22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

WINDOWS - 7 USER GUIDES ( Part 5 )

အခုတင်ပြမယ့် Windows 7 အတွက်အကြောင်းအရာလေးကတော့ "Take Charge Of Automatic Updates"
(အလိုအလျောက်Updateလုပ်ခြင်း) ပါပဲခင်ဗျာ ။ ဒီအရာလေးဟာလဲ ကျွန်တော်စုဆောင်းထားခဲ့တဲ့ အရာတွေထဲ
ကတစ်ခုပါပဲ။[ဘာလို့အဲဒီလိုပြောရသလဲဆိုရင် ကျွန်တော်ဟာ ITသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ITသမားဖြစ်တာနှင့်အညီ ကျွန်တော်အားလုံးကိုလုပ်ကြည့်တယ်။စမ်းသပ်တယ်။ နည်းပညာစာအုပ်တွေဖတ်တယ်
မှတ်တယ်။ပြီးရင်ကျွန်တော့်ရဲ့မှတ်စုစာအုပ်ထဲကူးသွားတယ် ။ ပြီးရင်အိမ်က Laptop မှာအကုန်လျှောက်စမ်းတယ်
ကျွန်တော်က ITသမားကိုး ဟီးဟီး.....။ အဲ့ဒါကြောင့်လားမသိဘူး အိမ်က Laptop ကြီးလည်းရစရာကိုမရှိဘူး ။
စုပ်ပြတ်သတ်လို့။ အိမ်ကတော့နင့်ကို ဒီလိုဖျက်ဆီးပစ်ဖို့ဝယ်ပေးထားတာ မဟုတ်ဘူးဆိုပြီးခုအသက် 18 နှစ်ထိ
အရိုက်ခံရသေးပါရောလားဗျာ ။ သြော်.....ITသမားကိုး...ဟဲဟဲ။] ကဲစကြရအောင်နော်။ ကွန်ပျူတာကို ညဘက်
မှာမသုံးတော့ဘူး ။ ပိတ်လည်းမသွားဘဲဒီအတိုင်းထားခဲ့တယ် ။ နောက်တစ်နေ့မနက်ပြန်လာရင် အင်တာနက်
ချိတ်ထားတဲ့ကွန်ပျူတာဆိုရင် Download တွေချထားလို့ပရိုဂရမ်တွေ ပိတ်နေတာမျိုးနဲ့ကြုံရတတ်ပါတယ်။
အဲဒါကို Cancled ပြန်လုပ်ဖို့အချိန်အတော်လေးကြာကြာစောင့်ရတယ်။ကွန်ပျူတာက Automatic Update
လုပ်နေတာကြောင့် Restartတွေအကြိမ်ကြိမ် လုပ်နဲ့ကွန်ပျူတာသုံးရတာ အဆင်မပြေဖြစ်တတ်ပါတယ်။ဒါဆို
ရင်အလိုအလျောက် Updateမလုပ်နိုင်အောင် Disableလုပ်ရပါလိမ့်မယ် ။ Automatic Updateလုပ်တယ်ဆို
တာက Updateတွေအလိုအလျောက် Installလုပ်နေမယ်၊Updateတွေကို Downloadလုပ်နေတာကို ရွေးချယ်
ပေးဖို့လိုမယ်။အရာရာတိုင်းကို Updateလုပ်နေဖို့မဟုတ်ဘူး။ကိုယ်လုပ်ချင်တာကိုယ်ရွေးချယ်နိုင်ခွင့်ရှိရမယ်။
Updateကိုဘယ်တော့မှပြန်ပြီး Checkမလုပ်ချင်ဘူး။ Automatic Updateလုပ်ချင်ရင် 1 - Start ကို Click
လုပ် ၊ Control Panel ကို Click လုပ် ။ 2 - System and Security ကို Click လုပ် ။ 3 - Turn Automatic
On or Off ကို Click လုပ် ။ 4 - ကိုယ့်ကွန်ပျူတာကိုယ် Update လုပ်ချင်သလို ကြိုက်တာကိုရွေးနိုင်တယ် ။
5 - OK ကို Click လုပ်မယ် ။ ဒါဆိုရင် Update လုပ်တိုင်းမလိုအပ်တာတွေကို လိုက်ပြီး Install မလုပ်အောင်
တားဆီးနိုင်ပါလိမ့်မယ်လို့ ညွှန်ပြရင်း အဆုံးသတ်လိုက်ပါရစေခင်ဗျာ ။
                                 ဟိုဟာတင်လိုက် ဒီဟာတင်လိုက် တင်ချင်သမျှကို လျှောက်လျှောက်တင်နေတဲ့
                                                                     သု ဇေ ရှိုင်း
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )