22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 1, 2012

နိုင်ယက္ခကို မွန်ပြည်သစ်ပါတီထံ ပြန်အပ်

အင်းစိန်ထောင်အတွင်းမှာ သေဒဏ် အပြစ်ပေးခံထားရတဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ယက္ခ (ခေါ်) မင်းနေဝင်းနဲ့ နိုင်ချိန်းဂကောင်း (ခေါ်) မျိုးသွေးတို့ကို မော်လမြိုင်မြို့ ကမ်းနားလမ်း ဟော်တယ်မှာ ဒီကနေ့ နေ့လည်က တရားဝင် လွဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
Photo courtesy of YPI
မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်ယက္ခ (ခေါ်) မင်းနေဝင်းအား မိသားစုနှင့်အတူ တွေ့ရစဉ်။
ဒီလို လွဲပြောင်းပေးအပ်တဲ့ တွေ့ဆုံပွဲကို မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုံးမြင့် အပါအဝင် ကိုယ်စားလှယ် (၁၀) ဦးကျော် တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ နိုင်ထောမွန်၊ ဗဟို အလုပ်အမှုဆောင် နိုင်တလညီ အပါအဝင် ကိုယ်စားလှယ် (၉) ဦး တက်ရောက်ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် နိုင်စိုးမြင့်က အခုလိုပြောပါတယ်။
“ဒီကနေ့ အစည်းအဝေးက မွန်ပြည်သစ်ပါတီက အကျဉ်းကျနေတဲ့ ရဲဘော် (၂) ယောက်ကို ပြန်လည်လွှဲအပ်ပေးတဲ့ အစည်းအဝေးပါ။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့် ပေးချက်အရပေါ့။ ပြည်နယ်ဝန်ကြီးချုပ်က လွှဲအပ်ပေးတာ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ ပြန်လွတ်လာတာကြောင့် နိုင်ငံတော် သမ္မတနဲ့တကွ နိုင်ငံတော်အစိုးရကို ကျေးဇူးတင်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ ဒီလို လွတ်မြောက်ခြင်းအားဖြင့် မွန်ပြည်သစ်ပါတီကလည်း ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး ထာဝရ တည်ဆောက်တဲ့နေရာမှာ အများကြီး ပိုအကျိုးရှိမယ်လို့လည်း ယုံပါတယ်”
နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ သေဒဏ်အမိန့်နဲ့ အကျဉ်းကျ ခံခဲ့ရတဲ့ နိုင်ယက္ခကတော့ သူ့အနေနဲ့ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့အတွက် အပြည့်အဝ ဝမ်းမသာနိုင်ဘူးလို့ ပြောပါတယ်။
“ တော်တော်များများ ကျန်နေတော့က အဲဒါ ဘယ်သူကတော့ အပြည့်အစုံ ဝမ်းသာနိုင်မှာလဲ။ နိုင်ငံရေး အကျဉ်းသားတွေပေါ့ဗျာ။ ကျွန်တော်တို့ အင်းစိန်မှာတင်ပဲ အယောက် (၃၀) လောက်တော့ရှိမှာ။ လွှတ်မယ်လို့တော့ ပြောတာပဲဗျာ။ ဒါပေမယ့် ဘယ်အချိန် လွတ်လာမလဲတော့ ဘယ်သိမလဲဗျ”
နိုင်ယက္ခနဲ့ မျိုးသွေးတို့ နှစ်ဦးကို စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် ဇူလိုင်လ (၁၇) ရက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )