22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

လွှတ်တော်တွင် တိုင်းရင်းသားကိစ္စများကို ကော်မတီအနေဖြင့်သာ တင်ပြသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောကြား

လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တိုင်းရင်းသားကိစ္စများကို တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအနေဖြင့်သာ တင်ပြသွားမည်ဟု စည်းလုံးညီညွတ်ရေးနှင့် ဒီမို ကရေစီပါတီ(ကချင်ပြည်နယ်)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါသည်။

''ကျွန်မတို့ ပါတီကိုယ်စားပြု အနေနဲ့ မေးခွန်းတွေ၊ အဆိုတွေကို တင်သွားမှာ မဟုတ်ပါဘူး။  ပြီးခဲ့တဲ့ လတွေက တိုင်းရင်းသားရေးရာ၊ အုပ်ချုပ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လေ့လာရေး ဆင်းထားတာတွေ ရှိတယ်။ ဘယ်လိုကိစ္စမျိုးတွေ တင်မလဲဆိုတာတော့ ဇူလိုင် ၁ ရက်နေ့မှာ လုပ်မယ့် အစည်းအဝေးကျမှ ဆုံးဖြတ်သွားမယ်။ အမျိုးသားလွှတ်တော်ရော ပြည်သူ့လွှတ်တော်မှာပါ တင်သွားမယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါသည်။

ယခုတင်ပြမည့် အကြောင်းအရာများမှာ ကော်မတီအနေဖြင့်သာ တင်ပြသွားမည်ဖြစ်ခြင်းကြောင့် ကြိုတင်စရာမလိုဘဲ လွှတ်တော်ဥက္ကဋ္ဌနှင့် ၀န်ကြီးဌာနများမှ ခွင့်ပြုချက်ရပါက တင်ပြနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆက်လက်ပြောပါသည်။စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)သည် တိုင်းရင်းသားပါတီတစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ်ဒွဲဘူ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးခက်ထိန်နန်တို့ အဆိုပါပါတီမှ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )