22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

ကြေးနီစီမံကိန်းအတွက် လယ်ဧက၇၈၀၀သိမ်းဆည်းခံရသဖြင့် ဆန္ဒပြမှုဖြစ်ပွား

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခုမှဆောင်ရွက်လျက်
ရှိသည့် လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းတွင်သိမ်းခံရသော လယ်ယာ
ဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ 
တတိယပတ်မှစတင်ပြီး နေ့စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။


အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း၂၂ ရွာမှ လယ်ယာမြေများ သိမ်းခံရပြီး ကျေးရွာလေးရွာမှာ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။

ဒေသခံများအနေဖြင့် အဆိုပါစီမံကိန်းမှ တာဝန်ရှိသူများ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံနေရသည့် အဓိကအကြောင်းအရာတစ်ခုမှာ ၂၀၁၀ ခုနှစ်အတွင်းက ယင်းစီမံကိန်းပြုလုပ်ရန်အတွက် ဒေသခံများကို သုံးနှစ်စာ သီးနှံလျော်ကြေးငွေအဖြစ် ကျပ် ၅ သိန်း ၂ သောင်းစီ ပေးအပ်ခဲ့ပြီး ယခုအခါတွင် လယ်ယာမြေများကို အပြီးအပိုင် သိမ်းဆည်းခဲ့သည့်အတွက်ဖြစ်ကြောင်း သိရှိရသည်။




လယ်ယာမြေများ အသိမ်းခံခဲ့ရသည့်အတွက် လူဦးရေ တစ်ထောင်ဝန်းကျင်ရှိ ဒေသခံများစုပေါင်း၍
သြဂုတ်လ ၂၄ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သွားရောက်၍
ဆန္ဒဖော် ထုတ်မှုပြုလုပ် ခဲ့သည့်အပြင် အသိမ်းခံခဲ့ရသည့် လယ်ယာမြေများအပေါ်တွင် "

ကျေးရွာပိုင်လယ်ယာမြေများ မည်သူမှ လုံးဝ မကျူးကျော်ရ"စသည့် စာတမ်းများ

 ရေးသားထားသော ဆိုင်းဘုတ်များကို စိုက်ထူခဲ့ကြောင်းသိရှိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရာတွင် ဒေသခံများမှာ  စီမံကိန်းတွင်တာဝန်ယူလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရသည်။

 ထို့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာနီးပါးက စီမံကိန်းဧရိယာအတွင်း ဝင်ရောက်လာသော လယ်သိမ်းခံရသည့် ဒေသခံများကို လက်နက်များကိုင်ဆိုင်၍သော်လည်းကောင်း၊ ဒိုင်းများကို ရာဘာတုတ်များဖြင့် ရိုက်၍ လမ်းလျှောက်ချီတက်ခြင်းတို့ဖြင့် ခြောက်လှန့်၍ လူစုခွဲခဲ့ကြောင်း
သိရသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှ တောင်သူဦးမြင့်သိန်းက

 "ကျွန်တော်တို့ကို အစတုန်းက ကားကြီးတွေ ဖြတ်မောင်းသွားမှာဖြစ်တဲ့အတွက် ဆုံးရှုံးရမယ့် သီးနှံတွေအတွက် သုံးနှစ်စာ လျော်ကြေးအနေနဲ့ပေးခဲ့လို့ ယူခဲ့ပါတယ်။

အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ်မခံချင်တော့လို့ ယူခဲ့တာပါ။ အခုကျတော့

မင်းတို့ကို လျော်ကြေးပေးပြီးသားဖြစ်တဲ့အတွက် လယ်ယာမြေတွေကို သိမ်းတယ်ဆိုတာ
ပြောလာတော့  လုံးဝလက်မခံဘူး။
 ကျွန်တော့်အနေနဲ့ လယ်ယာအသိမ်းခံရလို့  ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ ကိုယ့်မျိုးရိုးစဉ် ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့  အခုလိုလာရောက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု ပြောပြခဲ့သည်။


ဝက်မှေးကျေးရွာမှ ဒေသခံတစ်ဦးကလည်း “အခုကျွန်တော်တို့ဖြစ်နေတဲ့ အခြေအနေက ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေကို အင်အားသုံးပြီး လုခံရတာပဲ။
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက  ကိုယ့်လူမျိုးကို အကာအကွယ် မပေးဘဲ စီမံကိန်းကို လုပ်နေတဲ့ တရုတ်လူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတယ်လို့ ပြောရမယ်။ ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုံးဝမလုပ်ဘူး။

ကျွန်တော်တို့ ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြတာတွေ ပြောပြတာတွေကို သူတို့က လုံးဝ လက်မခံပါဘူး။

 ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားဖို့အတွက် အသက်
ပေးတဲ့အထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ပြုလုပ်သွားပါမယ်"ဟု ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်းက သတ္တုတွင်းဝန်ကြီးဌာနမှ  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ လုပ်ပိုင်ခွင့်လွှဲပြောင်းခဲ့ကြောင်း သိရသည်။

 ယင်းစီမံကိန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ မြန်မာဝမ်ဘိုကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြေသယ်ယူသည့်လုပ်ငန်းနှင့် အခြားလုပ်ငန်းအချို့ကို ထူးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက “အခုဖြစ်နေတဲ့ပြသနာတွေမှာ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် တောင်သူတွေဘက်က

မှန်တယ်လို့ ပြောရမယ်။
 တောင်သူတွေ အနေနဲ့ကလည်း ကိုယ့်ဘက်ကမှန်နေတဲ့ ဖြစ်ရပ်တစ်ခုကို အမှန်ဘက်ကနေပြီးတော့ ပညာရှိရှိ တွေးခေါ်ပြီး ရင်ဆိုင်သွားဖို့ လိုအပ်ပါတယ်။
 ဒီစီမံကိန်းမှာ အဆောက်အအုံ ဆောက်လုပ်မှုအပိုင်းကိုပဲ တရုတ်ကုမ္ပဏီက အဓိကအနေနဲ့ 
တာဝန်ယူ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

လယ်ယာမြေသိမ်းခံရတဲ့ ဒေသခံတွေ ဆန္ဒဖော်ထုတ်မှု ဘာကြောင့်လုပ်နေရတယ်ဆိုတာကို တာဝန်ရှိသူတွေက သိပါတယ်။

 ဘာ့ကြောင့် အဆင်မပြေသေးတာ လည်းဆိုတာကို ကျွန်တော်စဉ်းစားလို့မရဘူး” ဟု လက်ရှိဖြစ်ပေါ်နေသော ကိစ္စနှင့်ပတ်သတ်၍ သုံးသပ်ပြောကြားခဲ့သည်။


ယခုဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တစ်နှစ်လျှင် ကြေးနီတန်ချိန် တစ်သိန်းမှ တစ်သိန်းခွဲအတွင်း ထုတ်လုပ်သွားမည်ဖြစ်ပြီး ကြေးနီ တန်တစ်ရာထွက်ရှိပါက ၅၁ တန်ကို တရုတ်ကုမ္ပဏီမှ ခံစားခွင့်ရရှိမည်ဖြစ်ပြီး ကျန်၄၉ တန်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရရှိမည်ဖြစ်သည်။


ဆောက်လုပ်မှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်အားလုံးကို တရုတ်ကုမ္ပဏီမှ တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။


ဆားလင်းကြီးဒေသ လက်ပံတောင်းတောင်၌ ကြေးနီသတ္တုသိုက်တွေ့ရှိမှုကို အိန္ဒိယ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ၁၉၃၄ ခုနှစ်က( THE MINERAL RESOURSES  OF BURMA)စာအုပ်တွင် မှတ်တမ်းတင်ခဲ့ကြောင်း၊


၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်တွင် ယူဂိုဆလပ် ပညာရှင်များနှင့် မြန်မာဘူမိဗေဒပညာရှင်များ တွဲဖက်လေ့လာပြီး လက်ပံတောင်းတောင်တွင် စိန်လွန်တူးပြီး ဆက်လက်တိုင်းတာသင့်ကြောင်း အစီရင်ခံခဲ့သည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ယခုလက်ရှိ အချိန်တွင် တရုတ်ဝန်ထမ်းဦးရေ ၁၅၀  ဝန်းကျင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


Eleven media group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )