22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

မနာရှေ နှင့် ဧဖရိမ်

သမ္မာကျမ်းစာတွင် သားဦးများကို ဘုရားသခင်က ကောင်းကြီးပေးသော ဘုရား ဖြစ်သည်။ သားဦးများနှင့် ပတ်သတ်လျှင် ဘုရားသခင်က တန်ဘိုးထားသည်။ သို့သော် သားဦးမ ဟုတ်သောသူများကို ဘုရားသခင် အထူးကောင်းကြီးပေးခဲ့သော သက်သေသာဓကများ လည်း ရှိပါသည်။ ဥပမာ - ကျမ်းစာထဲတွင် အာဗြဟံ၏ သားဖြစ်သော ဣရှမေလသည် သားဦးဖြစ်သည်။ သို့သော် ဣဇတ်သာ ဘုရား သခင်ရွေးကောက်ခဲ့သည်။ တဖန် ဣဇတ် တွင် သားနှစ်ယောက် ရှိရာ သားကြီး ဧသောထက် သားငယ်ယာကုတ်ကို ဘုရားသခင် ရွေးကောက်ခဲ့သည်။ ယာကုတ်တွင် သားတစ်ဆယ်နှစ်ယောက်ရှိရာ ဆယ့်တစ်ယောက် မြောက် ယောသပ်က ကောင်းကြီးဖြစ် ခဲ့ပါသည်။ အဘယ်ကြောင့်ပါနည်း ဘုရားသခင် သည် နှလုံးသားကို ကြည့်သောဘုရားဖြစ်ပါသည်။ မည်သည့် အခြေအနေ၊ မည်သည့် လူ မျိုး၊ မည် သည့်ဒေသမှာဘဲရှိရှိ နှလုံးသားမှန်ကန်သောသူသည် ကောင်းကြီးမင်္ဂလာ ရရှိ ခံ စားနှိင်သည်မှာ မြေကြီးလက်ခက်မလွဲပင်ဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း ၄၈း၂၆ တွင် တဖန် ဘုရားသခင်သည် သင့်ကို ဧဖရိန် ကဲ့ သို့လည်းကောင်း၊ မနာရှေကဲ့သို့ လည်းကောင်း၊ ဖြစ်စေတော်မူပါ စေသော် ဟူ၍ ဣသရေလအမျိုးသားတို့သည် သည့်အားဖြင့် ကောင်းကြီးမင်္ဂလာ ပေးကြလိမ့်မည် ဟု ထိုနေ့၌သူတို့ကို ကောင်းကြီးပေးလေ၏။ ထိုသို့ မနာရှေ ရှေ့မှာ ဧဖရိန်ကို နေရာချသတည်း။
ယောသပ်သည် အဲဂုတ္တုပြည်တွင် ဒုတိယရှင်ဘုရင်ဖြစ်လာပြီးသည့်နောက် ဖခင် ယာ ကုတ်နှင့် ညီအကိုများ ပြန်လည်ပေါင်းစည်းမိကြပါသည်။ ထိုသို့ ပြန်လည် ပေါင်းစည်း မိပြီး နောက် ယောသပ်သည် သူ၏ မိသားစုများကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ခဲ့ကြပါသည်။ အကိုများကို ပြန်လည်လက်စားချေခြင်း မပြုခဲ့ ပါ။ အဘယ် ကြောင့်ဆိုသော် ယောသပ်သည် ဘခင်၏ စိတ်ဓါတ်နှင့် အသက်ရှင်သောကြောင့် ဖြစ်ပါသည်။ ယာကုတ် တွင် မယား (၄)ယောက်ရှိပြီး ထိုသူတို့အား လုံးသည် တစ်ယောက်နှင့် တစ်ယောက် မတည့်ကြပါ။ သူတို့သည် အချင်းချင်း အခွင့်ရလျှင် ရသလို ချောင်းမြောင်းနေကြသူ များဖြစ်ကြပါသည်။ ယာကုတ်၏ ပထမ မယားကြီးဖြစ်သူမှာ လေအာဖြစ်ပြီး သားသမီး စုစုပေါင်း (၆)ယောက် ဖွားမြင်ပါသည်။ သူ၏ကျွန်မက သား (၂)ယောက်ဖွား မြင်ပါ သည်။ ယာကုတ်၏ အချစ်ဆုံး ယာခေလက သားမရနိုင်သောကြောင့် သူမ၏ကျွန်မကို ယာကုတ် နှင့် ပေးစားလိုက်ပါသည်။ ထိုကျွန်မက သား(၂)ယောက်ဖွားမြင်ပါသည်။ နောက်ဆုံး အချိန်ရောက်မှ ယာခေလက ယောသပ်ကို ဖွားမြင်ပါသည်။ ယောသပ်သည် နောက်ဆုံးမှ ရသောသားဖြစ်သောကြောင့် ယာကုတ်က အလွန်ချစ်ပါသည်။ ယောသပ်ကလည်း ဖခင် ဖြစ်သူနှင့် ပိုမိုမိတ်ဿဟာရဖွဲ့သဖြင့် ဖခင်၏ စိတ်သဘောကို ပိုမိုနားလည်ပါသည်။ ထိုအခြေအနေကို သားအကြီး ဖြစ်ကြသောသူ များက မည်သို့မျှ မရှုစိမ့်နိုင်ပါ။ အမြဲစောင်း မြောင်း ပြောဆိုနေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော ထိုစိတ်ဓါတ်များသည် မိခင်တို့က သင်ပေးလိုက် ခြင်းဖြစ် နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင် (၄)ယောက်စလုံးက မတည့်သော သူများဖြစ်ကြသော ကြောင့်ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ ယောသပ်က ဘခင်ဖြစ်သူနှင့်သာ အမြဲမိဿဟာယပြုသည်။ ထိုကြောင့် ဘခင်ဖြစ်သူကလည်း ယောသပ်ကို ချစ်သည်။ အမြဲတမ်း ကောင်းကြီး ပေးခဲ့သည်။ ဘခင် နှင့် မိဿဟာရဖွဲ့ခြင်းကြောင့် ဘခင်၏ စိတ်သဘောကို နားလည်ပြီး ဘခင်၏သွန်သင် ချက်အတိုင်းသာ လိုက်နာအသက်ရှင်ခဲ့သည်။ အခြား သားအကြီးများကတော့ မိခင်များ နှင့်သာ ပိုမိုမိဿဟာရဖွဲ့သောကြောင့် မိခင်တို့၏ သွန်သင်ချက်ကိုသာ ပိုမို တန်ဘိုးထား သောကြောင့် ဘခင်သဘောနှင့် အသက်ရှင်သော ယောသပ်ကို ကြည့်မရဘဲ မုန်းတီးခဲ့ ကြသည်။ အလွန်မုန်းတီး သောကြောင့် ညီအကိုချင်းဖြစ်သော်လည်း တိုင်းတစ်ပါးသို့ ရောင်းစားသည်အထိ ရက်စက်ခဲ့ကြသည်။ ထိုအရာကို ဆင်ခြင်ကြည့်သော် ဘခင်စိတ် ဓါတ်နှင့် အသက် ရှင်သည်ဆိုသည်မှာ ဘုရားသခင်၏နှင့် မိဿဟာရဖွဲ့ပြီး ဘုရားသခင်၏ စကားတော်ကိုသာ အသက်တာတွင် ဦးစားပေးနားထောင်သည်ဟု မှတ်ယူနိုင်ပါသည်။ မိခင်တို့၏ သွန်သင်ချက်ကို ခံယူသည် ဆိုသည်မှာ အသင်းတော် ဂိုဏ်းဂဏများကိုသာ ဆိုလိုပါသည်။ ဂိုဏ်းဂဏ၏ သွန်သင်ချက်ကို ခံယူလိုက် လျှောက်ခံယူသော် ကယ်တင် ခြင်းမရနိုင်ပါ။ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာလည်း မရှိနိုင်ပါ။ ထို့ကြောင့် ယုံကြည် သူများသည် ဘုရားသခင်နှင့်သာ မိဿဟာယဖွဲ့လျက် ဘုရားစကားကိုသာ နားထောင် လိုက်လျှောက်သင့်ပါသည်။
ယောသပ်သည် အကိုများ ရောင်းစားလိုက်သည့်အချိန်မှစ၍ ဒုက္ခပြဿနာပေါင်း မြောက် မြားစွာ ခံစားတွေ့ ကြုံခဲ့ရပါသည်။ သို့သော် မည်သည့်ပြဿနာ အခက်အခဲရှိသည် ဖြစ် စေ ဘခင်၏သွန်သင်မှုများအတိုင်း လိုက်လျှောက်အသက် ရှင်ခဲ့ပါသည်။ သမ္မာတရားနှင့် အညီ အသက်ရှင်သော်လည်း ပြဿနာများ အခက်အခဲများ ကြီးမားစွာတွေ့ကြုံခဲ့ရပါ သည်။ သို့သော်လည်း နောက်ဆုံးတွင် ထိုပြဿနာများ ပြေလည်ပြီးဆုံး သွားပြီးနောက် ရှင်ဘုရင်ဖြစ်လာခဲ့ပါသည်။ ထိုသို့ ရှင်ဘုရင်ဖြစ်လာသောအခါတွင်လည်း အသက်တာ တွင်ကြုံခဲ့သော ဒုက္ခပြဿနာများက ကြီးမားလွန်းသဖြင့် စိတ်ထဲမှာ မမေ့နိုင်သောနေ့ရက် ပေါင်း မြောက်များ စွာရှိခဲ့လေသည်။သို့သော်လည်း နောက်ဆုံးတွင် ထိုပြဿနာများကို မေ့လျှော့ဘို့ ကြိုးစားခဲ့ပြီးနောက် အိမ်ထောင်ကျသောအခါ ပထမဦးဆုံးသောသားကို မနာရှေ အမည်ဖြင့် မှည့်ခေါ်ခဲ့လေသည်။ အဓိပ္ပါယ်မှာ အရာခပ်သိမ်းကို မေ့လျော့လိုက် ပြီဟူ၍ ဖြစ်ပါသည်။ ထိုသို့ မနာရှေ မွေးပြီးနောက် ဒုတိယသား၏ အမည်ကား ဧဖရိန် အမည်ဖြင့် မှည့်ခေါ်ခဲ့လေသည်။ အဓိပ္ပါယ်မှာကား ငါ့ကိုပွားများစေပြီး (ကောင်းကြီး ဖြစ်ပြီ) ဟုအဓိပ္ပါယ်ရှိပါသည်။
အထက်ပါ အမည်များကို ကြည့်ပြီး ခွန်အားယူမည်ဆိုပါက မနာရှေ မရှိဘဲ ဧဖရိန် မရှိနိုင် ပါ။ အသက်တာတွင် မနာရှေ ရှိရမည်။ နောက်မှ ဧဖရိန်လာလိမ့်မည်။ အသက်တာထဲမှ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ အားလုံးကို အလျင်ဖယ် ရှားရမည် (မေ့ပစ်ရမည်)။ နောက်မှ ဘုရားသခင်သည် ဧဖရိန်တည်းဟူသော ကောင်းကြီးမင်္ဂလာကို ချပေးမည်ဖြစ်ပါ သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )