22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုက မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေနိုင်၊ လာမည့် သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ % အခွန်စနစ်ဆက်လက် ကျင့်သုံးခြင်း ရှိ၊မရှိ အပေါ်တွင်မူတည်ပြီး အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ ဖြစ်ပေါ်နိုင်

7336
ရန်ကုန်မြို့ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီ လမ်းဆုံအနီးတ၀ိုက်ကို မေလဆန်းပိုင်းက တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်နေမှု က ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ထို့ပြင် လာမည့်သြဂုတ်လတွင် သက်တမ်းပြည့်မည့် ၁၅ ရာခိုင်နှုန်း အခွန်စနစ် ဆက်လက်ကျင့်သုံးခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်ပြီး အိမ်ခြံမြေ ဈေးကွက် အပြောင်းအလဲ ထပ်မံဖြစ် ပေါ်လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ပေါ်လာတော့မည် ဖြစ်ရာ ယင်း ဥပဒေထွက်ပေါ်လာပြီး နောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာနိုင်သည့်အတွက် ငွေကြေးအမြောက် အမြားရှိသူများက အိမ်ခြံမြေဈေး ကွက်တွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်နေ ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း ကျဆင်းရန် အခြေအနေ မရှိတော့ကြောင်း၊ ယင်းအခြေအနေ တစ်ရပ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချင်သူများအတွက် အတားအဆီးတစ်ခု ဖြစ်နေ ကြောင်း သိရှိရသည်။
“တချိန်တုန်းက လူတွေက ကားမှာရင်းနှီးမြှုပ်နှံကြတယ်။ ရွှေမှာရင်းနှီးမြှုပ်နှံကြတယ်။ ဒေါ်လာမှာ ရင်းနှီး မြှုပ်နှံကြတယ်။ အခုကားတို့၊ ရွှေတို့ ဒေါ်လာတို့မှာ ရင်းနှီးမြှုပ်နှံမှု သိပ်မလုပ်ကြတော့ဘူး။ အဲဒီအတွက် အိမ် ခြံမြေမှာပဲ ၀င်ရောက်မြှုပ်နှံကြတော့တယ်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်မှာ အိမ်ခြံမြေဈေးနှုန်း သိသိသာသာခုန် တက်သွားတယ်။ ရန်ကုန်မြို့တင် မ ဟုတ်ဘူး၊ စီးပွားရေးအရ အချက်အချာ ကျတဲ့နေရာမျိုးတွေ ကမ်းရိုးတန်း ဒေသတွေပါမကျန် ဟိုတယ်လုပ်ငန်း တွေတိုးချဲ့ရင် အဆင်ပြေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဈေးနှုန်းတွေကို လက် သင့်သလို ထိုးဝယ်နေတာမျိုးတွေ ကြောင့် အိမ် ခြံမြေဈေးနှုန်းကို ပျက် ပြားစေတယ်။ အဲဒီအတွက် အခြေခံ လူတန်းစားအတွက်တော့ ကိုယ်ပိုင်အိမ်နဲ့နေရဖို့၊ တိုက်ခန်းတစ်ခန်းပိုင် ရဖို့ဆိုတာ မလွယ်တော့ဘူး။ အဲဒီလိုပဲ နိုင်ငံတကာကလာပြီး လုပ်ငန်းတစ်ခု အခြေချတော့မယ်ဆိုရင် အိမ်ခြံမြေဈေး နှုန်းမြင့်တက်မှုကြောင့် မတည်ရင်း နှီးငွေပမာဏ၊ တခြားနိုင်ငံတွေထက် စာရင် သိသိသာသာ မြင့်တက်နေတဲ့ သဘောမျိုးတွေ့ရတော့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေတာ တော့အမှန်ပဲ။ ဒါကို အစိုးရက ဘယ်လိုမူဝါဒမျိုးနဲ့ ထိန်းသိမ်းမလဲဆိုတာလည်း အရေးပါပါတယ်”ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

နောက်တစ်ခုက ၁၅ ရာခိုင်နှုန်း အခွန်စနစ်က အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို တွန်းအားပေးသလို ဖြစ်ခဲ့တယ်။ အခွန် ၁၅ ရာခိုင်နှုန်း ဆောင်လိုက်ရင် သူ့မှာရှိတဲ့ ငွေမဲအားလုံးက ငွေဖြူ ဖြစ်သွားခဲ့တယ်၊ ဒါလေးတွေကို စနစ်တကျပြန်ပြီး စိစစ်နိုင်ရင်တော့ ပိုပြီးကောင်းမယ်။
ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတွင် မြေယာနှင့်ပတ်သက်သည့် အရှုပ် အထွေးများလည်း နေ့စဉ်ကြားသိနေ ရကြောင်း၊ လယ်မြေသိမ်းယူမှုများ နှင့် စက်မှုဇုန် မြေနေရာ ဖော်ထုတ်ခြင်းများကြောင့် အိမ်ခြံမြေဈေးကွက်တွင် သိသိသာသာ ရိုက်ခတ်မှုများ ရှိနေကြောင်းလည်း သိရသည်။
“ဥပမာ အစိုးရအနေနဲ့ တန်ဖိုးနည်း အိမ်ရာတွေကိုလည်း ဖော်ပေးဖို့လိုတယ်။ အဲဒီလိုဖော်တဲ့အခါမှာ လယ်မြေတွေကို သိမ်းယူတာမျိုး မဟုတ်ဘဲ လူတွေ တကယ်မနေတဲ့ ဖုန်းဆိုးမြေ တွေရှိတယ်။ ဥပမာ ဒဂုံဆိပ်ကမ်းတို့၊ အရှေ့ဒဂုံတို့၊ ဒဂုံမြို့သစ်တောင်ပိုင်း တို့ရှိတယ်။ အဲဒီနေရာမှာ  အစိုးရက ကမကထ လုပ်ပြီးတော့ ဖော်ဆောင်ပေးလိုက်ရင် မြောက်ဒဂုံလို ဖွံ့ဖြိုးသွားမယ်။  ပြောမယ်ဆိုရင် မဟာဗန္ဓုလ တံတားအလွန် ညာဘက်ခြမ်း ဒေါပုံ မြို့နယ်၊ ဆက်သွားရင် ရှုခင်းသာ အိမ်ရာ၊ အခုဘလော့တစ်ခုပဲပြီးသေး တယ်။ လူနေနိုင်ပြီ၊ အဲဒီနေရာတွေကို တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လို့ ရတယ်။ သာကေတဘက်မှာ လုပ်မယ်ဆိုရင်လည်း လုပ်လို့ရတယ်။ ဒါေ မယ့် ဒီလိုလုပ်မယ်ဆိုရင် ပုဂ္ဂုလိက ကုမ္ပဏီတစ်ခုတည်း အားပြုလို့မရ ဘူး။ ဥပမာ တော်ဝင်ကလုပ်နေတဲ့ မု ဒိတာအိမ်ရာရှိတယ်။ ဒါပေမယ့် သူ ကလည်း သူနိုင်သလောက်ပဲ လုပ်နိုင်မှာ၊ ပြီးတော့ တန်းဖိုးနည်းအိမ် ရာလည်း တကယ်ဖြစ်ဦးမှ။ အဲဒီလို ဖော်ဆောင်ပေးနိုင်ရင် အိမ်ခြံမြေဈေးနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်” ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးကလည်း ပြော ပြခဲ့သည်။
ထို့အတူ ရန်ကုန်မြို့၏ မြို့ပြ တည်ဆောက်မှု အစီအစဉ်နှင့်လည်း အတိုင်းအတာတစ်ခုအထိ ပတ်သက် နေကြောင်း၊ရန်ကုန်မြို့ဖွံ့ဖြိုးလာသည့် ပုံစံမှာ အချိုးမညီဘဲ နေရာအလိုက်ကွက်၍ ဈေးမြင့်တက်နေမှုများလည်း ရှိနေကြောင်း၊ ရန်ကုန်မြို့နှင့်အတူ အနီးတစ်ဝိုက်တွင်ရှိနေသော  ဆင်ခြေ ဖုံးမြို့များလည်း ဖွံ့ဖြိုးရန် လိုအပ်ကြောင်း၊ ထို့အတူ အဓိက အကြောင်းရင်းတစ်ခုမှာ ငွေကြေးအရ အကျိုးအမြတ်ရရှိရန် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ကြောင်း၊ ယင်းအနေ အထားများကိုကိုင်တွယ်ရာတွင် အစိုးရအနေဖြင့် အိမ်ခြံမြေနှင့် ပတ်သက်ပါက ကောင်းမွန်သည့် ပေါ်လစီများ ချမှတ်ရန် လိုအပ်ကြောင်းလည်း သုံး သပ်ကြသည်။
“အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ရှိရင် အစိုးရအနေနဲ့ အခွန်ကောက် သင့်တယ်လို့ မြင်တယ်။ ဥပမာ အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အိမ်တစ်လုံးပိုင်တဲ့ အနေအထားကနေ နောက် ထပ်အိမ်တစ်လုံး ဖြစ်လာပြီဆိုရင် ဒီအပေါ်မှာ အခွန်တိုးပြီး ကောက်သင့်တယ်။ နောက်ပြီး တန်ဖိုးအရလည်း property tax ကို ကောက်သင့်တယ်လို့ မြင်တယ်။ အဲဒါဆို အိမ်ခြံမြေဈေးကွက်မှာ အမြတ်ရလိုမှုနဲ့ ၀င်ရောက်မြှုပ်နှံတာမျိုးကို ကာကွယ်ပြီးသား ဖြစ်သွားမယ်”ဟု စီးပွားရေးပညာရှင် ပါမောက္ခ ဦးမော်သန်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ၂၀၁၁ ခုနှစ်ကို ပြန်ကြည့်ကြရအောင်၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ အိမ်ခြံမြေတွေ လိုက် ၀ယ်ကြတယ်။ ဒါပေမယ့် အိမ်ခြံမြေကို ၀ယ်တဲ့အခါမှာ နိုင်ငံသားကိုပဲ ရောင်းခွင့်ရှိတယ်။ နိုင်ငံခြားသားကို ရောင်းချခွင့်မရှိဘူး။ နိုင်ငံခြားသားက ငှားရမ်းသုံးစွဲခွင့်ပဲရှိတယ်။ ဒါပေမယ့် မြန်မာအိမ်ခြံမြေ ဈေးကွက်ထဲကို တရုတ်လုပ်ငန်းရှင် တော်တော်များများ ၀င်ရောက်လာခဲ့တယ်။ တကယ်တမ်းကျတော့ ၀င်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေတွေအများကြီးပဲ။ ဥပမာ ဘဏ်တိုး ကွာဟမှုကြောင့် တရုတ်ကငွေတွေ တရုတ်ဘဏ်တွေက တစ်ဆင့် မြန်မာ ဘဏ်တွေထဲကို ၀င်လာတယ်။ ဒီလိုပဲ စင်ကာပူကလည်း ၀င်တယ်။ ပြီးတော့ အိမ်ခြံမြေလုပ်ငန်းမှာ ၀င်ရောက်မြှုပ် နှံကြတယ်။ အဲဒီတော့ ဘဏ်တိုးနဲ့တင် အလုပ်ဖြစ်ခဲ့ကြတဲ့သူတွေ အများကြီးပဲ”ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
“တကယ်တော့ ၅ ရာခိုင်နှုန်း အခွန်ဆောင်ခွင့်ကို ပေးလိုက်တဲ့အတွက် အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူတွေ တိုးဝင်လာတယ်။ နောက်တစ်ခုက ၁၅ ရာခိုင်နှုန်းအခွန်စနစ်က အိမ်ခြံမြေ မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို တွန်းအားပေးသလို ဖြစ်ခဲ့တယ်။ အခွန် ၁၅ ရာခိုင်နှုန်းဆောင်လိုက်ရင် သူ့မှာ ရှိတဲ့ငွေမဲ အားလုံးက ငွေဖြူဖြစ်သွားခဲ့တယ်၊ ဒါလေးတွေကို စနစ်တကျပြန် ပြီး စိစစ်နိုင်ရင်တော့ ပိုပြီးကောင်း မယ်။ ဥပမာ ဒီလမှာ သိန်း ၅၀ နဲ့ဝယ်တဲ့ မြေတစ်ကွက်ဟာ နောက်လမှာ သိန်း ၁၀၀ ဖြစ်သွားတယ်ဆိုရင် အိမ်ခြံမြေနဲ့ ပတ်သက်ပြီး inflation က အများကြီးဖြစ်သွားတော့ နေရင်းထိုင်ရင်း လက်ထဲမှာရှိတဲ့ငွေက တန်ဖိုးမဲ့သလို ဖြစ်သွားစေတယ်”ဟု နိုင်ငံတော် သမ္မတ၏ အကြံပေးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ပြောကြားခဲ့သည်။
“အိမ်ခြံမြေဈေးနှုန်းအပေါ်မှာ အပြောင်းအလဲ ဖြစ်မဖြစ်ဆိုတာ အစိုးရရဲ့အမိန့်နဲ့ ဥပဒေအပေါ်မှာ မူတည်ပါတယ်။ ဥပမာတစ်ခုခုကို ထိန်းချုပ်ချင်တယ်ဆိုရင် အခွန်ကို တိုးမြှင့်ကောက် လိုက်လို့ရတယ်။ လတ်တလော အခြေအနေမှာတော့ အိမ်ခြံမြေဈေး နှုန်းဟာဘယ်လောက်အထိ ကောင်းမွန် လာမလဲဆိုတာ လာမယ့် သြဂုတ်လမှာ သက်တမ်းပြည့်မယ့် အခွန်စနစ်နဲ့ ဆိုင်ပါတယ်။ အခွန်စနစ်သစ်က ဘယ်လိုဖြစ်လာမလဲ။ ဘယ်လိုစနစ်မျိုးနဲ့ အစားထိုးမလဲဆိုတာ မူတည်ပြီးမှ ဈေးကွက်အခြေအနေကို ခန့်မှန်းတာက ပိုကောင်းမှာပါ။ အခုကားလောကမှာ လုပ်ငန်းရှင်တွေထိသွားတော့ သူတို့လည်း ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ အိမ်ခြံမြေဘက်ကို ၀င်လာမလာဆိုတာ ဘာမှန်းမသိသေးဘူး။ နောက်တစ်ခုက ပြည်တွင်းစီးပွားရေး ဆိုင်ရာမူဝါဒ ဘယ်လို ပြောင်းလဲဦးမလဲဆိုတာ မသိသေးပါဘူး။ နောက်တစ်ခုရှိတာက စောစော က ပြောသလို မဖွံ့ဖြိုးသေးတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း လိုနေရာမျိုးတွေရှိတယ်။ နေရာလွတ် ရယ်လို့တော့ မဟုတ်ဘူး။ သက်ဆိုင် ရာဝန်ထမ်းတွေကိုပေးပြီးသား။ ဒါပေမယ့် ရေ၊ မီးကအစ အဆင်မပြေသေးဘူး။ ပညာရေး၊ ကျန်းမာရေးကဏ္ဍ တွေက ဖွံ့ဖြိုးလာမှ လူတွေနေဖို့ အဆင်ပြေမယ်။ ဒါကြောင့် ဖွံ့ဖြိုးအောင်လုပ် ပြီး တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မယ်ဆိုလို့ရှိရင် အိမ်ခြံမြေဈေးကွက် ကို တစ်နည်းနည်းနဲ့တော့ ၀င်ထိန်းနိုင်မယ့် သဘောမျိုးရှိပါတယ်။ နောက်တစ်ခုက မြို့စွန်ဒေသတွေကိုဖွံ့ဖြိုး အောင်လုပ်ပေမယ့် အဓိက down town  တွေနဲ့ယှဉ်ဖို့ကတော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် ဒါကလည်း အိမ်ခြံမြေဈေးကွက်ကို ၀င်ထိန်းခြင်းတစ် မျိုးပါပဲ။ နောက်တစ်ခုကတော့ ပိုင်ဆိုင်မှုအပေါ်မှာ အခွန်ကောက်တာ။ ဒီလိုသွားမယ်ဆိုရင်လည်း သွားလို့ရပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့မူဝါဒကလည်း အရေးကြီးပါတယ်”ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ပြောကြားခဲ့သည်။
အိမ်ခြံမြေရောင်းဝယ်မှုနှင့် လက်ရှိကျင့်သုံးလျက်ရှိသော ၁၅ ရာခိုင်နှုန်း အခွန်စနစ်သည် ၂၀၀၇ ခုနှစ်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် နှစ်စဉ်သက် တမ်းတိုးခဲ့ခြင်းဖြစ်ပြီး လာမည့်သြဂုတ် လဆန်းပိုင်းတွင် သက်တမ်းကာလ ပြည့်ပြီဖြစ်ကာ မည်သည့် အခွန်စနစ်သစ်ဖြင့် အစားထိုးမည်ဆိုသည်ကိုမူ မသိရသေးကြောင်း၊ ယင်းအခွန်စနစ် အရ ၀င်ငွေရလမ်းဖော်ပြနိုင်စရာ မလိုဘဲ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ခြင်းဖြင့် ၀ယ်ယူခွင့်ရှိသောကြောင့် အိမ်ခြံမြေ အတုအယောင်သမားများ  ဈေးကွက် အတွင်းသို့ ၀င်ရောက်လာမှုမှာလည်း အိမ်ခြံမြေဈေးနှုန်း မြင့်တက်ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။      
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )