22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

WINDOWS - 7 USER GUIDES ( Part 3 )

"Task bar ရဲ့ Notification Area ကိုထိန်းချုပ်ခြင်း"
  အားလုံးကပြောကြလိမ့်မယ်ခင်ဗျ ကျွန်တော်ဟာဘာလို့ Windows X.P အကြောင်းကျမဆွေးနွေးဘဲ
Windows 7 ကိုပဲဆွေးနွေးပါလိမ့်ပေါ့ ဟုတ်ကဲ့ခင်ဗျ ကျွန်တော့်မှာ Windows 7 အကြောင်းပဲစုဆောင်း
ထားတာရှိလို့ပါ (အဟီး ... အလကားစတာပါခင်ဗျာ) ခုလူတော်တော်များများအသုံးပြုတဲ့ OS (Operating
System) ကအဲ့လိုပြောလိုက်ရုံနဲ့တင် Windows 7 ပဲလို့သိကြပါလိမ့်မယ် လူတော်တော်များများဟာ
Windows 7 ကိုအသုံးပြုနေကြပေမယ့် သူ့ရဲ့ပုန်းကွယ်နေတဲ့ Systemတွေကိုတော်ရုံတန်ရုံနဲ့သတိမထားမိကြ
လို့  ကျွန်တော်ကစုဆောင်းထားတဲ့ဟာတွေထဲက Windows 7 အကြောင်းကိုပဲဆွေးနွေးပေးရတာပဲဖြစ်ပါတယ်
နောက်ပိုင်းမှာအားလုံးဆန္ဒရှိမယ်ဆိုရင်တော့ Windows X.P အကြောင်းလေးကိုဆွေးနွေးပေးပါမယ်ခင်ဗျာ
 ကဲစလိုက်ကြရအောင်နော် -    Notification Area ဆိုတာက အောက်ခြေညာဘက်အစွန်လောက်မှာရှိတယ်
System ရဲ့သတိပေးချက်တွေ ၊ alert လုပ်တာတွေကိုဖေ*်ပြပေးရတယ် ဥပမာ - နောက်ကွယ်က ဘယ်လို
ပရိုဂရမ်တွေ Runနေတယ်ဆိုတာကအစ အဲဒီနေရာမှာသိနိုင်တယ် Windows ရဲ့လျှို့ဝှက်ချက်တွေအများဆုံး
နေရာလို့ပြောနိုင်တယ် အကောင်းဆုံးပြန်ပြီးစီစဉ်ချင်တယ်ဆိုရင်တော့ .....
 1 - ညာဘက်အစွန်ဆုံးနားလောက်မှာ up arrow ခေါင်းလေးကိုClickလုပ်လိုက်တာနဲ့ Customize ဆိုတဲ့
      Box လေးပေါ်လာလိမ့်မယ် အဲ့ဒီထဲက Application တိုင်းဟာအလွယ်ကူဆုံး Run နိုင်အောင်စီစဉ်
      ပေးထားတာတွေပဲ Customize ကို Click လုပ်လိုက်ရင် ဘယ် icon ကိုဖေ*်ပြပေး ၊ ဘယ် iconကို
      ဖျောက်ပေး အားလုံးစီစဉ်နိုင်တယ် ပြောင်းပြီးရင် OK ကို Click ပါ
 2 - အဲဒီညာဘက်အောက်ခြေမှာပဲ Clock ; Volume ; Network ;Power တွေကိုလည်းပြင်ဆင်ထိန်းချုပ်
      နိုင်တယ် Customize ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ Window ထဲမှာ အောက်ခြေနားက Turn System
      On or Off ဆိုတာကို Click ထပ်လုပ်လိုက်ရင် Clock ; Volume ; Network ; Power တွေကိုအဖွင့်
      အပိတ်လုပ်နိုင်တဲ့ Window ထပ်ပေါ်လာလိမ့်မယ် အဲဒီထဲကနေပြီးတော့လည်း ထိန်းချုပ်နိုင်တယ်
      ပြီးရင်တော့ OK လုပ်ပေါ့
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )