်တန်းမှုကို သန်လျင်ရဲစခန်းက (ပ) ၉၉၁/ ၁၂၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ-၂၆ ဖြင့် သြဂုတ် ၉ ရက်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်ထွန်းထွန်းဝေက တရားခံများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းထံမှသိရသည်။


ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်သည့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် လူတင်ပို့ခွင့် မှတ်ပုံတင်ရပြီး မှတ်ပုံတင်မရှိသည့် ကုမ္ပဏီများအား နိုင်ငံတော်အစိုးရက ပြည်ပအက်ဥပဒေပုဒ်မ ၂၆ (အထူးနှင့်အထွေထွေ)ဖြင့် ဖမ်းဆီးနိုင်သည်ဟု တရားဝင် ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
 
The voice weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )