22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

The Spice Girl ပြန်ပေါင်းထုတ်ပြီ

ဓာတ်ပုံ- Tha Sun
အင်္ဂလန် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း နံမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီးယာ ဘက်ခမ်း (Posh Back ) ပါဝင်ခဲ့တဲ့ တချိန်က ဗြိတိန်ရဲ့ ပွဲတိုင်းကျော် နံမည်ကြီး တေးဂီတအဖွဲ့ စပိုက်စ် ဂဲလ် ( The Spice Girls) ကို ပြန်ပေါင်း ထုတ်ကြပြန်ပါပြီတဲ့။

စပိုက်စ် ဂဲလ်အဖွဲ့ရဲ့ ပြန်ပေါင်းထုတ်ခြင်း သင်္ကေတအဖြစ် အဖွဲ့က သီချင်း ၁၈ ပုဒ်ကို အရင်တုန်း ကလို ဖျော်ဖြေမယ့် Viva Forever ဂီတ စင်တင်ဖျော်ဖြေပွဲကို ကြေညာလိုက်တာပါ။

အခုတော့ ဗစ်တိုးရီးယား ဘက်ခမ်းနဲ့ အတူ ၀ိုင်းတော်သားတွေဖြစ်တဲ့ Geri Halliwell, Mel B, Emma Bunton နဲ့ Mel C တို့ဟာ လန်ဒန်မှာ ရှိတဲ့ St Pancras Renaissance ဟော်တယ်လူမြင်မှာ အတူတွေ့ကြရတော့ ပရိတ်သတ်တွေက လည်း ပျော်နေကြပါတယ်တဲ့။


သူတို့အဖွဲ့က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လမ်းခွဲခဲ့ကြပြီး စပိုက်စ်ဂဲလ်အဖွဲ့အနေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ မရှိပဲ ဖြစ်နေခဲ့ပါ တယ်။ အခုတော့ သူတို့ကို အသည်းစွဲတဲ့ ပရိတ်သတ်တွေအတွက် အခုလို ပြန်ပေါင်းထုတ် လိုက်ခြင်းဟာ မင်္ဂလာ သတင်း တပုဒ် ဖြစ်ကြောင်းပါတဲ့။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )