22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

တရားမ၀င် ငါးဖမ်းဆီးသည့်အတွက် ဖမ်းဆီးထားသော ငါးများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်

မြန်မာ့ပိုင်နက်ပင်လယ်ပြင်အတွင်း  ပြည်ပနိုင်ငံများမှ တရားမ၀င် ၀င်ရောက်ငါးဖမ်းဆီးသည့်အတွက် ဖမ်းဆီးထားသော ကျူနာငါးဖမ်းရေယာဉ်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူးထံမှ သတင်းရရှိသည်။
''ဒီငါးဖမ်းရေယာဉ်တွေက ကျူနာဖမ်းတာဖြစ်ပါတယ်။ အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချဖို့ လျှောက်လွှာဝယ်ယူနိုင်ပါတယ်။ ဒီငါးဖမ်းရေယာဉ်တွေကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုနိုင်ပါတယ်''ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးအောင်က ပြောကြားခဲ့သည်။ 
တင်ဒါစနစ်ဖြင့်ရောင်းချမည့် ငါးဖမ်းရေယာဉ်များမှာ လွန်ခဲ့သည့်  နှစ်နှစ်ခန့်က မြန်မာ့ပင်လယ်ပြင်တွင် ပြည်ပနိုင်ငံများက တရားမ၀င် ၀င်လာရောက်ပြီး ငါးဖမ်းဆီးသည့်အတွက် တပ်မတော်(ရေ)မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငါးများတန်းစနစ်ဖြင့် ကျူနာ (Tuna) ငါးများကိုဖမ်းဆီးသည့် ငါးဖမ်းရေယာဉ်များဖြစ်ကြောင်း သိရသည်။ အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချမည့် ငါးဖမ်းရေယာဉ်အရေအတွက်မှာ ၁၀ စင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းရေယာဉ်များကို ၀ယ်ယူလိုသည့် နိုင်ငံသားများသည် ငါးဖမ်းရေယာဉ်တစ်စင်းလျှင် ကျပ်သိန်း ၅၀ ကို အာမခံအဖြစ် တင်သွင်းရမည်ဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် ရောင်းချသွားမည်ဟု သိရသည်။
ဝယ်ယူလိုသူများသည် လျှောက်လွှာများကို နေပြည်တော်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးရုံးတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနတွင်လည်းကောင်း ၀ယ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာပိတ်ရက်မှာ ဇူလိုင်လ ၉ ရက် နေ့ဖြစ်ကာ ငါးဖမ်းရေယာဉ်များ၏ မျက်မြင်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် တစ်ဖက်ကမ်းရှိ ဂျောင်ဝိုင်းလေးလွန်းကျင်းတွင် သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )