22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ဘယ်မောင်းအမျိုးအစား ကားများကိုသာ တင်သွင်းခွင့်ပြုသွားမည့် အဆိုကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေ

ဘယ်မောင်းကား အမျိုးအစားများကိုသာ နောက်ပိုင်းတွင် တင်သွင်းခွင့်ပြုရန် သတ်မှတ်ပေးသင့်သည့်အဆိုကို လွှတ်တော်သို့ တင်သွင်းရန်စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ကားအရောင်းပြခန်း လုပ်ငန်းရှင်အချို့နှင့် ကညနတာ ၀န်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကားအရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးမှ မြန်မာနိုင်ငံသို့ ကားတင်သွင်းရာတွင် ဘယ်မောင်းကား အမျိုးအစားကိုသာ တင်သွင်းခွင့်ပြုမည့် အဆိုကို လွှတ်တော်သို့တင်ပြရန် စီစဉ်ထားသည်ဟု ဦးဆောင်ပြောကြားခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်အပေါ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကညနမှ တာဝန်ရှိသူများကလည်း အတည်ပြု ထောက်ခံခဲ့ကြောင်းလည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
''ဆွေးနွေးပွဲကို ကညန တာဝန်ရှိသူအချို့နဲ့ ကားအရောင်းပြခန်း လုပ်ငန်းရှင်အချို့ တက်ရောက်တယ်။ ဒီပွဲကို အဓိကစီစဉ်တာကတော့ ကားအရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက ကညန တာဝန်ရှိသူတွေကိုပါ ဖိတ်ကြားပြီး အစီအစဉ် ချပြတာလို့ မြင်ပါတယ်။ ကားအရောင်းပြခန်း လုပ် ငန်းရှင်အားလုံးက ဒီလိုလုပ်မယ်လို့ သဘောတူညီလုပ်တာ မဟုတ်ဘူးဆိုတာတော့ အရင်ပြောထား ချင်ပါတယ်။ ဆွေးနွေးပွဲမှာ ကားသွင်းတဲ့အခါ အားလုံးဘယ်မောင်းပဲသွင်းပြီး အသုံးပြုဖို့၊ မြန်မာနိုင်ငံရဲ့ လမ်းစနစ်နဲ့ ဘယ်မောင်းက အဆင်ပြေတယ်ဆိုတာတွေကို လွှတ်တော်ကို တင်မယ်လို့ ပြောပါတယ်။ ကညနက တာဝန်ရှိတဲ့သူတွေကလည်း ဟုတ်ပါတယ်လို့ ထောက်ခံပြောကြားခဲ့တယ်။ အဲဒီအတွက် ဘယ်မောင်းကိုပဲ သွင်းဖို့အတွက် သတ်မှတ်ပေးဖို့ အစီအစဉ်ကို လွှတ်တော်ကို တင်မယ်ဆိုတာကတော့ သေချာသွားတာပေါ့''ဟု အဆိုပါဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ကားအရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

လွှတ်တော်ကိုတင်တဲ့အခါ လုပ်သင့်တယ်ဆိုရင် အားလုံး ထောက်ခံလုပ်လိမ့်မယ်။ မလုပ်သင့်ရင် မလုပ်ဘဲနေလိမ့်မယ်။ ကိုယ်လုပ်ချင်ရာလုပ်တဲ့ မူဝါဒနဲ့တော့ ပိုသာသွားမှာပါ။ တကယ်ဆို လွှတ်တော်ရှိရဲ့နဲ့ အရင်က မူဝါဒကို ကိုယ့်လုပ်ပိုင်ခွင့်တွေသုံးပြီး ခဏခဏပြောင်းခဲ့လို့ ဒုက္ခဖြစ်ရတဲ့သူတွေအနေနဲ့ လွှတ်တော်ကိုတောင် ဒီကိစ္စပြန်တင်သင့်တယ်  .  .  .
အများပြည်သူနှင့် သက်ဆိုင်သည့် ကဏ္ဍများအပေါ် မူဝါဒချမှတ်ရာတွင် လွှတ်တော်ရှိနှင့်ပြီးဖြစ်သည့်အတွက် လက်ခံနိုင်သည့် မူဝါဒဖြစ်စေ၊ လက်မခံသည့် မူဝါဒဖြစ်စေ လွှတ်တော်သို့ တင်သွင်းကာ အများဆန္ဒအရ  အတည်ပြုလုပ်ကိုင်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ် ကြောင်း၊ လွှတ်တော်သို့ တင်ပြခြင်း မရှိ၊ အများနှင့်ကိုက်ညီသည့် မူဝါဒ ဟုတ်၊ မဟုတ် ဝေဖန်ပိုင်းခြားမှုမရှိဘဲ မိမိသဘောဆန္ဒဖြင့် လုပ်ပိုင်ခွင့်အသုံးချကာ မူဝါဒ ချမှတ်ခြင်းမျိုးမှာမူ မှားယွင်းသည့် လမ်းကြောင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ကားအရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက ''အခုဘယ်မောင်းပဲ သွင်းမယ့်ကိစ္စ လွှတ်တော်ကို တင်ပြဆွေးနွေး အတည်ပြုမယ်ဆိုတာ ကောင်းတယ်။ အများဆန္ဒအရ လက်ခံနိုင်ရင်၊ နိုင်ငံအတွက် ကောင်းမယ်ဆိုရင် လုပ်လိုက်ရုံပဲ။ မကောင်းရင် အတည်မပြုဘူး။ ဒီမူဝါဒကို မသုံးဘူး။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ အခု ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပွင့်ပွင့်လင်းလင်း ဒါလုပ်မယ်ဆိုတာကို ထုတ်ပြောထားတာ ကောင်းပါတယ်။ အရင်မူဝါဒတွေ တုန်းကတော့ စီးပွားကူးသန်းဦးဆောင်ပြီး လုပ်ခဲ့ပေမယ့် အခုလိုလည်း ချမပြဘူး။ အသိလည်း မပေးဘူး။ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့ မူဝါဒတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းလို့ ကားဟောင်းပိုင်ရှင်တွေရော၊ မူဝါဒအပေါ် ယုံကြည်ပြီး လုပ်ငန်းသုံးကား အများအပြားဝယ်ပြီး အသုံးပြုခဲ့တဲ့လူတွေရော အကုန် ဒုက္ခရောက်ခဲ့ပြီ။ အခုဘယ်မောင်း အစီအစဉ်ကို ရှင်းပြတဲ့ကားလုပ်ငန်းရှင်က ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ လမ်းစနစ်ကို ပြင်စရာမလိုဘူး။ ကားတွေကိုပဲ ဘယ်မောင်းပြောင်းသုံးပေါ့လို့ ပြောခဲ့တယ်။ လမ်းစနစ်နဲ့ ကား ဘယ်ဟာ ပြင်ရမယ်ဆိုတာ မြန်မာနိုင်ငံမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေ အများကြီးပါ။ လွှတ်တော်ကိုတင်တဲ့အခါ လုပ်သင့်တယ်ဆိုရင် အားလုံး ထောက်ခံ လုပ်လိမ့်မယ်။ မလုပ်သင့်ရင် မလုပ်ဘဲနေလိမ့်မယ်။ ကိုယ်လုပ်ချင်ရာလုပ်တဲ့ မူဝါဒနဲ့တော့ ပိုသာသွားမှာပါ။ တကယ်ဆို လွှတ်တော်ရှိရဲ့နဲ့ အရင်ကမူဝါဒကို ကိုယ့်လုပ်ပိုင်ခွင့်သုံးပြီး ခဏခဏပြောင်းခဲ့လို့ ဒုက္ခဖြစ်ရတဲ့သူတွေအနေနဲ့ လွှတ်တော်ကိုတောင် ဒီကိစ္စ ပြန်တင်သင့်တယ်''ဟုလည်း သုံးသပ်ခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )