22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, January 10, 2012

ခေတ်ကာလနှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ် သမ္မာတရား

                   မိလေနစ် ကာလမတိုင်မှီ ခရစ်တော်ကြွလာခြင်း။
                                       (PRE – MILENNIALISM)
          ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသည်ခေတ်ကာလအားလုံးကိုဖွင့်ပေးသောအဓိက
သော့ချက်တရပ်ဖြစ်သည်။ယုံကြည်သူအများစုသည်ခရစ်တော်ကိုယ်တိုင်ပြန်ကြွလာမည်ကိုယုံကြည်ေ
သော်လည်းပြန်လာမည့်အချိန်ကာလမှာခြားနားလျှက်ရှိသည်။တချို့ကမိလေနစ်မတိုင်ခင်ကြွလာမည်
ဟုယုံကြည်၍၊ တချို့ကမိလေနစ်ကာလွန်မှပြန်လာမည်ဟုယုံကြည်သောအဖွဲ့နှစ်ဖွဲ့ရှိသည်။မိလေနစ်
ကာလသည်(ဗျာ ၂၀း၁-၇)၌ပါရှိသောအနှစ်(၁၀၀၀)ကာလကိုခေါ်သည်။မိလေနစ်မတိုင်မှီခရစ်တော်
ကြွလာမည်ကိုယုံကြည်သူများသည်ဗျာဒိတ်ကျမ်းကိုသာဓိကထား၍ယုံကြည်နေလျှင်မှားယွင်းပေမည်။
အဓိကအချက်မှာမိလေနစ်ကာလမတိုင်ခင်(သို့)လွန်ပြီးမှခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကိုဗျာဒိတ်
ပေးခြင်းပင်ဖြစ်သည်။သမ္မာဟောင်းပရောဖက်များသည်မေရှိယအရှင်သခင်အုပ်စိုးမည့်ဖြောင့်မတ်ခြင်းနှင့်
ငြိမ်သက်ခြင်းပြည့်စုံသည့်အချိန်ကာလတခေတ်ကိုကြိုတင်ဟောပြောထားသည်။ပရောဖက်ပြုသည့်အတိုင်း
မြေကြီးပေါ်မှာမေရှိယအရှင်သခင်အုပ်စိုးသည့်နိုင်ငံတော်တည်ထောင်လိမ့်မည်ဟုတမန်တော်များခိုင်လုံစွာ
ယုံကြည်သည်ကိုယေရှုကအပြစ်တင်ခြင်းမပြုခဲ့ပေ။ ယေရှုအသေခံ၍ထမြောက်ပြီးကောင်းကင်သို့မတက်ကြွမှီ
တပည့်တော်များကဣသရေလအမျိုးသားတို့အားနိုင်ငံကိုပြန်ပေးတော်မူမည်လောဟုမေးမြန်းခဲ့သည်။
(၂ ၁း၆)
          ယေရှုကသင်တို့အလွှဲမယူကြနှင့်၊ပရောဖက်ပြုချက်အတိုင်းဤလောက၌ငါတည်ထောင်မည့်နိုင်ငံ
သည်ဝိညာဉ်နိုင်ငံဖြစ်သည်ဟုမိန့်ဆိုခြင်းမပြုခဲ့ပေ။သို့သော်လည်းတန်ခိုးအားဖြင့်စီရင်သောအချိန်ကာလ
ကိုသိရသောအခွင့်သင်တို့၌မရှိဟုဆိုခဲ့သည်။ (တ ၁း၇)
          သမ္မာဟောင်းကျမ်း၌မေရှိယကြွလာခြင်းသည်မိလေနစ်ကာလမရောက်မှီကြွလာခြင်းကိုဆိုလိုသည်။
၎င်းတို့သည်အနှစ်(၁၀၀၀)ကာလ(ဗျာ ၂၀း၁-၇)ကိုဖြောင့်မတ်ခြင်းတရားနှင့်ငြိမ်သက်ခြင်းတရားပြည့်စုံရာအချိန်
ကာလနှင့်တခုတည်းမှတ်ယူလေသည်။ ယုဒဘာသာတွင်(က ၂း၁-၃)၌အနားယူသည့်ဥပုသ်နေ့သည်ဖန်ဆင်း
ခြင်းမှစ၍သတ္တမမြောက်သည့်အနှစ်တစ်ထောင်သည်အနားယူသည့်သတ္တမနေ့(သို့)မိလေနစ်ခေတ်ကာလဖြစ်
သည်ဟုသင်ကြားသည်။ ဗျာဒိတ်ကျမ်းလည်းဤအချက်ကိုထောက်ခံသည်။ သို့သော်ဗျာဒိတ်ကျမ်းမရှိစေကာ
မူမိလေနစ်ခေတ်ကာလမတိုင်မှီယေရှုကြွလာမည်ဟုယုံကြည်ချက်သည်မပပျောက်နိုင်ပါ။ ကြွလာမည့်နေ့ရက်
ကိုမသိနိုင်ခြင်းတစ်ခုသာချွင်းချက်ဖြစ်သည်။
          တမန်တော်ခေတ်အသင်းတော်များတွင်လည်းနှစ်ပေါင်း(၂၀၀)ခန့်တိုင်အောင်မိလေနစ်ကာလမတိုင်မှီင်္
ယေရှုကြွလာမည်ကိုခိုင်မာစွာယုံကြည်ထားသည်။ အေဒီ (၂၅၀)၌ပုပ်ရဟန်းမင်းတစ်ပါးဖြစ်သောအိုရိဂယ်န်
(Origen)ကသမ္မာကျမ်းသည်အခွံရှိသောသစ်သီးကဲ့သို့အထဲ၌အဆံတည်းဟူသောအမှန်တရားရှိသည်ဟုဖွင့်
ဆိုခဲ့သည်။ ထိုအချိန်မှစ၍သူသည်ကျမ်းစာကိုပုံဆောင်ချက်ထုတ်၍၎င်း၊ ၀ိညာဉ်သဘောသက်ရောက်သေသော
နည်းဖြင့်၎င်း၊ ဖွင့်ဆိုခဲ့သည်။ ဤသို့ဖြင့်ပို၍ရှုပ်ထွေးခက်ခဲစေပြီးခရစ်တော်ကြွလာ၍ဤလောက၌သူ၏နိုင်ငံတော်
တည်ထောင်မည်ဟူသောယုံကြည်ချက်များမှာတဖြည်းဖြည်းမှေးမှိန်လာသည်။ အေဒီ(၃၂၃)၌ရောမအင်ပါယာ
ဧကရာဇ်မင်းကြီးကွန်စတာတင်း(Constantine)သည်ခရစ်ယာန်ဘာသာကောင်းမြတ်ခြင်းကိုနှစ်သက်၍နိုင်ငံ
တော်နှင့်ပူးပေါင်းဖွဲ့စည်းလိုက်သည်။ ထိုအချိန်မှစ၍သမ္မာကျမ်းစာအနက်ဖွင့်ဆိုချက်များသည်လွှဲမှားစပြုလာခဲ့
သည်။ ယုံကြည်သူအများစုသည်ရောမမြို့သည်အန္တိခရစ်(Anti Christ)ရုံးစိုက်ရာမြို့ဖြစ်သည်ဟုယူဆထား
သည်။ ရောမဘုရင်ကြားသိ၍သူသည်အန္တိခရစ်မဖြစ်နိုင်ကြောင်းတစ်နိုင်ငံလုံးကိုကြေငြာခဲ့သည်။ အသင်းတော်
သည်လည်းဘုရင့်အခွင့်ထူးခံဖြစ်သည့်အားလျော်စွာနှစ်တစ်ထောင်ကာလသည်သမ္မာဟောင်းကျမ်းဂျူးလူမျိုးထဲ
မှတဆင့်အသင်းတော်ထံသို့လက်ခံရရှိခဲ့ပြီဟုယုံကြည်ထားသောကြောင့်ပို၍ပင်လမ်းလွှဲမှားခြင်းသို့ရောက်ခဲ့
သည်။ ခရစ်ယာန်အသင်းတော်သည်အပြင်ပန်းအားဖြင့်ချယ်သထားသကဲ့သို့ဖြစ်သည်။ သို့တိုင်အောင်ရောမ
ဧကရာဇ်မင်းသည်အန္တိခရစ်ဖြစ်သည်ဟူသောအယူအဆသည်ပပျောက်ခြင်းမရှိခဲ့ပေ။ သို့ဖြစ်သောကြောင့်ပုပ်
ရဟန်းမင်းအသင်းတော်သည်သမ္မာကျမ်းစာမှဗျာဒိတ်ကျမ်းကိုထုတ်နှုတ်ခဲ့ပြီင်္းသမ္မာကျမ်းဖတ်ရှုခြင်းကိုပိတ်ပင်
ထားရန်ဆုံးဖြတ်ခဲ့သည်။ သမ္မာကျမ်းစာသည်တံဆိပ်ခတ်ထားသကဲ့သို့ဖြစ်၍ခရစ်ယာန်အသင်းတော်နိုင်ငံတစ်
ခုလုံးအမှောင်ချထားသကဲ့သို့ဖြစ်လာခဲ့သည်။နောက်ဆုံးအကျိုးရလဒ်မှာအမှောင်လွှမ်းသောခေတ်(Dark Ages)
ကိုဖြစ်ပေါ်စေသည်။သို့သော်လည်းဘုရားသခင်သည်ဤခေတ်ကာလ၌လည်းအလင်းတရားအတွက်သက်သေခံ
သူများပေါ်ထွန်းစေသည်။ သက်သေခံသူများမှာပေါလု၏တပည့်များ၊ အာဗီကေးနက်စ်(Albigeneses)ဂိုဏ်း၊
ဝေါသာနက်(Waldeneses)အဖွဲ့များနှင့်တခြားဂိုဏ်းအသင်းအဖွဲ့များဖြစ်သည်။
          သို့သော်လည်းအမှောင်ကာလသည်အမြဲမတည်ရှိနိုင်ချေ။ အချိန်ကာလစေ့ရောက်သောအခါဂျွန်ဝေဂ
လိဖ်(John Wycliff)ကဲ့သို့သောပြုပြင်ပြောင်းလဲရေးဝါဒီ၊ နံနက်မိုးသောက်ကြယ်ကဲ့သို့၎င်း။နေကဲ့သို့ထွန်းလင်း
တောက်ပ၍အမှောင်ခွင်းလိုက်သည့်ပြုပြင်ရေးသမား မာတင်လူသာ(Martin Luther)တို့ပေါ်ပေါက်လာသည်။
သူတို့ကမိလေနစ်မတိုင်မှီခရစ်တော်ကြွလာခြင်းကိုလှုံ့ဆော်ပေးခဲ့သော်လည်းကြာမြင့်စွာဤယုံကြည်ချက်ကို
မထိန်းသိမ်းနိုင်ခဲ့ချေ။ အသင်းတော်အတွင်း၌ဆူပူတိုက်ခိုက်ခံမှုများသောကြောင့်သင်းကွဲများစွာဖြစ်ပေါ်လာ
သည်။ ၀ိညာဉ်ရေးရာ၌ကျဆင်းမှုများလာပြီးလောကတွေးတောမြော်မြင်မှုအတတ်ပညာပိုင်းဆိုင်ရာ၌သာတိုး
တက်မှုဖြစ်ပေါ်စေခဲ့သည်။ ဤလောကကိုတရားစီရင်ခြင်းကဲ့သို့သောယုံကြည်ချက်ကိုငြင်းဆန်ခဲ့သည်။ ခရစ်
တော်သည်ဤလောက၌သူ၏နိုင်ငံတည်ထောင်လိမ့်မည်ဟူသောခံယူချက်ကိုသံသယရှိလာသဖြင့်အသစ်သော
အနက်ဖွင့်ဆိုချက်များ၊လိုအပ်လာသည်။ ၎င်းကိုဒံနီယယ်ဝိုက်ဘီ(Daniel Whitby- အေဒီ ၁၆၃၈-၁၇၂၀)
အင်္ဂလန်ပြည်မှဆရာကြီးကသမ္မာဟောင်းကျမ်း၌ဂျူးလူမျိုးအားသူတို့နိုင်ငံထူထောင်ရန်ဂတိတော်မျာနှင့်ဒါဝိဒ်မင်း
ကြီးရာဇပလ္လင်ထူထောင်ခြင်းများသည်အသင်းတော်အတွက်အသုံးပြုရန်ဝိညာဉ်ရေးဆိုင်ရာဂတိတော်များဖြစ်
သည်ဟုဖွင့်ဆိုသည်။ ၎င်းကိုသူကအသစ်သောယူဆချက်(New Hyopthesis)သတ်မှတ်သည်။
          ဣသရေလနှင့်ဇိအုန်တောင်သည်အသင်းတော်ကိုပုံဆောင်သည်ဟုသူကဆိုသည်။ ခြင်္သေ့နှင့်သိုးသ
ငယ်အတူတကွလဲအိပ်လိမ့်မည်ဟုဆိုခြင်းသည်ဟောင်းသောသဘောနှင့်အသစ်တို့ပေါင်းစပ်လိမ့်မည်ဟု
ဆိုခြင်းဖြစ်သည်။ ဂျေရုဆလင်မြို့၌နိုင်ငံတစ်နိုင်ငံထူထောင်၍ထိုနိုင်ငံကိုခရစ်တော်နှင့်သူ့တပည့်များအုပ်ချုပ်
ကြလိမ့်မည်ဟုဆိုခြင်းသည်ဇာတိသဘောဆန်၍ဆိုခြင်းဖြစ်သည်။ မဖြစ်နိုင်ချေ။ ဤကမ္ဘာပေါ်၌ဇာတိလူသား
နှင့်ဝိညာဉ်သဘောရောပြွန်းရောနှောပေါင်းစပ်နေလိမ့်မည်ဟုအဓိပ္ပါယ်သက်ရောက်စေသည်။
          သူ၏ယူဆချက်ကိုဟောပြောခြင်းအားဖြင့်မူဆလင်အယူအဆကိုတော်လှန်၍ ဂျူးလူမျိုးများနောင်တရ
ကာပုပ်ရဟန်းမင်းအသင်းတော်နှင့်ပုပ်ရဟန်းမင်း(အန္တိခရစ်)ပျက်စီး၍မိလေနစ်ခေတ်တည်းဟူသောဖြောင့်မတ်
ခြင်းနှင့်ငြိမ်သက်ခြင်းတရားပြည့်စုံသောကာလသို့ဆိုက်ရောက်လိမ့်မည်။ ဤကာလလွန်ခါနီးတွင်ဖြောင့်မတ်ခြင်း
ကိုပုန်ကန်တော်လှန်မှုပေါ်လာပြီးခရစ်တော်ကြွလာခြင်းဖြင့်အဆုံးသတ်လိမ့်မည်။  ခရစ်တော်ကြွလာချိန်၌သေ
ဆုံးသူများရှင်ပြန်ထမြောက်ပြီးတရားစီရင်ခြင်းခံ၇လိမ့်မည်။ ပြီးနောက်ကမ္ဘာမြေကြီးကိုမီးဖြင့်ရှို့၍ထာဝရအချိန်
ကာလသည်ထိုအချိန်မှစ၌စတင်လိမ့်မည်ဟုဆိုသည်။
          သူ၏ယူဆချက်သည်အသစ်သောတွေးဆသူများအလွန်နှစ်ခြိုက်သည်။ ဤယုံကြည့်ချက်ကိုအင်္ဂလန်
ပြည်အနှံ့အပြားသက်ဝင်ယုံကြည်ကြသဖြင့်အသင်းတော်သည်လွန်စွာနှိုးမှုကြီးဖြစ်လာခဲ့သည်။ ထိုအချိန်၌
ဝိုက်ဖီးဒ်(Whitefield)နှင့်ဝိုက်စ္စလမ်(Wesley)တို့၏ဟောပြောမှုများသည်ဝိုက်ဘီကဲ့သို့ပင်မိလေနစ်ကာလသို့
ရောက်နေသကဲ့သို့ဟောလေသည်။ သူ၏အယူအဆသည်လွန်စွာနှံ့ပြား၍အသင်းတော်၏ခံယူချက်အဖြစ်ယုံ
ကြည်ကြသော်လည်း၎င်းအယူအဆမှာအကယ်စင်စစ်မိလေနစ်ကာလလွန်မှခရစ်တော်ကြွလာမည်ဟူသော
ယုံကြည်သည့်အော့စ်ဒိုဒေါက်(Orthodox)ခံယူချက်သာဖြစ်သည်။ ဤယုံကြည်ချက်ပေါ်ပေါက်လာသည်မှာ
နှစ်ပေါင်း(၂၀၀)ခန့်သာကြာသေးသည်။ မိလေနစ်မတိုင်ခင်ခရစ်တော်ကြွလာမည်ဟူသောယုံကြည်ချက်သည်
ဟေရှာယနှင့်ဒံယေလခေတ်ကာလမှစတင်ယုံကြည်လာခဲ့ကြသည်။
          မှားယွင်းသောသြ၀ါဒဖြစ်သည့်မိလေနစ်ကာလလွန်မှခရစ်တော်ကြွလာမည်ဟူသောအယူအဆသည်
သမ္မာဟောင်းကျမ်းကိုအနက်ဖွင့်မှားသောကြောင့်ဝမ်းနည်းစရာဖြစ်စေသည်။ ဟေရှာယအနာဂတ္တိကျမ်း၄၃နှင့်
၄၄တွင်“ထာဝရဘုရားသခင်သည်မိမိအသင်းတော်ကိုနှစ်သိမ့်စေခြင်းငှါကြွလာတော်မူပြီ”ဟုရေးသားချက်သည်
အသင်းတော်ကိုပြောခြင်းမဟုတ်ပဲယာကုပ်နှင့်ဣသရေလအမျိုးကိုရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ သမ္မာကျမ်း
စာဖတ်ရှုသူများသည်တစ်ပိုဒ်လုံးကိုမဖတ်ရှုလျှင်ဤကဲ့သို့ဆိုလိုရင်းအချက်နှင့်လွဲမှားသွားနိုင်သည်။ ဗျာဒိတ်၁း၁
၌“ယောဟန်အားဗျာဒိတ်တော်အရိပ်” အစား“သခင်ယေရှု၏ဗျာဒိတ်တော်အရိပ်“ဟုဆိုသင့်သည်။မိလေနစ်
ခေတ်မတိုင်မှီ ခရစ်တော်ကြွလာခြင်းဟူသောယုံကြည်ချက်လည်းအနက်ဖွင့်ဆိုသူ(၃)ဖွဲ့ရှိလေသည်။ ၎င်းမှာ
အတိတ်ကာလဟုခံယူသူ၊ သမိုင်းအဖြစ်ခံယူသူနှင့်အနာဂါတ်ကာလအဖြစ်ခံယူသူများဖြစ်ကြသည်။
          အတိတ်ကာလအဖြစ်ခံယူသူများ၌ဦးစွာလှုံ့ဆော်ခဲ့သူမှာ ဂျီစူအာကာဇာ(Jesuit Alcazar) ဖြစ်သည်။
သူသည်အေဒီ(၁၆၁၄)ခုနှစ်၌ဗျာဒိတ်ကျမ်းကိုအနက်ဖွင့်ရာတွင်ရှင်ယောဟန်အချိန်ကာလ၌ဖြစ်ရပ်အဖြစ်ဖွင့်ဆို
ခဲ့သည်။ ရောမဘုရင်တိတု(Titus)ကဂျေရုဆလင်မြို့ကိုပျက်စီးခြင်းသည်ဗျာဒိတ်ကျမ်းပြည့်စုံသည်ဖြစ်၍ရောမ
ဧကရာဇ်မင်းကြီး နေရူး(Nero)သည်အန္တိခရစ်ဖြစ်သည်ဟုဖွင့်ဆိုလေသည်။
          သူ၏ဆိုလိုရင်းရည်ရွယ်ချက်မှာပုပ်ရဟန်းမင်းအသင်းတော်ကိုပြည့်တန်ဆာမအသင်းတော်အဖြစ်မှ၎င်း၊
ပုပ်ရဟန်းမင်းကိုအန္တိခရစ်အဖြစ်မှ၎င်းလျှော့ပေါ့ယုတ်လျော့စေရန်ရည်၇ွယ်ရင်းဆိုလိုခြင်းဖြစ်သည်။ သို့သော်
လည်းသူ၏ယူဆချက်ကိုလက်ခံသူအလျဉ်းမရှိချေ။
          သမိုင်းအဖြစ်ခံယူထားသောသူများသည်ဗျာဒိတ်ကျမ်းသည်ဂတိတော်များဖြစ်၍ရှင်ယောဟန်အချိန်မှစ
၍နောက်ဆုံးကာလအထိဤမြေကြီးပေါ်နှင့်အသင်းတော်၌ဖြစ်ပေါ်လာမည့်လမ်းကြောင်းဖြစ်သည်ဟုယုံကြည်
ထားသည်။ သူတို့သည်အသင်းတော်၌ဖြစ်လာသည့်ဖြစ်၇ပ်နှင့်ဗျာဒိတ်ကျမ်းကိုမကြာခဏနှိုင်းယှဉ်လျှက်ရှိသည်။
“အန္တိခရစ်”သည်“လူပုဂ္ဂိုလ်“ထက်“စံနစ်”တစ်ခုသာဖြစ်ပြီးရောမပြည်တန်ဆာမ
အသင်းတော်အားဖြင့်ပေါ်ပေါက်
လိမ့်မည်ဟုယူဆသည်။
          အနာဂတ်ကာလအဖြစ်ခံယူသူများသည်ဗျာဒိတ်ကျမ်းကိုမူရင်းအဓိပ္ပါယ်အတိုင်းယုံကြည်လက္ခံရမည်ဖြစ်
သည်ဟုဆိုသည်။ ဗျာဒိတ် ၃ အဆုံးမှစ၍အနာဂတ်ကာလတွင်ဖြစ်လမည့်အကြောင်းအရာများကိုရေးသားဖေါ်ပြ
ထား၍ဒံယေလကျမ်း၏သီတင်းခုနှစ်ဆယ်မြောက်သောသီတင်း၌ဖြစ်ပျက်လိမ့်မည်ဟုယုံကြည်ကြသည်။ ဤ
အနက်ဖွင့်ဆိုချက်သည် ၁၆-ရာစုမှစတင်ပေါ်ပေါက်လာပြီးဤအဖွဲ့သည်သည်းရှေးကျသောအဖွဲ့ဖြစ်သည်။
ကနဦးအသင်းတော်၏ခံယူချက်ဖြစ်သော်လည်းပုပ်ရဟန်းမင်းအသင်းတော်သြဇာအရှိန်အားဖြင့်ဤခံဟူချက်
မှေးမှိန်သွားခဲ့သည်။ သို့သော် ၁၉-ရာစု၌ပရိုစတက်အသင်းတော်များ၌ဤခံယူချက်ပြန်လည်ရှင်သန်လာခဲ့သည်။
ဤခံယူချက်ရှိသူများသည်ကျန်အဖွဲ့များထက်သာ၍များသည်။
          ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့်အနှစ်တစ်ထောင်ကာလသည်ကျမ်းစာ၌အဓိကသော့ချက်ဖြစ်
သည်။ပရောဖက်ပြုချက်များအားလုံးကိုလေ့လာကြည့်သောအခါအနှစ်တစ်ထောင်မတိုင်ခင်ခရစ်တော်ကြွလာ
လိမ့်မည်ဟူ၍ထင်ရှားစွာရေးသားထားကြောင်းတွေ့ရသည်။ ယင်းခံယူချက်သည်ကျမ်းစာအရ မှန်ကန်သော
ခံယူချက်ဖြစ်သည်။

THE DISPENSATIONAL TRUTH Or GOD’S PLAN AND PURPOSE IN THE AGES
Clarence Larkin
ဘာသာပြန်သူ - ဆရာဦးဂျော်ဆိုင်းယားငွါး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )