22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, January 9, 2012

WINDOWS - 7 USER GUIDES ( Part 1 )

ကဲ.....ကျွန်တော်လဲသိလို့ တတ်လို့မဟုတ်ပါဘူး ။ စုဆောင်းထားတာလေးတွေကို ပြန်လည်ဝေမျှတဲ့သဘောပါ ။
   Create the Batch File ( Batch File ကိုတည်ဆောက်ခြင်း )
Notepad ကိုဖွင့်ပါ ။ စာတန်းနှစ်တန်းလောက်ပဲ ရိုက်ရပါမယ် ။
           cd C:\Users\%username%\AppData\Local
           rmdir/S/Q Temp
အဲဒီဖိုင်ကို cleantemp.bat ဆိုပြီး Save လုပ်ထားလိုက်မယ် ။ ပြီးရင်အဲ့ဒီဖိုင်ကို Double Click လုပ်လိုက်တာနဲ့
Temporaryဖိုင်တွေရှင်းပြီးသွားသလို လုပ်ရကိုင်ရလွယ်ပြီး ကွန်ပျူတာအတွက် ကောင်းသွားပါလိမ့်မယ် ။
 နောက်တစ်နည်းကတော့
           Windows Key + R = Run ကိုဖွင့် temp ဆိုတဲ့စာလေးကိုရိုက်ပြီး Enter ခေါက်။ ပြီးရင်အထဲမှာ
ရှိတဲ့ ဖိုင်တွေကို Ctrl + A နဲ့ Select ပေးပြီး Shift + Del ကီးနဲ့ဖျက်ပါမယ် ။ ပြီးရင် OK ကိုခေါက်ပါ ။ အကယ်၍ ERROR ပြလာတယ်ဆိုရင် အပေါ်ဆုံးဖိုင်ကနေ တစ်ခုချင်းစီ SELECT ကိုဖျက်ပြီး Shift + Del  ကိုဆက်တိုက်လုပ်သွားပါ ။ ဖိုင်တချို့တော့ကျန်ခဲ့ပါလိမ့်မယ် ။ အဲ့ဒါကဖျက်မရတဲ့ဖိုင်တွေပါ ။ ဒါပေမဲ့အဲ့ဒါကစက်ကို ဟန်းအောင်မလုပ်နိုင်ပါဘူး ။ ပြီးရင် Alt + F4 နဲ့ပြန်ထွက်ပါ ။ အဲ့ဒီပုံစံအတိုင်းပဲ %temp% ; recent ; prefetch စတဲ့ဖိုင်တွေကို တစ်ပတ်တစ်ခါလောက်ရှင်းပေးနိုင်ရင် သင့်ကွန်ပျူတာနဲ့
အလုပ်လုပ်ရတာ အဆင်ပြေချောမွေ့ ပါလိမ့်မယ်ခင်ဗျာ ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )