22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, February 18, 2012

ဝိညာဉ်တော်ကိုသာ၍တောင့်တပါ။

ဘုရားသခင်သည်မနေ့၊ယနေ့နောင်ကာလ မပြောင်း မလဲအသက်ရှင်တော်မူသည်။
ဧ၀ံဂေလိတရားဟောပြောပွဲတစ်ခုတွင်ဘုရားသခင်သည်အနာရောဂါငြိမ်းစေမည်ဟုစိန်ခေါ်လျှက်လူများကိုဖိတ်ခေါ်ခဲ့သည်။ သို့သော် “အနာငြိမ်းပါ့မလား” ဟူသောသံသယစိတ်ကြောင့်အနာရောဂါအတွက်ဆုမတောင်းပေး ဖြစ်ခဲ့ပါ။ကျွန်တော့်ဘ၀အတွက်နောင်တအရဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ကျွန်တော့်ယုံကြည်ခြင်းမခိုင်မာခဲ့။
ကျွန်တော့်ဇန်ီကျောက်ကပ်တွင်ကျောက်တည်ခြင်းကြောင့်ခွဲစိတ်မှုပြုလုပ်ခဲ့ရသည်။တစ်ဖက်ပြီးနောက်တဖက်
တွင်တည်ပြန်သည်။ ပြန်လည်ကုသရပြန်သည်။ ထို့နောက်သားအိမ်တွင်အကျိတ်တည်သောကြောင့် သားအိမ်ထုတ်ပစ်ရပြန်သည်။တစ်ရက်တွင်ဆီးသွားရာသွေးပါသည်ဟုဇနီးသည်ကပြောလာသည်။ စစ်ဆေး ကြည့်သောအခါကျောက်ကပ်ကပင်ဖြစ်ပြန်သည်။ဆေးဘိုးနှင့်ပင်မတတ်သာတော့ပြီ။ကျွန်တော့်ယုံကြည်ခြင်း
အားနည်းလွန်းသည်။ သို့သော်ဘုရားသခင်မစ သည်။ တစ်နေ့ကျွန်တော်ဆိုင်ကယ်စီးနေစဉ်ဘုရားသခင်ကအနာရောဂါငြိမ်းပြီးသားဖြစ်ကြောင်းစကားပြောလာသည်။ ကျွန် တော်အလွန်အမင်းထိတ်လန့်သွားသည်။ ထို့စကား တော်ကိုယုံကြည်လျှက်ကျွန်တော့်ဇနီးသည် အတွက် ဆုတောင်းခဲ့ရာ ဘုရားသခင်လုံးဝကျန်းမာခြင်းကိုပေးခဲ့ပါသည်။
ဘုရားသခင်သည်အကောင်းဆုံးသောသမားတော်ကြီးဖြစ်သည်။ဧဒင်ဥယျာဉ်ထဲတွင်အာဒံအားခွဲစိတ်ပေး
လျှက်နံရိုးကိုထုတ်ကာဧ၀အဖြစ်ဖန်ဆင်းပေးခဲ့သူဖြစ်သည်။

ကျွန်တော်၏ (၃) လတပည့်တော်ဖြစ် သင် တန်းတွင် အရက်ဆေးစွဲနေသော၊အိမ်မနိုင်သူများရောက် လာကြသည်။ နှုတ်ကပတ်တော်အားဖြင့်သွန်သင်ပေးသော် လည်းမပြောင်းလဲလာကြ။ ကျွန်တော်အလွန်စိတ်ပျက်မိသည်။သို့သော်ဝိညာဉ်တော်ဘုရားမစလာသောအခါသူတို့အသက်တာများကိုတို့ထိလျှက်ပြောင်းလဲလာကြသည်။
ဝိညာဉ်တော်ဘုရားမစခြင်းကြောင့်ဖြစ်ပေါ်လာသောအရာများကိုလူများနားမလည်နိုင်သော်လည်းဘုရားသခင်ကအသိအမှတ်ပြုသည်။

ဝိညာဉ်တော်မပါသောအသက်တာ(သို့)ဆီမရှိသောမီးခွက်
ယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံပြီးနောက်ပိုင်းဝိညာဉ်တော်နှင့်အတူမရှိလျှင်အလင်းမလင်းနိုင်။ ဆီမရှိသောမီးခွက်ကဲ့သို့ပင်ဖြစ်မည်။ဆီမရှိသောမီးခွက်သည်မီးထွန်းနိုင်သော်လည်းခဏတာရမည်။ပြီးလျှင်မီးခိုးထွက်လာပြီးညှော်နံ့ထွက်လာမည်။ဝိညာဉ်တော်မပါလျှင်အသက်တာသည်အလင်းမလင်းနိုင်ဘဲညော်နံ့သာ
ထွက်လာမည်။

ခရစ်တော်အသေခံရမည်ဟုပေတရုသိသောအခါ“ကိုယ်တော်နှင့်အတူအသေခံမည်”ဟုပြောခဲ့သည်။ ခရစ်တော်ကကြက်မတွန်မီ(၃)ကြိမ်ငြင်းမည်ဟုပြောသည့်အတိုင်းပေတရုခရစ်တော်ကိုငြင်းပယ်ခဲ့သည်။
ဝိညာဉ်တော်၏တန်ခိုးမခံသေးသောကြောင့်ပေတရုသည်ခရစ်တော်အတွက်သက်သေခံမဖြစ်ခဲ့။

တပည့်တော်များသည်ခရစ်တော်နောက်သို့လိုက်ကြသည်။၃နှစ်ခွဲလုံးလုံးခရစ်တော်၏သင်တန်းကျောင်း
တွင်တက်ကြသော်လည်းကျောင်းဆင်းပွဲအချိန်တွင်ကျောင်းအုပ်၊ကျောင်းဆရာဖြစ်သောယေရှုကကား
တိုင်ပေါ်တွင်ရောက်နေသည်။ကားတိုင်တွင်အသေခံစဉ်အားတွင်တပည့်တော်များအနားတွင်မရှိ။အသေခံ
ပြီးရှင်ပြန်ထမြောက်သောအချိန်တွင်တပည့်တော်တို့အားပြန်ရှာရသည်။ (ယောဟန် ၂၀)
တချို့တို့သည်ယုံမှားခြင်းရှိသည်။(မဿဲ ၂၈း၁၇)

ခရစ်တော်ကတပည့်တော်များကိုစေလွှတ်သောအခါဘွဲ့မပေး၊ ထောက်ပံ့ကြေးလည်းမပေးခဲ့ပါ။အခွင့် တန်ခိုးအာဏာသာပေးခဲ့သည်။ဝိညာဉ်တော်တန်ခိုးပေးသည်။ (လုကာ ၂၄း၄၈-၄၉ ၊ တမန် ၂)
ထိုတန်ခိုးတော်အားဖြင့်တမန်တော်ပေတရုတရားဟောသောအခါ လူ ၃၀၀၀ပြောင်းလဲလာသည်။
နောက်တဖန် လူ ၅၀၀၀ပြောင်းလဲလာသည်။ (တမန်တော် ၃၊၄)

ကောင်းကင်တွင်နတ်ဆိုးများရှိနေသည်။ ဧဖက် ၆း၁၂
မြေကြီးပေါ်တွင်လည်းနတ်ဆိုးများရှိသည်။
ထို့ကြောင့်ထိုပြဿနာများကိုဖြေရှင်းနိုင်ရန်ဘုရားသခင်သည်စီရင်ပိုင်သောအခွင့်ကိုပေးထားသည်။
ယုံကြည်သူတို့သည်အလဟဿအသက်ရှင်ပြီးပေါ့ပေါ့ဆဆနေရမည့်သူများမဟုတ်။

ဘုရားကအားလုံးပေးထားပြီးသားဖြစ်သောကြောင့်တောင်းရန်တောင်မဟုတ်ဘဲယုံကြည်ခြင်းနှင့်သိမ်း
ပိုက်ဘို့ရန်ဖြစ်သည်။
ဖန်ဆင်းရှင်ဘုရားသည်ကမ္ဘာဦးကျမ်းတွင်သာဖန်ဆင်းသောဘုရားမဟုတ်။ကျွန်ုပ်တို့အသက်တာတွင်အသစ်အသစ်သောအရာများကိုဖန်းဆင်းပေးနေသောဘုရားဖြစ်သည်။ဒီနေ့မဖြစ်ဘူးသောအရာများမနက်ဖြန်တွင်
ဖြစ်လာမည်။
ဘုရားသခင်ပေးသောအခွင့်အာဏာတန်ခိုးနှင့်မကျန်းမာခြင်း၊ဆင်းရဲခြင်း၊မကောင်းသောအခြေအနေများကို
ငြင်းပယ်ရမည်။

“ဆုတောင်းသောသူတို့အားသန့်ရှင်းသောဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ်လော”ဟု လုကာ ၁၁း၁၃တွင်ခရစ်တော်မိန့်တော်မူသည်။
ဆုတောင်းသောအခါမိမိအဆင်ပြေနေဘို့ရန်ချည်းတောင်းနေဘို့ရန်မဟုတ်။
အဆင်ပြေခြင်းသည်လူတိုင်းနှင့်မတည့်။ အဆင်ပြေလျှင်ဘုရားနှင့်ဝေးတတ်သည်။
ထို့ကြောင့်လောကအရာများထက်ဝိညာဉ်တော်သာ၍သာ၍တောင်းပါ။ဝိညာဉ်တော်ကိုသာ၍ပေးချင်သော
ဘုရားဖြစ်သည်။

ဧလိရှဲကဧလိယ၏နောက်ဆုံးအချိန်တွင်လိုချင်သောဆုကိုတောင်းခွင့်ရခဲ့ရာနှစ်ဆသောဘိသိတ်ခြင်း
တောင်းခဲ့သည်။

သင်ရောဘုရားသခင်ထံမှာဘာတောင်းမည်နည်း။
လောကအရာများကိုမတောင်းပါနှင့်။ ဘုရားပေးပြီးသားဖြစ်သည်။

ယေရှုလောကသို့ကြွလာစဉ်ဘာမှမပိုင်။ သို့သော်သူအားလုံးကိုအသုံးပြုသွားနိုင်ခဲ့သည်။ လိုအပ်တာမှန်သမျှပြည့်စုံသည်။ထို့ကြောင့်ဝိညာဉ်တော်ကိုသာ သာ၍လိုချင်င်တောင့်တတောင်းလျှောက်ပါ။
ဝိညာဉ်တော်အရှိန်ကိုမငြိမ်းပါစေနှင့်။
ဝိညာဉ်တော်အရှိန်ငြိမ်းလျှင်အသက်တာခမ်းခြောက်လာပြီးနောက်ဆုံးဘုရားကျောင်းပြင်ပတွင်ဘ၀ဆုံးရသည်။
ဘာသာရေးထဲတွင်နှစ်ပေါင်းများစွာပိတ်နေသောကျွန်တော်၏၀ိညာဉ်မျက်စိကိုဝိညာဉ်တော်ဖွင့်ပေးသည်။ ဘာသာရေးသည်လူကိုခန်းခြောက်စေသည်။
ထို့ကြောင့်ဘာသာရေးမလုပ်ပါနှင့်။
အမှန်စင်စစ်ခရစ်တော်ကခရစ်ယာန်ကိုစိတ်မ၀င်စားပါ။
အသက်ရှင်လျှက်ရှိသောယုံကြည်သူများကိုသာစိတ်ဝင်စားသည်။
အသက်တာသာ၍ရှင်သန်လန်းဆန်းနေစေရန် ၀ိညာဉ် တော်ကိုသာ၍ဘိသိတ်ရန်တောင်းခံပါ။

Sia Zaw Tawng(Myanmar)
ရိတ်သိမ်းခြင်းသာသနာတပည့်တော်ဖြစ်ပြုစုပျိုးထောင်ရေးသင်တန်း


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )