22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, January 19, 2012

ခုခံအားစနစ် ပြန်လည် ကောင်းမွန်လာစေမည့် နည်းလမ်းခြောက်သွယ်

၁) ကြက်သွန်ဖြူ အားဖြည့်ဆေး မှီဝဲပါ
 ကြက်သွန်ဖြူ အားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲ သူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။
 ၂) နေ့စဉ် ဝိုင်အရက် တစ်ခွက် သောက်ခြင်းကို ရပ်ထားပါ
အရက် (အယ်လ်ကိုဟော) တွေ များနေရင် အသည်းပေါ်မှာ ဒဏ်ပိစေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ပိုးမွှားတွေနဲ့ ဒုက္ခပေးတဲ့ အဆိပ်တွေကို စစ်ထုတ်နိုင်စွမ်း လျော့သွားနိုင်ပါတယ်။
 ၃) ခုခံအားစနစ် ပြန်လည် မြင့်တက်လာအောင် ဒိန်ချဉ်စားပါ
 နေ့စဉ် ဒိန်ချဉ်တစ်ခွက် သောက်သူတွေဟာ ဒိန်ချဉ် မသောက်သူတွေထက် အအေးမိဝေဒနာ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။
 ၄) အအေးမမိအောင် နေပါ
 အအေးမိပြီး ချမ်းတုန်နေရင် ခုခံအား တုံ့ပြန်မှုတွေ ကျဆင်းနိုင်ပြီး လည်ချောင်းနာတာနဲ့ နှာရည်ယိုတာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများတယ်လို့ Wales Cardiff တက္ကသိုလ် Common cold ဌာနမှ သုတေသနပြုချက်အရ သိရပါတယ်။
 ၅) ဖိစီးမှုလျော့အောင် တရားထိုင်ပါ
 ပုံမှန် တရားထိုင်သူတွေဟာ ဖိစီးမှု ဖြေလျှော့တဲ့ လေ့ကျင့်ခန်း မလုပ်သူတွေထက် ဖျားနာနိုင်ခြေ ထက်ဝက်ခန့် လျော့နည်းပါတယ်။
 ၆) အိပ်ရေးဝအောင် အိပ်ပါ
 အိပ်ပျော်နေစဉ်မှာ သင့်ဦးနှောက်မှ မယ်လ်တိုနင်တွေ ထုတ်လုပ်နေပါတယ်။ မယ်လ်တိုနင်ဟာ ပဋိပစ္စည်းနဲ့ ခုခံအား cell တွေ အများကြီး ထွက်လာအောင် ကူညီနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )