22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

ပျက်စီးခြင်းနှင့် ချမ်းသာခြင်း

ထို့ကြောင့် ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ ၌ ဆီးတားနိုင့်သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီး ၍ ခံရပ် နိုင်မည့် အကြောင်း ဘုရားသခင်ပြင်ဆင် တော်မူသောလက်နက်စုံကို ယူဆောင်ကြလော့။ ...ဘုရားသခင်၏ နှုတ်ကပတ် တော်တည်းဟူ သောဝိညာဉ်တော်၏ ထားကို၎င်း ယူဆောင်ကြလော့(ဧ ၆း ၁၃၊ ၁၇)။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက် တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးအဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်း ခွင်းတတ်၏။ စိတ်နှလုံး အကြံအစည် များကိုလည်း သိမြင်တတ်၏
(ဟေဗြဲ ၄း၁၂)။

ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့ ၎င်း၊ ကျောက်ကို ထုချေသော သံတူကဲ့သို့ ၎င်းဖြစ်သည် မဟုတ်လော ဟု ထာဝရ ဘုရား မေးတော်မူ၏(ယေ ၂၃း၂၉)။

ယုံကြည်ခြင်းကို အစအဦး စုံလင်စေသောသခင်ဘုရားကို စေ့စေ့ ထောက်ရှု ဆင်ခြင် သောအခါတွင်လည်း သခင်ဘုရားသည် စာတန်၏ စုံစမ်း လှည့်ဖြားခြင်း များကို ပထမ အာဒံကဲ့သို့ ကျဆင်းဆုံးရှုံး သွားခြင်း မရှိဘဲ အောင်မြင် ခဲ့သည်မှာ ကျမ်းစာ အားဖြင့်သာ ဖြစ်ကြောင်း အထင်အရှားပင် ဖြစ်ပါသည်။

(ရှင်မဿဲ ၄း၁-၁၁)
တွင် သခင်ဘုရားက ဤလောကတွင် နေစဉ် စာတန်၏ပရိယာယ်များ နှင့်လှည့်စားဖြား ယောင်းသွေး ဆောင်ခြင်းများကို မည်ကဲ့သို့အောင်နိုင်ကြောင်းကို သက်သေပြထား ပါသည်။ ဆရာကြီး ဒီအယ် မူးဒီက သမ္မာကျမ်းစာ ဆိုတာ အသိတရား ရရှိရုံသက်သက် မဟုတ်ပါ။ လက်တွေ့ နာခံလိုက် လျှောက်ဖို့ ဖြစ်သည် ဟု အလွန် ဆီလျော်သော စကားကို ဆိုခဲ့ဖူးပါ သည်။

သခင်ဘုရားအား စာတန်မှ စုံစမ်းသွေး ဆောင်ခြင်းကို အရင်း စစ်ကြည့်သော အခါ ကမ္ဘာဦးကျမ်း ကတည်းက အာဒံအား သွေးဆောင်ဖြား ယောင်းခဲ့သော နည်းဗျူဟာ အဟောင်းကြီးပင် ဖြစ်ကြောင်း သိရ ပါသည်။

၁။ အာဏာတန်ခိုးအခွင့်များကို အလွဲသုံး စားပြုကာ မိမိ၏ စားဝတ်နေရေး ပြေလည်အောင် မလုပ် ဆောင်ခြင်း

သခင်ယေရှုခရစ်သည် ဘုရားသားအစစ် အမှန်ဖြစ်သလို ဘုရားစင်စစ်လည်းဖြစ်ပြီး လူ့ လော ကသို့ လူ့ဇာတိကိုခံယူပြီး ကြွလာသောအရှင် သခင်ဖြစ်၍ တန်ခိုးတော် အနန္တလည်း ရှိပါသည်။ စာတန်က ထိုတန်ခိုးများကို အသုံးပြု၍ ကျောက်ခဲများကို မုန့်ဖြစ်စေပြီး ဘုရားသားတော် မှန်ကြောင်း သက်သေပြခိုင်းပါသည်။ ဘုရားသားတော်မှန် သောကြောင့်၎င်းင်း၊ မိမိ၌ရှိသော တန်ခိုးကို မိမိကိုယ်အား ပြစားရန် အလွဲသုံးစား မပြုလို၍ ၎င်း စာတန်၏ လှည့်ဖြား သွေးဆောင် မှုကို သခင်ဘုရား အောင်မြင်ခဲ့သည်မှာ ကျမ်းစာကို နှလုံးသွင်းထား၍ ထိုနှုတ်ကပတ်တော် ထားဖြင့် အောင်မြင်ခဲ့ပါသည်။ လူသည်မုန့်အားဖြင့်သာ အသက် မွေးရသည် မဟုတ်။ သခင် ဘုရား မိန့် တော်မူသမျှ အားဖြင့်သာ မွေးရမည်၊ ကျမ်းစာလာသည် ဟု ပြန်၍ မိန့် တော်မူ၏။ (မ ၄း၎)။

 ၂။ သမ္မာကျမ်းစာကို အလွဲသုံးခြင်းပြု၍ မိမိကိုယ်ကို လူအများအထင်ကြီးလာရန် ဘုရားသခင်အား စိန်ခေါ်မှု မလုပ်ဆောင်ခြင်း

စာတန်က ကျမ်းစာကိုအသုံးပြုကာ ဗိမ္မာန်တော်အထွဋ်မှ အောက်သို့ခုန်ချလိုက်ပါက ကျမ်းစာ၌ (ဆာ ၉၁း၁၁-၁၂) ကတိရှိသည့် အတိုင်း ကောင်းကင် တမန်များက သင့်ကို လက်ဖြင့် မစချီပင့် ထားမည်ဟု စုံစမ်း သွေးဆောင် ပြန်ပါသည်။ အချို့အနက်ဖွင့် ကျမ်းများက သခင် ဘုရား ဤ ကဲ့သို့ ခုန်ချ လိုက်သော အခါ အောက်မှ ကောင်းကင် တမန်များက ချီပင့်ထားသည်ကို လူတွေ မြင်ပါက သခင် ဘုရားအား အလွန်မှ အထင်ကြီးပြီး ရိုသေ ရှိခိုးလာ ကြရန် စာတန်က ကလိမ် ညဏ်ဆင် သည်ဟု ဖေါ်ပြ ထားပါသည်။ တစ်နည်း ဆိုရသော် သမ္မာ ကျမ်းစာကို အသုံးချပြီး မိမိကိုယ်ကို လူအများအ ထင်ကြီးအောင် မိမိကို လူအများ ရိုသေ ရှိခိုးချင် လာအောင် လုပ်သူ စာတန်၏ သွေးဆောင် ဖြားယောင်း မှုကို သခင်ဘုရားက သင်၏ ဘုရားသခင်ကို သင် သည် အစုံအစမ်း မပြုရ ဟု ကျမ်းစာ လာသည်ဟု မိန့်တော်မူ၏။ (မ ၄း၇)။

၃။ ထာဝရဘုရားကို ကိုးကွယ်ခြင်းထက် စာတန်အား ကိုးကွယ်မှု မပြုရန်

နောက်ဆုံး စာတန်က သခင် ဘုရားအား အလွန် မြင့်လှသော တောင်ပေါ်သို့ ဆောင်သွားပြီး တစ်လောက လုံးကို မြင်စေကာ သူအား ညွတ်ပြပ် ကိုးကွယ်လျှင် တိုင်းနိုင်ငံများ၏ ဘုန်းကို ပေးမည်ဟု သွေးဆောင် ဖြားယောင်း ခဲ့ပါသည်။ ဘုန်းရှိ လာသော လူများကို လူအများက ကိုးကွယ်လာ ကြပါသည်။ တစ်နည်းဆိုရသော် လူသားအချင်း ချင်း၏ ကိုးကွယ် အားကိုးမှုကို လိုချင်၍ ဘုန်းတန် ခိုးကြီးမားအောင် လုပ်ခဲ့သော ပုဂ္ဂိုလ် များစွာကို သမိုင်း အဆက်ဆက် ကျွန်ုပ်တို့ တွေ့ဖူးကြ ပါလိမ့်မည်။ ထို စုံစမ်းခြင်း ကိုလည်း သခင် ဘုရားက အချင်း စာတန် ငါ့နောက်သို့ ဆုတ်လော့။ သင်၏ ဘုရားသခင်ကို ကိုးကွယ်ရမည်။ ထို ဘုရားသခင် ကိုသာ ၀တ်ပြု ရမည် ကျမ်းစာ လာသည်ဟု မိန့် တော်မူ၏။ (မ ၄း၁၀)။

သခင် ဘုရားကဲ့သို့ စာတန်၏ သွေးဆာင်မှု များကို အောင်မြင် နိုင်ရန် ကျွန်ုပ်တို့၌ နှုတ်ကပတ် တော်တည်း ဟူသောထား ရှိနေပါပြီ။ ထိုထားကို ထက်အောင် သွေးကာ စာတန်၏ ပရိ ယာယ် နှင့် သွေးဆောင် ဖြားယောင်းမှု များကို အောင်မြင်ရန် ဘုရားသခင် ကောင်းကြီးပေး မစပါစေ။

ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း ဇာတိ ပကတိ အလိုသို့ လိုက်၍ စစ်တိုက် ကြသည် မဟုတ်။ ငါတို့ စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိ ပကတိ လက်နက် မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက် နိုင်သော လက်နက် ဖြစ်၏။ ထိုလက်နက်အား ဖြင့် လူတို့၏ အကြံအစည် တို့ကို၎င်း၊ ဘုရားသခင်ကို သိသော ပညာကို ဆီးတားသော မာန်မာန ရှိသမျှ တို့ကို၎င်း နှိမ့်ချ မှောက်လှန်၍ ခပ်သိမ်းသော စိတ်တို့ကို ဖမ်းချုပ် ထားလျက် ခရစ်တော်၏ စကား တော်ကို နားထောင်စေကြ၏
။(၂ကော ၁၀း၃-၅)။

ကျွန်တော် ဘယ်လောက်ပဲ ပင်ပန်းနွမ်း နယ်ပါလေစေ..သမ္မာကျမ်းစာကို မဖတ်ဘဲ အိပ်ခဲ့တဲ့ ညတစ်ည မှမရှိပါ..။
(ဗိုလ်ချုပ်ကြီးဒေါက် ကလပ်မက်အာသာ)။

နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူ သည် ပျက်စီးလိမ့်မည်။ ပညတ် တရားတော်ကို ခန့် ညားသော သူမူကား ချမ်းသာ ရလိမ့်မည်
(သုတ္တံ ၁၃း၁၃)။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )