22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, January 19, 2012

တရုတ်နံနံ၏ ကျန်းမာရေး အကျိုးကျေးဇူး

တရုတ်နံနံကို ဆေးဖက်ဝင်တဲ့ ဟင်းခတ် အမွှေးအကြိုင် ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာ ကြာပါပြီ။ တရုတ်နံနံရဲ့ အနံ့အရသာကို နှစ်သက်သဘောကျသူတွေက စွပ်ပြုတ်တွေနဲ့ ဟင်းသီးဟင်းရွက်ကြော်တွေထဲမှာ ထည့်ပြီး စားသောက်လေ့ ရှိပါတယ်။ တရုတ်နံနံမှာ ဗီတာမင် အေ၊ ဗီတာမင် ကေ၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင် စီ၊ သံဓာတ်နဲ့ ဖောလိတ်တို့ အလွန်ပေါများစွာ ပါဝင်နေပါတယ်။ ကယ်လိုရီပါဝင်မှု မရှိသလောက်ဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အသင့်အတင့် ပါဝင်နေပါတယ်။ တရုတ်နံနံမှာ ဖလေဗိုးနွိုက် ဒြပ်ပေါင်းတွေလည်း ပါဝင်နေတာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေတာ ဖြစ်ပါတယ်။



(1) တရုတ်နံနံမှာ ဖောလစ်အက်စစ် ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖောလစ်အက်စစ်ဟာ သွေးထဲက မကောင်းတဲ့ ဟိုမိုစစ်စတင်းအဆင့်ကို အန္တရာယ်မဲ့တဲ့ မော်လီကျူအဖြစ်သို့ ပြောင်းလဲပေးနိုင်တာကြောင့် လေဖြတ်တာနဲ့ နှလုံးရောဂါ ထတာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(2) တရုတ်နံနံကို ပုံမှန်စားတာက သွေးဖိအားကို လျော့ကျစေပြီး သွေးတိုးရောဂါရှိသူတွေမှာ သွေးတိုးကြောင့် ထိခိုက်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေက လျော့ကျစေပါတယ်။

(3) တရုတ်နံနံဟာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေပြီး ဆိုဒယမ်နဲ့ ရေ စွန့်ထုတ်မှုမှာ ပါဝင်ကူညီပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ရေနဲ့ဆားတွေ စုပုံမနေဘဲ သွေးကြောကျဉ်းတာကို လျော့ပါးစေပါတယ်။ တရုတ်နံနံဟာ ဆီးအိတ်ကို သန်စွမ်းစေပြီး ဆီးကျောက်တည်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) တရုတ်နံနံဟာ သွေးကြောတွေကို သန့်စင်စေပြီး သွေးပြန်ကြောထဲမှာ စုပုံနေတဲ့ အကြွင်းအကျန်တွေကို ပျော်ဝင်သွားစေပါတယ်။ ဒါကြောင့် သွေးကြောကျုံ့ဆန့်မှုကို ကောင်းအောင် ထိန်းပေးနိုင်ပါတယ်။

(၅) တရုတ်နံနံမှာ ဗီတာမင် စီ ပါဝင်မှု မြင့်မားတာကြောင့် အရိုးအဆစ်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) တရုတ်နံနံဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ရာသီလာစဉ်ဖြစ်တတ်တဲ့ ဝေဒနာတွေကို ကုသရာမှာ ဆေးဖက်ဝင် ဆေးဝါးတစ်လက်အဖြစ် တရုတ်နံနံကို အသုံးပြုကြပါတယ်။

(၇) တရုတ်နံနံဟာ အကျိတ်တွေ မဖြစ်အောင် ကာကွယ်ရာမှာ သုံးနိုင်ပါတယ်။ အကြောင်းကတော့ တရုတ်နံနံမှာပါတဲ့ ဖောလစ် အက်စစ်ဟာ ဆဲလ်ကွဲမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေလို့ပါ။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ဆဲလ်ပွားများတာနဲ့ ဆဲလ်ပွားများမှု နှေးတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်နံနံမှာပါတဲ့ အင်တီအောက်ဆီးဒင့်နဲ့ ဖလေဗိုးနွိုက်တွေက အကျိတ်နဲ့ ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ရေးမှာ အသုံးဝင်ပါတယ်။

(၈) တရုတ်နံနံဟာ ပါးစပ်နံတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ တရုတ်နံနံမှာ ပါဝင်တဲ့ကလိုရိုဖီးလ်ဟာ ခံတွင်းအနံ့ဆိုး ထွက်တာကို လျော့ကျစေလို့ပါ။

(၉) တရုတ်နံနံဟာ နားတွင်း ကူးစက်ပိုးဝင်တာ၊ ပေါက်ပြဲရာဖြစ်တာ၊ အစာခြေစနစ် ဝေဒနာ၊ သွေးအားနည်းတာ၊ ဝမ်းလျှောတာ၊ သည်းခြေ ကျောက်တည်တာ၊ ဂေါက် အဆစ်အမျက်ရောင်ရောဂါ၊ အင်းဆက်ပိုးမွှားကိုက်တာ စတာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။

(၁၀) တရုတ်နံနံပင်ကို ခြောက်အောင်ထားပြီး ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ အစာအိမ် အူလမ်းကြောင်း ဝေဒနာတွေကို ကုသရေးမှာ အသုံးပြုနိုင်ပါတယ်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )