22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

မည်သူ့ကို မဆို နိုင်ငံခြားငွေ ရောင်းဝယ် ခွင့် လိုင်စင် ချပေးမည်


 

ဗဟိုဘဏ် နည်းဥပဒေ ထွက်ပေါ်လာပါက မည်သူ မဆိုနိုင်ငံခြား သုံးငွေ ရောင်း ဝယ်ဖောက် ကားခွင့် လိုင်စင် ရရှိမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်၊ ဘဏ်များနှင့် ငွေ ကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။
နိုင်ငံခြားငွေကြေးဈေးကွက် တွင် ဖြစ်ပေါ်နေသော မှောင်ခိုလောက ပပျောက်စေရေးအတွက်ယင်းသို့ လိုင်စင်လျှောက်ထား ခွင့်ပြုသွား မည် ဖြစ်ကြောင်းကော်မတီမှသိရသည်။ CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က အထက်ပါအစီအစဉ် အထမြောက်လျှင် မှောင်ခိုဈေး ကွက်ပပျောက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့ လိုင်စင်မပေးလျှင် တိကျသော အရေးယူမှုများ လုပ်ဆောင်ရန် လို အပ်ကြောင်း ပြောသည်။ နိုင်ငံခြား သုံးငွေရောင်းဝယ် ဖောက်ကားခွင့် လိုင်စင်အား မည်သူ မဆို လုပ်ကိုင်ခွင့် ပေးမည်ဆိုသည် နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ''ဒါဖြစ်သင့် တာကြာပြီ၊ ထိုင်းမှာဆို ငွေလဲကောင် တာဆိုတာ ဘဏ်က လုပ်တာ မဟုတ်ဘူး။ ကုမ္ပဏီတွေက လုပ်တာ။ ဒီလို လုပ်ခွင့်ပေး လိုက်မှ မှောင်ခိုတွေ ပျောက်သွားမှာ''ဟု ပြောသည်။
နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ဘဏ်များမှ တရားဝင်ဈေးကွက် ဖွင့်လှစ်ထားသော ကောင်တာ များမှာ ဗဟိုဘဏ်၏ သတ်မှတ် သောငွေ လဲနှုန်းဖြင့် လုပ်ကိုင်ရပြီး ပြင်ပငွေကြေး ဈေးကွက်မှာမူ ၄င်းတို့၏ ဝယ်လို အား၊ ရောင်းလို အားပေါ်တွင် မူတည်ကာ သတ်မှတ် ခြင်းကြောင့် ဘဏ်များ မှ ဝယ်ယူ သောနှုန်းနှင့် ကွာခြားမှု ရှိနေကာ ပြင်ပပေါက်ဈေးမှာ ဘဏ်ဈေး ထက် နည်းပါးကြောင်း၊ ပြင်ပပေါက်ဈေး ကျဆင်းမှုကြောင့် ဘဏ်များတွင် လာရောင်းသူ များပြားလျက် ရှိကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။
ဗဟိုဘဏ်မှ ငွေလဲနှုန်း သတ်မှတ်မှုမှာ နေ့စဉ်နံနက်ပိုင်း တွင် နိုင်ငံခြားငွေကြေး လုပ်ကိုင်ခွင့်ရ ဘဏ် များမှ ဗဟိုဘဏ်သို့ ဝယ်ယူနိုင် သည့် ဈေးနှင့် ရောင်းချနိုင်သည့် ဈေး ကိုပေးပို့ရကြောင်း၊ ထိုသို့ ဘဏ်များ မှပေးပို့လာမှုတွင် ဈေးနှုန်း အများဆုံး ပေးသောဘဏ်၏ သတ်မှတ်နှုန်းကို ယနေ့ပေါက်ဈေး အဖြစ် သတ်မှတ် ပေးခြင်းဖြစ်ကြောင်း သိရသည်။ ရောင်းလိုအား၊ ဝယ်လိုအား ဈေးကွက်ပေါ်တွင်သာ အခြေခံ ၍ ဈေးနှုန်း သတ်မှတ်ခြင်းဖြစ်သောကြောင့် ကန်ဒေါ်လာ သုံးစွဲနိုင်သည့် အခြေ အနေများ မပေါ်ပေါက်လာသေးသရွေ့ ကန်ဒေါ်လာပေါက်ဈေး မှာ မြင့်တက် လာနိုင်ဖွယ်ရာ မရှိကြောင်း ဘဏ် လုပ်ငန်းရှင် များထံမှ သိရသည်။ လက်ရှိတွင် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်မှ နိုင်ငံခြားငွေ လဲလှယ် သည့်ကောင်တာများ ဖွင့်လှစ်လုပ် ကိုင်နေပြီး ကန်ဒေါ်လာပေါက်ဈေး မှာ တစ်ဒေါ်လာလျှင် ကျပ် ၈၇ဝ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )