22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ရေဒါ စနစ် ပျက်ခဲ့တဲ့ သုဝဏ္ဏဘုမ္မိ လေဆိပ်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ရတဲ့ သုဝဏ္ဏဘုမ္မိလေဆိပ်တနေရာ (ဓာတ်ပုံ-ဧရာဝတီ)

ဇွန်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာ လေဆိပ်တွင် ရေဒါစနစ် ချွတ်ယွင်းမှုကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ် အစီး ၅၀ လောက်လောက် လေယာဉ်ကွင်းကို ဆင်းသက်လို့ မရဖြစ်ခဲ့ရပါတယ်။

ရေဒါရဲ့ မျက်နှာပြင်ဟာ မည်းမှောင်သွားပြီး စနစ်တခု ပျက်ယွင်းသွားတာကြောင့်လို့ သိရပါတယ်။
ထိုင်း ဘုရင့် ရေတပ်မတော် ဦးစီးချုပ် Rear Admiral Pangpol Sirisangchai က သူတို့ဆီ သတင်းပို့ ချက်ရောက်လာတာနဲ့ နိုင်ငံတကာ ဆင်းသက်လာတဲ့ လေယာဉ်တွေကို တချို့ကို အချိန်ရွှေ့ဆိုင်း၊ တချို့ကို ကွင်းချိန်းပြီး ဆင်းသက်စေခဲ့တယ်လို့ ပြောပါတယ်။


ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင် လေဆိပ်နှင့် ဖူခက် လေဆိပ်တို့ကို လွဲပြောင်း ဆင်းသက်ခဲ့ရပြီး တခြား လေဆိပ်များဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရစ်လေဆိပ်တွေ ကိုလည်း လွဲပြောင်းဆင်းသက် စေခဲ့ရပါတယ်။

ဒီလို ဆင်းသက်ခဲ့ရပုံကို ထိုင်းနိုင်ငံ လေကြောင်းအရာရှိများက နောက်တနေ့မှာ သတင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အရှေ့တောင် အာရှ အထင်ကရ လေဆိပ်ကြီး တစ်ခုဖြစ်တဲ့ သုဝဏ္ဏဘုမ္မိလေဆိပ် မှာ တပ်ဆင်ထားတဲ့
လေယာဉ် အဆင်းအတက် ထိန်းချုပ် အချက်ပြ ရေဒါ စနစ် ပျက်စီးသွားချိန် စုစုပေါင်း ၃ နာရီ လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေယာဉ်တွေ ဘေးကင်းစွာနဲ့ ဆင်းသက်လို့ မရတဲ့ အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ရေဒါ ပျက်စီး မှု အပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ချာယူပွန်က ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရေဒါ ချွတ်ယွင်းမှုကို လေကြောင်း အင်ဂျင်နီယာများ ပြင်ဆင်ခဲ့ပြီး
လေယာဉ်များ ပုံမှန် ဆင်းသက်နိုင်ခဲ့ပါပြီတဲ့။

ဒီလေဆိပ်ကြီးကို ၂၀၀၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အာရှ ပစိဖိတ် ဒေသ တွင်းမှာ အစည်ကားဆုံး လေဆိပ် ၅ ခုထဲက တခုလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အတွင်း မှာတော့ ခရီးသည်ပေါင်း ၄၇.၂ သန်းကို ၀န်ဆောင်မှု လုပ်ခဲ့ကြောင်း သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )