22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

WINDOWS - 7 USER GUIDES ( Part 2 )

" ပျောက်နေတဲ့ ပုံလှလှတွေ ဖေ*်ထုတ်ပြန်ရချင်လျှင် "    ဒါလဲကျွန်တော်စုဆောင်းလေ့လာထားတဲ့ အရာတွေထဲကတစ်ခုပါ မှတ်မှတ်ရရ ဒီပရိုဂရမ်လေးကို Computer
Magazine တစ်ခုကနေရှာတွေ့ လို့ လက်တွေ့ စမ်းသပ်ပြီး စုဆောင်းထားတာပါ အခုတော့ကျွန်တော့် ပရိသတ်
တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ
      Windows 7 ကိုပထမဦးဆုံး Install လုပ်စဉ်က များသောအားဖြင့် Time နဲ့  Currency တွေလောက်သာ
သတိထားမိကြတာများတယ် Theme တွေနဲ့ ပတ်သက်တဲ့ Location တွေကိုသတိထားမိသူ နည်းပါတယ်
တကယ်လို့  Time နဲ့  Currency ကို English (United Kingdom) လို့ ရွေးလိုက်ရင် ၊ Desktop ရဲ့ Background ဟာလည်း UK နဲ့ ပတ်သက်တဲ့ Background (wallpaper) တွေပဲ ဖြစ်သွားဖို့ များပါတယ် နောက်ခံပုံတွေမှာ အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ပုံလှလှတွေအများကြီးရှိနေပါသေးတယ် ဥပမာ - Australia ; Canada ; Great Britain ; South Africa ; နိုင်ငံတွေရဲ့ ပုံလှလှတွေကျန်နေပါသေးတယ်
ဒီပုံလှလှတွေကို ပြန်လိုချင်ရင် လုပ်နိုင်တဲ့နည်းတွေ ရှိပါတယ်
      1 - Windows + R = Run ဖြစ်အောင်နှိပ်ပါ C:\Windows\Globalization\MCT လို့ရိုက်ထည့်ပြီး
Enter ခေါက်ပါ (တကယ်လို့ ထူးထူးခြားခြားကိုယ့် Windows က C: ထဲမှာ Install လုပ်ထားတာမဟုတ်ရင်
တခြား Letter ကိုပြောင်းရိုက်ပါ )
      2 - Windows Explorer က Sub-folder တွေကို ညာဘက်ခြမ်းမှာပြလိမ့်မယ် MCT-AU ; MCT-CA ;
MCT-GB ; MCT-US ; MCT-ZA ဆိုပြီး Folderတွေပေါ်လာမယ် အဲ့ဒီ Folderတွေထဲမှာ နိုင်ငံအလိုက်ပုံတွေပါလာမယ်
     3 - ခုဆိုရင် Search Box ထဲမှာ (ညာဘက်ထိပ် ထောင့်ဆုံး) အကွက်ထဲမှာ *theme လို့ရိုက်ထည့်ပါ
ဒါဆိုရင်ပုန်းနေတဲ့ theme တွေအားလုံးပေါ်လာလိမ့်မယ်
     4 - အဲ့ဒီ theme တွေအားလုံးလိုချင်ရင် Ctrl + A = Select All လုပ်ပါ ပြီးရင် Ctrl + C = Copy လုပ် ၊
ပြီးရင် C:\Windows\Resources\Themes ထဲမှာသွားပြီး Paste လုပ်လိုက်ပါ Personalization gallery
ထဲက installed theme ကိုဖွင့်ပါ ( Personalize လုပ်ချင်ရင် Desktop ပေါ်မှာ Right Click လုပ်ပြီး
စိတ်ကြိုက်ပုံကို ရွေးချယ်ပါ )
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )