22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, February 18, 2012

လက်နက်များကိုအသုံးပြုပါ။

q ၂ကော ၁၀း၃-၅       q ဧဖက် ၆း၁၂  q မဿဲ ၂၈း၁၈

“ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည်ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အား ဖြင့်မြို့ရိုး မြို့ပြ တို့ကိုဖြိုဖျက်နိုင်သောလက်နက်ဖြစ်သည်။”

ယုံကြည်သူတိုင်းတွင်ရန်သူရှိသည်။ ထို ရန်သူ သည် အသွေးအသားရှိသောသူ(လူ)မဟုတ်ပါ။ စာတန် မာရ်နတ်၊ နတ်ဆိုး(ကျဆင်းသောကောင်းကင်တမန်ဆိုးများ)ဖြစ်ကြောင်း နှုတ်ကပတ်တော်က ဖော်ပြ သည်။ အမှန်စင်စစ်ကျွန်ုပ်တို့ခွန်အားဖြင့်ကမ္ဘာမြေပေါ်တွင်လူမရှိမီရှိနေသောထိုရန်သူကိုမပြိုင်နိုင်ပါ။ သို့သော် ဘုရားသခင်သည်ထိုရန်သူအားအောင်မြင်စေရန်လက်နက်များကိုပေးထားပါသည်။ယုံကြည် သူတို့သည်စာတန်ကိုအနိုင်မယူနိုင်ခြင်းမှာနှုတ်ကပတ်တော်ကိုမသိသောကြောင်လည်းကောင်း၊ လက် နက်များကိုအသုံးမပြုသောကြောင့်လည်းကောင်းဖြစ်နိုင်သည်။ခရစ်တော်ကကောင်းကင်အောက်မြေကြီးပေါ်တွင်စီရင်ပိုင်သောအခွင့်အာဏာ(Authority)ကိုငါခံရပြီဟုမိန့်တော်မူသည်။ကျွန်ုပ်တို့အားထိုအခွင့်အာဏာကိုအပ်နှင်းတော်မူသည်။

လက်နက်များကိုအသုံးပြုပါ။
၁။ခရစ်တော်၏နာမတော်(The Name of Jesus)
တမန်တော် ၄း၁၂၊ ဖိလိပ္ပိ ၂း၉-၁၁
ယေရှု၏နာမတော်သည်နာမတကာတို့ထက်ကြီးမြတ်သောနာမတော်ဖြစ်သည်။ “ထိုသခင်၏နာမကဲ့သို့ကယ်တင်နိုင်သောနာမတော်တစ်စုံတစ်ခုမျှကောင်းကင်အောက်မြေကြီးပေါ်တွင်
မပေါ်မရှိ။”
“ယေရှုနာမ၌”ဟုနှုတ်မြွက်လေတိုင်းထိုနာမတော်အားယုံကြည်ခြင်း၊ ရိုသေလေးမြတ်ခြင်းဖြင့်လေးနက်စွာ ပြောထုတ်ပါ။ ပြောနေကျခရစ်ယာန်ထုံးစံကဲ့သို့မသတ်မှတ်ပါနှင့်။ ထိုနာမတော်၌တန်ခိုးပါသည်။နတ်ဆိုးများသည်ထိုနာမတော်ကိုကြောက်ရွံ့လျှက်ထွက်ပြေးရသည်။ မကျန်း မာသောသူများကိုကျန်းမာစေသည်။ တမန်တော်ပေတရုက“ရွှေငွေကျွန်ုပ်၌မရှိ၊ရှိသည့်အရာ သင့်ကိုပေးမည်၊နာဇရက်မြို့သားယေရှု၏နာမ၌ထ၍လှမ်းသွားလော့” ဟုဆိုသောအခါအမိဝမ်းတွင်းက ခြေ မစွမ်းသောသူသည်ထ၍လှမ်းသွားသည်။ (တမန်၃း၆) ထိုနာမတော်အားအသုံးပြုခွင့်ကိုယုံကြည်သူတိုင်းအားပေးထားသည်။ နာမတော်အရှင်နှင့်ရင်းနှီးသောမိဿဟာယရှိလျှက်ယုံကြည်စွာအသုံးပြုလျှင်နာမတော်ဘုန်းထင်ရှားမည်။

၂။ ခရစ်တော်၏အသွေးတော်(The blood of Jesus)
ယေရှုခရစ်တော်၏အသွေးတော်သည်စာတန်ကိုအောင်မြင်သည်။ ခရစ်တော်သည်လက်ဝါးကားတိုင်တွင်အသွေးတော်ကိုသွန်းလောင်းတော်မူခြင်းအားဖြင့်ရန်သူစာတန်ကို
အပြီးတိုင်အောင်မြင်ခဲ့သည်။ ထိုအသွေးတော်သည်အောင်မြင်ခြင်းကိုပေးသည်။
(ဗျာ ၁၂း၁၁)။ ကွယ်ကာမှုကိုပေးသည်။(ထွက် ၁၂)
မိမိအသက်တာ၊ မိသားစု၊ မိမိဝန်းကျင်ကိုအသွးတော် ဖြင့်ကွယ်ကာနိုင်သည်။ နှောင့်ယှက်ဆီးတားသောရန်သူစာတန်အားယေရှုခရစ်တော်၏အသွေးတော်ကအောင်မြင်ကြောင်းပြန်
လည်ကြေငြာခြင်းဖြင့်အနိုင်ယူရမည်။

၃။ နှုတ်ကပတ်တော်(The word of God)
နှုတ်ကပတ်တော်သည်ဝိညာဉ်တော်၏ဓားဖြစ်သည်။(ဧဖက် ၆း၁၇)
ရန်သူကိုထုတ်ချင်းခွင်းနိုင်သောနှစ်ဘက်အသွားထက်သည့်သန်လျှက်ဖြစ်သည်။(ဟေဗြဲ ၄း၁၂)
စာတန်သည်ဘုရားသခင်၏စကားတော်ကိုကြောက်သည်။
ယေရှုသည်နှုတ်ကပတ်တော်ဖြင့်သာစာတန်ကိုအနိုင်ယူအောင်မြင်တော်မူသည်။(မဿဲ ၄)၊ ထို့ကြောင့် နှုတ်ကပတ်တော်ကိုသိဘို့လိုသည်။ နှုတ်ကပတ် တော်ကိုယုံကြည်စွာနှလုံးသားထဲမှာသိုထားဘို့လို
သည်။စာတန်ကပစ်ခတ်လာသောခါနှုတ်ကပတ်တော်အားဖြင့်တန်ပြန်အနိုင်ယူရမည်။ နှုတ်ကပတ်တော်ကိုမသိသောယုံကြည်သူသည်စာတန်ကိုတိုက်ရန်လက်နက်မရှိနိုင်။

၎။ ချီးမွမ်းခြင်းအသက်တာ(Praise Life)
ချီးမွမ်းသောအသက်တာသည်ဘုရားဘုန်းကိုထင်ရှား
စေသည်။ (ဆာလံ ၅၀း၂၃) ညဉ်းတွားခြင်းသည်ဘုရားပေးသောကောင်းကြီးများကိုဝေးကွာစေသည်။
ယုဒရှင်ဘုရင်ယောရှဖတ်မင်းသည်သူမနိုင်နိုင်သော
ရန်သူများကိုချီးမွမ်းခြင်းဖြင့်အောင်မြင်ခဲ့ကြောင်းထူး
ဆန်းသည်စစ်တိုက်ခြင်းကို ၂ ရာဇ၀င်ချုပ် ၂၀ တွင် မှတ်တမ်းတင်ထားသည်။ ၀ိညာဉ်ရေးရာတွင်လည်း အဆင်မပြေမှုများနှင့်ကြုံတွေ့လာသောအခါချီးမွမ်း
လိုက်ပါ။ ချီးမွမ်းခြင်း၌တန်ခိုးပါသည်။ အံ့ဘွယ်သောနိမိတ်လက္ခဏာများကိုပေါလုနှင့်သိလအသက်တာတွင်ပြုသကဲ့သို့ယနေ့လည်းဘုရားသခင် ပြုနိုင်သည်။(တမန် ၁၆)
၅။ ဧ၀ံဂေလိတရား(Gospel)
ဧ၀ံဂေလိတရားသည်ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။(ရောမ ၁း၁၆)
ဘုရားသခင်ပြင်ဆင်တော်မူသောလက်တက်တန်ဆာများတွင်ဧ၀ံဂေလိဟောခြင်းသည်ခြေစွပ်ဖြစ်သည်။
(ဧဖက် ၆း၁၅)။ ခြေစွပ်မစွပ်ထားသောစစ်သားသည်ကောင်းမွန်စွာပြေးနိုင်မည်မဟုတ်။ထို့ကြောင့်ယုံကြည်သူတိုင်းသည်ဧ၀ံ
ဂေလိဝေငှဘို့ဖြစ်သည်။ ဧ၀ံဂေလိတရားတော်ကိုဟောပြောတိုင်းဘုရားတန်ခိုးတော်သည်မိမိအထဲမှစီးထွက်နေသည်။

၆။ ဆုတောင်းခြင်း(Prayer)
သူတော်ကောင်းဆုတောင်း၍အရှိန်ကြီးသောပဌနာသည်အလွန်တန်ခိုးပါသည်။(ယာကုပ် ၅း၁၆)
ဆုတောင်းသောသူကိုစာတန်ကြောက်သည်။ ဆုတောင်းသောသူသည်ဘုရားသခင်နှင့်ရင်းနှီးလာ
သည်။ ထို့ကြောင့်တန်ခိုးပါလာသည်။ ဆုတောင်း ခြင်းသည်အရာရာကိုပြောင်းလဲစေနိုင်သည်။ ထို့ကြောင့်ဆုတောင်းခြင်းအသက်တာသည်ရန်သူကိုအောင်နိုင်သောလက်နက်ကောင်းတစ်ခုဖြစ်သည်။ ယုံကြည်သူတို့သည်မိမိအသက်တာ၊ မိသားစု၊ မိမိဝန်းကျင်နှင့်တိုင်နိုင်ငံများအတွက်“ကင်းစောင့်” များဖြစ်ကြသည်။ ဆုတောင်းခြင်းအားဖြင့်ထိုအရာများ ကိုရန်သူရန်မှကွယ်ကာရမည်။

ထိုလက်နက်များကိုဘုရားသခင်ပေးထားသော်လည်းအသုံးပြုရန်မသိသောကြောင့်လည်းကောင်း၊ အသုံးမ ပြုကြသောကြောင့်လည်းကောင်းရန်သူ၏စုံစမ်းသွေးဆောင်မှုများတွေ့ကြုံသောအခါ ယုံကြည်သူများ ရှုံး နိမ့် ကြရသည်။
ဘုရားသခင်သည်အောင်မြင်စေလိုသောကြောင့်အလွန်တန်ခိုးပါသောလက်နက်များကိုပေးထားသည်။
အသုံးပြုပါ။
ရန်သူကိုနိုင်သောဘုရားသခင်၏စစ်သည်တော်များဖြစ်ကြပါစေ။

Rev. Khin San Maw
5th February@ Kepongmcf
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )