22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, January 10, 2012

ကမ္ဘာ့အကျော်ကြားဆုံးဖြစ်ပြီး ပျောက်ဆုံးသွားသော မြို့ကြီးများ

ဤဒဏ္ဍာရီဆန်လှသော မြို့လေး၏ အကြွင်းအကျန်များကို ၁၉ ရာစုအတွင်း တူရကီနိုင်ငံ အနာတိုလီယာဒေသတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒဏ္ဍာရီတို့အရ ဂရိတို့သည် အဆိုပါမြို့အား ပြာပုံအတိဖြစ်အောင် မီးရှို့ပစ်ခဲ့ကြသည်ဟုဆိုသည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ၆.၁ မီတာမြင့်သော နံရံကြီး ကို ဟာဆာလစ်တွင် တွေ့ရှိခဲ့သည်။ ယင်းနေရာတွင် တစ်ချိန်က မြို့ကြီးကိုးမြို့တည်ရှိခဲ့ပြီး ယင်းတို့ထဲမှ တစ်မြို့သည် ထရွိုင်မြို့ ဖြစ်သည်ဟု ဆိုသည်..
၂-ဘေဘီလုံ

ဘေဘီလုံမြို့၏ တွဲလောင်းကျနေသော ဥယာဉ်များသည် ဘေဘီလုံမြို့အနေဖြင့် အလွန်ထွန်းကားသော နိုင်ငံဖြစ်ခဲ့ကြောင်း သက်သေပြသည့် ကမ္ဘာကျော် သင်္ကေတများပင် ဖြစ်ပေတော့သည်။ ဘေဘီလုံမြို့၏ ခမ်းနားကြီးကျယ်မှူ့ကို သက်သေထင်ရှား မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ကျော်ကြားလှသော သမိုင်းပညာရှင် ဟီရိုဒေါက်တက်စ်က ဘေဘီလုံ၏ သမိုင်းကြောင်းများကိုရေးသားခဲ့သည်။ ဘေဘီလုံမြို့တော်၏ အုတ်ခဲနံရံများကို ၁၉ ရာစုတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော် မြောက်ဘက်နန်းတော်၏ အပျက်အစီးမျှသာဖြစ်သည်။ ဘေဘီလုံမြို့တော် အစ်ရှ်တာ ဂိတ်ဝကြီးမှ အတုံးအခဲများကို ဘာလင်မြို့ရှိ ပါဂါမွန်ပြတိုက်တွင် စုဆောင်းပြသထားသည်။
၃-အက်ခရိုတီရီ

ဘီစီ ၁၅၀၀ တစ်ဝိုက်က မီးတောင်ပေါက်ကွဲမှူ့ကြောင့် နစ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိမီ ကြေးခေတ်၏ မီနိုအန်ယဉ်ကျေးမှူ့ ထွန်းကားရာနေရာ ဖြစ်ခဲ့သည်။ အကောင်းအတိုင်းကျန်ရစ်နေသော လှေကားများ၊ အကောင်းဆုံး နံရံပန်းချီများနှင့် ကြွေထည်လက်ရာများကို ဂရိနိုင်ငံ ဆန်တိုရီနီ ကျွန်းပေါ်တွင် တွေ့ရှိခဲ့ရ သည်။ ပြင်းထန်သော မီးတောင်ပေါက်ကွဲမှူ့က အဆိုပါကျွန်း၏ ကြီးမားလှသော အစိတ်အပိုင်းကိုပင်လယ်ရေ အောက်သို့ နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါမြို့ကို ဒဏ္ဍာရီလာ အတ္တလန်တစ်မြို့တော်ဟု ယူဆကြသူများ ရှိသည်။

၎-မာချူးပစ်ချူး

၁၅၃၀ ပြည့်လွန်နှစ်များအတွင်း ထင်ရှားခဲ့သည့် အင်ကာအင်ပါယာ၏ အပျက်အစီးများနှင့်အတူ တွေ့ရှိရ သည်။ မာချူးပစ်ချူးသည် လူတို့၏ အမှတ်သညာထဲမှ လုံးလုံးလျားလျား ပျောက်ကွယ်နေခဲ့သည်။ သို့သော် ၁၉၁၁ ခုနှစ်တွင် အမေရိကန် လေ့လာစူးစမ်းရေးသမား ဟီရမ်ဘင်ဂမ်သည် အင်ကာတို့၏ ပျောက်ဆုံးနေ သောမြို့တော်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းနောက် အဆိုပါမြို့တော်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား လာကြသည်။ ယခုအခါ ရှူ့မငြီးဖွယ်လှပသည့် လှေကားထစ်များသည် ကမ္ဘာတစ်ဝန်းလုံးမှ ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြည့်ရှူ့ရာ နေရာဖြစ်လာသည်။

၅-ပီထရာ

နှင်းဆီသွေးရောင် ရှေးဟောင်းမြို့တော်သည် တောင်တန်းများအကြား နစ်မြုပ်နေခဲ့သည်။ ကမ္ဘာလှည့် ခရီးသည်များသည် အဆိုပါအံ့ဘနန်း နေရာသို့ ရောက်ရှိရန် အလွန်ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း မှ ၁.၆ ကီလိုမီတာခန့် လမ်းလျှောက်သွားရသည်။ အဆိုပါမြို့တော်တွင် သင်္ချိုင်းဂူပေါင်း ၁၀၀၀၊ ယဇ်ပူဇော်ရာစင်မြင့်တစ်ခုနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့ရှိသည်။ ၄င်းအပြင် စမ်းချောင်းငယ် ပေါင်းများစွာရှိသည်။ ဆွစ်လူမျိုး ခရီးသွား ဂျိုဟမ်ဘာ့ခ်ဟက်ဒ်က ၁၈၁၂ ခုနှစ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခြင်း မရှိခင် ၄င်းကို ဘီဒူအင်က သိခဲ့ကြသည်။

၆-အော်ရာဒါဆာဂလိန်း

အထက်တွင် ဖော်ပြခဲ့သော အခြားရှေးဟောင်းမြို့များနှင့်မတူဘဲ ပြင်သစ်မြို့တော်သည် မည်သည့်အခါကမှ လုံးလုံးပျောက်ဆုံးခြင်းမရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်အတွင်း ၄င်းဒေသတွင်နေထိုင်သူ ၆၂၄ ဦးကို နာဇီတပ် များက သတ်ဖြတ်ပစ်ခဲ့သည်။ ၁၉၄၄ ခုနှစ်ဇွန်လ ၁၀ ရက်နေ့တွင် ၄င်းဒေသမှလူအားလုံးအသတ်ခံရခြင်း ဖြစ်ပြီး မည်သည့်သက်ရှိတစ်စုံတစ်ရာမှ ကျန်ရစ်ခဲ့ခြင်းမရှိတော့ပေ။ ယင်းနောက် ယနေ့ခေတ်တွင် အဆိုပါမြို့တော်ကို သံဆူးကြိုးများထားရှိခဲ့သည်။ ရံဖန်ရံခါ အဆိုပါနေရာတွင် အမှတ်တရပွဲတော်များ ကျင်းပခဲ့သည်။

၇-ကာသေ့ဂ်ျ

ရွှံ့ဆေးဖြူများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းဆိပ်ကမ်းမြို့ဖြစ်သည်။ မြို့ တော်သည် စစ်ပွဲကြောင့် နှစ်ကြိမ်တိုင်တိုင် ပျက်စီးခဲ့ရသည်။ ပထမအကြိမ်မှာ ဘီစီ ၁၄၆ က ပျူနစ်စစ်ပွဲအတွင်း ရိုမန်များ၏ တိုက်ခိုက်ဖျက်ဆီးမှူ့ ခံခဲ့ရသည်။ ဘေဒီ ၆၉၈ တွင် နောက်ထပ်တစ်ကြိမ် အာရပ်တို့၏ တိုက်ခိုကဖျက်ဆီးမှူ့ကို ခံရပြန်သည်။ မြို့တော်၏ အပျက်အစီးများသည် တူနီးရှားနိုင်ငံ ဘာဆာတောင်ကုန်းတစ်လျှောက် ပြန့်ကျဲကျန်ရစ်ဆဲ ဖြစ်သည်။

၈-တီကော

မာယာယဉ်ကျေးမှူ့ထွန်းကားရာ မြို့တော်ဖြစ်ပြီး တစ်ချိန်က အဆောက်အအုံပေါင်း ၄၀၀၀နှင့် နေထိုင်သူပေါင်း ၉၀၀၀၀ ရှိခဲ့သည်။ တီကောမြို့တော်သည် အေဒီ ၉၀၀ ခန့်တွင် အံ့ဖွယ်လူသူကင်းမဲ့သွားခဲ့သည်။ ယင်းနောက် နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ တောအုပ်ကြီးက ၀ါးမြိုထားခဲ့သည်။ ၁၉ ရာစုရောက်မှသာ ဥရောပ စူးစမ်းလေ့လာရေးသမားများက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၉-ကူးလပ်

ပီရူးနိုင်ငံ မြောက်ပိုင်းတောအုပ်ထဲ ပျောက်ကွယ်နေသောမြို့ဖြစ်သည်။ သူ၏ခံတပ် နံရံများသည် အင်ကာယဉ်ကျေးမှူ့ထက် စောစွာတည်ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းမြို့တွင်နေထိုင်ခဲ့သူများမှာ ချာချာပိုယာလူမျိုးများ ဖြစ်ခဲ့သည်ဟု ဆိုသည်။ သူတို့သည် အိမ်များ၊ ကျောင်းတော်များနှင့် သင်္ချိုင်းဂူများကို တည်ဆောက်ခဲ့ ပြီး ပတ်ချာလည်တွင် ၁.၈မီတာအလျားရှိ ကျောက်တုံးနံရံရှိသည်။

၁၀- အန်ကော

နှစ်ပေါင်း ၁၄၀က ပြင်သစ်စူးစမ်းလေ့လာရေးသမား အွန်နရီ မိုဟော့က ရှာဖွေတွေ့ရှိခဲ့သည်။ မြို့တော်တစ်ခုလုံးတွင် ၉ ရာစုမှ ၁၄ ရာစုအတွင်း တည်ဆောက်ခဲ့သည့် ခိုင်ခံ့သော ဘုရားကျောင်း တော်များရှိသည်။


source..hyde group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )