22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, February 22, 2012

အဖိုးတန်သော လူသားတစ်ယောက်



တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေး ကိုကိုင်ပြီး တက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ် လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။

သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြော ပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူ လိုချင် ပါသေးလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။ “ ကောင်းပြီ ” သူက ဆက်ပြောတယ် “ ကဲ ဒီလိုဆိုရင်ရော ” သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ် ။ ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။ ဒေါ်လာ ၂၀ တန်စက္ကူဟာ ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။ သူက ပြန်ကောက် လိုက်တယ် ။

“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။

“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူ ကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့်လည်း ဆိုတော့ ငွေစက္ကူ ရဲ့တန်ဖိုး မပြောင်းလဲသွားလို့ပါ ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ ”

##########################################

ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊ နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့ တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေး တတ်ကြ တယ် ။ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ --- သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့ မှ မဆုံးရှုံးပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့ လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။

သက်တန့်ချို
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )