22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, February 3, 2012

အပြစ်နှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်နှင့် ကွာဝေးစေသည်



ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း မရှိနိုင်သောအခါ ယုံကြည်ခြင်းနှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်သော ကြောက်ရွံ့ခြင်း ဝင်ရောက် လာသည်။ ကမ္ဘာ ၃း၁၀ တွင် အာဒံက “ကိုယ်တော်၏ အသံကို ကျွန်ုပ်ကြားလျှင် အဝတ် အချည်းစည်း ရှိသောကြောင့် ကြောက်၍ ပုန်းလျက် နေပါသည်” ဟု ဆိုသည်။ ကြောက်ရွံ့ခြင်းသည် လူကို စတင် လွှမ်းမိုးလာပြီး ထိုအချိန်ကစ၍ ဆက်လက်ကြီးစိုးနေတော့သည်။ ကြောက်ရွံ့ခြင်းသည် ယုံကြည်ခြင်း၏ ဆန့်ကျင်ဖက် ဖြစ်သည်။ လူကို ဘုရားသခင်ထံသို့ ယုံကြည်စိတ်ချမှုနှင့် လာစေမည့်အစား ဘုရားသခင်ထံမှ ပုန်းရှောင်စေသည်။ ကြောက်ရွံ့ခြင်းသည် အပြစ်ကို သိရှိနေခြင်းနှင့် ဘုရားသခင်နှင့် မှန်ကန်မှုမရှိဟု ခံစားခြင်းမှလာပြီး မိမိ၏ လိုအပ်ချက်နှင့် မစုံလင်ခြင်းများ အတွက် ထောက်ပံ့ ပြင်ဆင် ပေးနိုင်သော အစွမ်းသတ္တိ မရှိခြင်းမှ လာသည်။

ကြောက်ရွံ့ခြင်းသည် လူတို့၏ အသက်တာများကို ပျက်စီးစေသော စွမ်းအားကြီးဖြစ်သည်။ ဟေဗြဲ ၂း၁၄-၁၅“ယေရှုသည် အသေခံ တော်မူသော အားဖြင့် သေခြင်းတရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာ၎င်း သေဘေးကို ကြောက်၍ တစ်သက်လုံး ကျွန်ခံ ရသောသူတို့ကို ကယ်လွှတ်ခြင်းငှာ၎င်း ကြွလာသည်” ဟုဆိုသည်။

ကြောက်ရွံ့ခြင်းသည် လူတို့အား ကျွန်ခံစေရန် မာရ်နတ် သုံးစွဲသော လက်နက် ဖြစ်သည်။ ၄င်းသည် လူကို ဘုရားသခင်နှင့် ဝေးရာသို့ နှင်ထုတ် သောကြောင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့၍ သိကျွမ်းခြင်းမပြုစေရန် ဟန့်တားနေသည်။ လူသည် ဘုရားသခင်ကို မသိကျွမ်းပါက ကိုယ်တော့် အကြောင်း မုသာ စကားကိုသာ ယုံကြည်တော့မည်။ မာရ်နတ်သည် ကျမ်းစာက ပေးသော ပုံနှင့်မတူဘဲ အခြား ပုံစံဖြင့် ဘုရားသခင်ကို ပုံဖော်ပေးသည်။

 

မာရ်နတ်သည် လှုပ်ရှားမှုနှင့် စိတ်သီးခြားစီ ဖြစ်နေသော ဘုရား၊ နားလည်၍ မရဘဲ အဝေးမှာ ရှိနေသော ဘုရား၊ လူတို့နှင့် သူတို့၏ လိုအပ်ချက်များ (သို့) ပြဿနာ များကို ဂရုမစိုက်သော ဘုရားမျိုးကို ပုံဖော်နေသည်။ လူတို့အား ထိုပုံစံကို စိတ်ထဲတွင် ရိုက်သွင်းပေးလျက် ဘုရားသခင်၏ ကောင်းကြီးကို မခံစား စေရန် ပြုလုပ်နေသည်။ ထိုစိတ်ကူးမျိုးဖြင့် ဘုရားသခင်ကို မြင်နေသောလူတစ်ဦးသည် “ယုံကြည်သော စိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြ လိမ့်မည်” (မဿဲ ၂၁း၂၂) ဟု ဖတ်ရသောအခါ မစစ်မှန်သလို ထူးဆန်းသောအရာဟု မြင်ပြီး တခါတရံ ကြောက်စရာကောင်းသော အရာဟူ၍ပင် မြင်တတ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို စစ်မှန်စွာမမြင်ဘဲ အာဒံမကျဆင်းမှီလို ဘုရားသခင်ကို သိကျွမ်းခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မရှိသောကြောင့် ဖြစ်သည်။

ယေရှုခရစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ ပြန်လည် မိတ်သဟာယဖွဲ့စေရန် နောက်ဆုံးအဖြစ် ကြွလာခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အယ်လ်ရှာဒိုင်း၊ ကြွယ်ဝသော ဘုရားသခင်၊ သင့်အသက်တာ၏ ကဏ္ဍတိုင်း၌ လိုအပ်သမျှကို ထောက်ပံ့သော အရှင်အဖြစ် ပြန်ဖြစ်ခွင့်ရရှိလာသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )