22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

WINDOWS - 7 USER GUIDES ( Part 4 )

ထုံးစံအတိုင်းပေါ့ခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ ပရိုဂရမ်တွေထဲကတစ်ခုဖြစ်တဲ့ "Remove UnwantedSoftware" (မလိုအပ်သောဆော့ဖ်ဝဲများကို ဖယ်ရှားခြင်း)ဆိုသောခေါင်းစဉ်လေးနဲ့ အတူ Update ဖြစ်နေတဲ့စာသားတွေကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ကဲ.....စပြီနော်။ Windows မှာပါလာတဲ့ Add/Remove ကိုသုံးပြီး ပရိုဂရမ်တစ်ခုကိုဖယ်ရှားပစ်မယ့်အစား အခြားဆော့ဖ်ဝဲတစ်ခုကိုသုံးရင် ပိုကောင်းတာတွေရှိပါတယ် ။ပိုပြီးတော့ဟာ့ဒ်ဒစ် Spaceကိုပိုရစေပြီး ပြန့်ကျဲနေတဲ့ဖိုင်တွေကို ပိုပြီးစီထားပေးနိုင်ပါတယ်။ သုံးသင့်တဲ့ဆော့ဖ်ဝဲတစ်ခုကိုအကြံပြုချင်ပါတယ်။အဲဒါကတော့ PC Decrapifier ပါ။(ဒီနေရာလေးမှာဒေါင်းယူပါခင်ဗျာ )အဲဒီဆော့ဖ်ဝဲနဲ့ မလိုအပ်တဲ့ဆော့ဖ်ဝဲတွေ ၊ ဖိုင်တွေကိုသူကရှာဖွေပြီးရှင်းနိုင်ပါတယ်။ ဖိုင်ကို Download ချပြီးရင် .EXE ဖိုင်ကို Install လုပ်စရာမလိုဘဲဖိုင်ကို Click လုပ်တာနဲ့ ပရိုဂရမ်က Runပါတယ် ။ တကယ်လို့ ဗိုင်းရပ်စ်ကာကွယ်ရေးဆော့ဖ်ဝဲတစ်ခုခုကိုတင်ထားရင် အဲဒီ .EXEဖိုင်ကိုဖွင့်တဲ့အခါ ပြဿနာရှာနိုင်ပါတယ်။ အဲဒီသတိပေးချက်ကို ဂရုမစိုက်ပါနဲ့။ ဆက်လုပ်လို့ရပါတယ် ။ ဒီပရိုဂရမ်ကို Run ရင် Wizard အတိုင်းတစ်ဆင့်ပြီးတစ်ဆင့် ပြီးတဲ့အထိ Run သွားလို့လည်းရပါတယ် ။ ကိုယ်ဖျက်ချင်တဲ့ပရိုဂရမ်တွေကို ရွေးချယ်လိုက်မယ်။ ဒီအချိန်မှာတော့ သတိပေးချက်တွေထွက်လာမယ် ။ Nextကို Click လုပ်ပြီးကွန်ပျူတာကို Clean လုပ်နိုင်ပါပြီ ။ တကယ်လို့ Clean လုပ်စရာမတွေ့ ဘူးဆိုရင်လည်း သူကပြောပြီးမှ ထွက်သွားလိမ့်မယ် ။ ကဲ.....ကျွန်တော်တင်ဆက်ချင်တာတော့ ဒီအထိပါပဲခင်ဗျာ ။ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )