22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, February 18, 2012

ကောင်းသောသိုးထိန်းရှင်ယေရှု

 





အခြေပြုကျမ်းချက်များ
ယောဟန် ၁၀း၁၀၊ ၁၁၊ ၁၄
ယောဟန် ၄း၁၄
ဆာလံ ၂၃း၁-၆

ဆာလံ ၂၃ သည်တခြားသောဆာလံများကဲ့သို့ပြစ်တင်ညဉ်းတွားသံမပါဘဲချီးမွမ်းခြင်းသက်သက် ဆာလံဖြစ် သည်။
ဒါဝိဒ်သည်သူကိုယ်တိုင်လည်းသိုးထိန်းဖြစ်ခဲ့သောကြောင့်သိုးထိန်းနှင့်သိုးတို့၏ဆက်နွယ်ရင်းနှီးမှုကိုသိပြီးစပ်ဆိုထားသောဆာလံဖြစ်သည်။
သိုးထိန်းဆိုသည်မှာတနည်းအားဖြင့်ရှင်ဘုရင်ကိုလည်းရည်ညွှန်းသည်။

း၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊ ကျွန်ုပ်တို့သည်လက်တော်အောက်တွင်နေသောသိုးစုများဖြစ်ကြသည်။(ဆာလံ ၉၅း၇)
ကောင်းသောသိုးထိန်းရှင်ယေရှုသည်ကျွန်ုပ်တို့အသက်လွတ်ရုံမျှမက(ထာဝရအသက်ကိုရရုံမျှမက)ကြွယ်ဝ
သောအသက်တာကိုပေးဘို့ရန်ကြွဆင်းလာသည်။(ယော ၁၀း၁၀)
ကောင်းသောသိုးထိန်းသည်သိုးတို့အဖို့အလိုငှာအသက်ကိုစွန့်ခဲ့သည်။(ယော ၁၀း၁၁)

ဂေါလျှက်နှင့်တိုက်ပွဲဝင်ချိန်တွင်ဒါဝိဒ်ကကောင်းသောသိုးထိန်းအကြောင်းကိုရှင်ဘုရင်ရှောလုအားပြောပြခဲ့သည်။ သူသည်သိုးများကိုထိန်းကျောင်းစဉ်ခါ မိမိသိုးများကို ၀ံ၊ ခြင်္သေ့များ၏လက်မှမည်သို့ ကယ်နှုတ်ခဲ့ကြောင်း ရှင်းပြသည်။

သိုးထိန်းသည်သိုးများကိုသိသကဲ့သို့သိုးများသည်လည်းမိမိသိုးထိန်းကိုသိဘို့လိုသည်။ အပြန်အလှန်သိကျွမ်းခြင်းရှိရမည်။(ယောဟန် ၁၀း၁၄)
ကယ်တင်ခြင်းစိတ်ချမှုရရုံမထိုသခင်နှင့်မိဿဟာယဖွဲ့ခြင်းရှိရမည်။
ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသောအခါ ကျွန်ုပ်တို့အထဲမှအသက်ရေစီးထွက်လာသည်။ ထိုရေသည်ဝိညာဉ်တော်ကိုပုံဆောင်သည်။

း၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊ သာယာသောမြစ်နား(ငြိမ်သက်သောရေနား)သို့ပို့ဆောင်ပေးသောအရှင်ဖြစ်သည်။ ကောင်းသောနေရာသို့ပို့ဆောင်ရန်မှာသိုးထိန်းကောင်းတို့၏တာဝန်ဖြစ်သည်။

း၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
 He restored my soul.
အဓိပ္ပါယ်မှာဆုံးရှုံးသွားသောအရာများကိုပြန်လည်ရရှိစေခြင်းဖြစ်သည်။
ဝိညာဉ်ရေးရာခြောက်ကပ်မှုများကိုအားပြန်ပြည့်စေသကဲ့သို့ဆုံးရှုံးသွားသောကောင်းကြီးများကိုပြန်လည်ရရှိစေသည်။ ဘုရားသခင်ထံပြန်လာဘို့အရေးကြီးသည်။ အပြစ်ထဲတွင်ကျဆင်းသွားသောရှင်ဘုရင်ဒါဝိဒ်သည်နောင်တရသောအခါဘုရားသခင်ကသူ့အားပြန်လည်တည်ဆောက်(Restore)ပေးသည်။ တရားလမ်းထဲသို့ပြန်လည်ခေါ်ဆောင်သည်။

း၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊ 
သေမင်းအရိပ်လွှမ်းမိုးသောချိုင့်(Velly of the shadow of death) ဆိုသည်မှာ အန္တရာယ်ဆိုးအမျိုးမျိုး၊ ကျိန်ခြင်း၊ စာတန်၏ရန်စွယ်များ ကိုဆိုလိုသည်။ ထိုအရာများထဲမှကွယ်ကာပေးသောဘုရားသခင်ဖြစ်သည်။ လှံတံတော်(တင်းပုတ်ကဲ့သို့သောသိုးထိန်းကိုင်လက်နက်)သည်ရန်သူကိုကာကွယ်ပေးပြီး တောင်ဝှေးတော် သည်သိုးတို့အားလမ်းပြပေးဘို့ဖြစ်သည်။

း၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
 ထိုနေရာတွင် အောင်မြင်ခြင်းနှင့်မျက်နှာသာရခြင်း(Victory&favor)၊ ဘိသိတ်ခြင်း(Anointng)၊ ပြည့်လျှံခြင်း(Overflowing blessings) ဆိုသည့်အဓိပ္ပါယ်များပါဝင်နေသည်။
ရန်သူများကိုနိုင်သောအခွင့်ကိုပေးရုံမျှမက(Victory)စားပွဲကိုခင်း(Favor)ပေးသောဘုရားဖြစ်သည်။ ထိုမျှမကအကျွန်ုပ်ခေါင်းကိုဆီနှင့်လိမ်း၍(Anointng)၊ လျှံလျှက်ရှိသောကောင်းကြီး(Overflowing blessings)နှင့်ပတ်ရစ်ပေးသောဘုရားဖြစ်သည်။

း၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
လောကသက်တမ်းသည်လွန်စွာတိုတောင်းလှပါသည်။ ထာဝရကာလတွင်ဘုရားသခင်နှင့်အတူတကွနေထိုင်ရန် ဘုရားသခင်ပြင်ဆင်ပေးထားပါသည်။
(ဗျာ ၂၂း၁-၅)

ကောင်းမြတ်သောသိုးထိန်းရှင်ခရစ်တော်ယေရှုဘုရား၏ဘုန်းနာမတော်ထင်ရှားပါစေ။

Sia. Jeremiah Khaipu
12nd February 2012@KEPONGmcf

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )