22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, February 3, 2012

ခွနှ်အားနည်းသောသူတို့၏ မှားယွန်းသော အတွေးများ

များစွာသော သူတို့သည် ဘုရားသခင်၏ ရှေ့တော်သို့ တိုးဝင် ချဉ်းကပ်ရန် ခွန်အား မရှိဟု ယုံကြည်တတ် ကြပါသည်။ ထိုအခွင့် အရေးသည် ခွန်အား ကြီးသော သူများအတွက် သာဖြစ်သည် ဟု ဖြားယောင်း ခြင်းကို ခံနေ ရပါသည်။ သို့သော်လည်း အားနည်းခြင်းကြောင့် ဘုရားသခင်၏ ရှေ့တော်သို့ ဝင်ရောက်ရန် အတား အဆီး မဖြစ်သင့်ပါ။
နံနက်တိုင်း မန္နမုန့်ကို သွားရောက် ကောက်ယူကြသော ဣသရေလ လူမျိုးများ အတွင်းတွင် အသင်မတူ ကွဲပြား ခြားနားသော သူများ ပါဝင်ပါသည်။ အချို့မှာ အသက် အရွယ်ငယ်ပြီး ခွန်အားနှင့် ပြည့်ဝ သူများ ပါသကဲ့သို့ အသက်ကြီးသူများ၊ မုဆိုးမ များနှင့် ခွန်အား ချိနဲ့သူများလည်း ပါဝင်ပါသည်။ ခွန်အား ကြီးသူ များသည် များစွာ ကောက်ယူနိုင်သော်လည်း နောက်တစ်နေ့ မနက်တွင် ပိုလျှံခြင်းမရှိဘဲ အရည်ပျော်ကာ ပျောက်ဆုံး သွားကြောင်း တွေ့ရပါသည်။ တစ်ချိန်တည်းတွင် အင်အား ချိနဲ့ သောသူများသည် အနည်း ငယ်သာ ကောက်ယူ ရရှိထားသော်လည်း မိမိတို့ လိုအပ်သလောက် ဖူလုံမှု အပြည့် ရှိကြောင်း တွေ့ရပါ သည်။ ချိနဲ့သောသူ၊ ခွန်အား ကြီးသောသူ ဟူ၍ ခွဲခြားတတ်သော ဘုရား မဟုတ်ပါ။

ထိုနည်းတူ ယုံကြည်သူများသည် အသက်မုန့် တည်းဟူသော ကောင်းကင်ဘုံမှ ဆင်းသက်သည့် ယေရှုအား နေ့စဉ် ခံယူရာတွင် ဤအတိုင်းပင် ဖြစ်သည် အထူးကြိုးစား လုပ်ဆောင်သော သူများနှင့် ချို့ယွင်းသော သူများမှာ ခံစားခွင့် အတူတူ ပင်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်သည် ခွဲခြားမှု မရှိကြောင်း တွေ့ရပါသည်။ ဤနေရာတွင် သားတော်၏ ပြည့်ဝသော အသက်သည် အားနည်းသော သူများ အတွက်လည်း ဖြစ်ပြီး အမှန်ဆိုလျှင် ထိုသူများသည် ကယ်တင်ရှင်၏ ရှေ့တော်သို့ တိုးဝင် ချဉ်းကပ်ရန် အသင့်တော်ဆုံး ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ ခွန်အားကို အမှီပြုလျက် အသက်ရှင် နေလျှင် အချိန်တိုင်း ဘုရားသခင်ကို လိုအပ်ကြောင်း အသိအမှတ် ပြုမည် မဟုတ်ချေ။ ရန်သူသည် ယုံကြည်သူများကို ဘုရားသခင်နှင့် ရင်းနှီးစွာ မိတ်သဟာယ မဖွဲ့နိုင်ဟု ဖြားယောင်း တတ်ပါသည်။ ဘုရားသခင်နှင့် ရင်းနှီးစွာ မိတ်သဟာယ ဖွဲ့ခြင်း၏ အဓိပ္ပါယ်ကို နားမလည် ကြ၍လည်း ထိုကဲ့သို့ လှည့်ဖျား ခံနေရခြင်း ဖြစ်သည်။

ယုံကြည်သူများသည် တရားဓမ္မကို ကျင့်ကြံ အားထုပ် သကဲ့သို့ နေ့စဉ် ဘုရားဝတ်ပြုခြင်း သို့မဟုတ် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံအောင် လုပ်ဆောင်မှသာလျှင် ဘုရားသခင်နှင့် နီးကပ်စွာ နေထိုင်နိုင်မည်ဟု ထင်မှတ်နေကြသည်။ ဤကဲ့သို့ လွှဲမှားစွာ ခံယူနေသဖြင့် လူနည်းစု ကသာလျှင် ထိုဘဝမျိုးကို ရယူ ပိုင်ဆိုင်မှု ရနေကြသည်မှာ အံ့သြဘွယ်ရာ မဟုတ်ပါ။

ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်ခြင်း ဟူသည် ဝန်ထုပ် ဝန်ပိုး ကဲ့သို့ လုပ်ဆောင် ရသည်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ဝိညာဉ်ကို အချိန်တိုင်း၊ ဘုရားသခင်ထံ ဆက်ကပ် အပ်နှံထားခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ အပ်နှံခြင်းသည်လည်း သဘာဝ အလျှောက် စပျစ်နွယ် ပင်ကို စပျစ်ကိုင်းက အထူးအားထုပ် စရာ မလိုဘဲ ကိုင်းဆက်ပေးလိုက်သကဲ့သို့ ဖြစ်သည်။ စပျစ်ကိုင်း အနေဖြင့် အထူး အားထုပ်စရာ မလိုဘဲ စပျစ်ပင်သည် ၄င်း၏ လိုအပ်ချက် များကို ဖြည့်ဆီးပေးမည်ဟု ယုံကြည် စိတ်ချလျက် အလိုက်သင့် နေပေးရုံသာ ဖြစ်သည်။ ထိုသို့အားဖြင့် စပျစ်ကိုင်းကို ကြည့်မည်ဆိုလျှင် သဘာဝ အလျှောက် စပျစ်ပင်ကို အမှီပြု၍ အသက်ရှင် နေနိုင်ကြောင်း တွေ့မြင်ရပေသည်။ အမှန် ဆိုရသော် စပျစ်ကိုင်းကို အပင်မှ ဖြတ်၍ ပန်းအိုးထဲ စိုက်ထားလျှင် သဘာဝ မကျသည့် အပြင် ရှင်ဘို့ရန်ပင် အလွန် ခက်ခဲမည် ဖြစ်သည်။ နီးကပ်စွာ အမှီပြု၍ အသက်ရှင်ခြင်းသည် လူတိုင်းအတွက် ဖြစ်ပြီး အထူးသဖြင့် ခွန်အားနည်းသူများ အတွက်ဖြစ်သည်။

ယုံကြည်သူများသည် တစ်ယောက်နှင့် တစ်ယောက် နိုင်းယှဉ်နေကြခြင်ဖြင့် ဘုရားသခင်၏ နာမတော်ကို ရှုတ်ချစရာ ဖြစ်စေပါသည်။ နိုးထမှု အစည်းအဝေး ဆိုသည်မှာလည်း ဆရာတစ်ဦးက သူမည်ကဲ့သို့ လုပ်ဆောင်ခဲ့၍ မည်မျှ အောင်မြင်ခဲ့သည်ကို ရတ်သတ္တပတ် တစ်ပါတ်ခန့် အချိန်ယူ ဝေငှ ပြောဆိုနေခြင်းသာ ဖြစ်သည်။ ပရိသတ်များကလည်း ထိုသူ၏ အသက်တာကို ကြည့်ပြီး မိမိတို့သည် ထိုသူကဲ့သို့ ဘုရားသခင်၏ စိတ်တော်နှင့် ဘယ်သောအခါမျှ တွေ့နိုင်မည် မဟုတ်ဟု မှတ်ချက် ချတတ်ပါသည်။ ထို့ကြောင့် အသင်းသူ အသင်းသားများသည် ခွန်အားနည်းသူများ မပြင်ဆင်ရသေးသော သူများနှင့် ရှုံးနိမ့်သူများ ဖြစ်လာပြီး ဘုရားသခင်နှင့် ရင်းနှီးစွာ အသက်ရှင်နိုင်မည် မဟုတ်ဟု ခံစားလာကြပါသည်။
ကောင်းကြီးများ ခံစားခွင့် ရရန် ဘုရားသခင်နှင့် မပြက်ဆက်သွယ်ခြင်း ပြုရာတွင် ညဏ်ပညာ ကြီးမားဘို့ ရန်၎င်း၊ အရည်အချင်း ရှိဘို့ရန်နှင့် အတန်ခိုးအာဏာ ရှိဘို့ရန် မလိုဘဲ ဆိုးဖြတ်ချက် ချနိုင်သော နှလုံသားသာ လိုပါသည်။ ဘုရားသခင်ကို ချစ်ပါသည်ဟု ပြောနိုင်ခြင်း သည်ပင်လျှင် ထိုအရှင်နှင့် နီးကပ်စွာ လျှောက်လိုက်နိုင် ဘို့ရန် လိုအပ်သော အရည်အချင်းဖြစ်သည်။ ကျွန်ုပ်တို့ သတိမထားမိသော အချက်မှာ ဘုရားသခင် ကိုယ်တိုင် ကျွန်ုပ်တို့အဖို့ မိမိ သားတော်ကိုပင် စွန့်ခဲ့သည် ဖြစ်၍ ကျွန်ုပ်တို့နှင့် အချိန်တိုင်း အတူရှိနေမည်။ ထိုသားတော်၏ ဝမ်းမြောက်ခြင်းကို လွယ်ကူစွာ လက်ခံရုံသာ လိုအပ်ပါသည်။ အဖိုးအခ မပေးရဘဲ ဘုရားသခင်၏ ဂရုဏာတော်သည် သက်သက် ဖြစ်၍ အားနည်းသောသူများအဖို့ လွယ်ကူစွာ ခံယူနိုင်မည် ဖြစ်သည်။

ဘုရားသခင်၏ ရှေ့တော်မှောက်သို့ တိုးဝင်းချဉ်းကပ်ခြင်း၏ ကောင်းကြီး မင်္ဂလာသည် သင့်အဖို့ မဟုတ်။ အခြားသူများ အတွက်သာ ဖြစ်သည်ဟု ရန်သူ၏ ဖြားယောင်းမှုကို ဘယ်သောအခါမျှ လက်မခံပါနှင့်။ မိန့်မှာ ချက်အတိုင်း ရဲရင်သော စိတ်နှင့် တိုးဝင် ချဉ်းကပ်ပါလေ။ ဘုရားသခင်ကို ရှာလျှင် တွေ့နိုင်၍သာ သူ့အား ရှာရန် ကျွန်ုပ်တို့အား မိန့်တော်မူခြင်း ဖြစ်သည်။ ယုံကြည်သူအားလုံး သူအား ရှာရန် ဘုရားသခင် အလိုတော် ရှိပါသည်။

"ငါကို ရှာသောအခါ စိတ်နှလုံး အကြွင်းမဲ့ ရှာလျှင် တွေ့ကြ လိမ့်မည်။"(ယေရမိ ၂၉း၁၃)
"ငါ၏ မျက်နှာကို ရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ ကျွန်ုပ်သည် သတိပြုလျှက် အို ထာဝရ ဘုရား ကိုယ်တော်၏ မျက်နှာတော်ကို ရှာပါမည်။" (ဆာလံ ၂၇း၈)
ပြဿနာသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် နီးစေရန် တွန်းပို့ ပေးသည်ဆိုသော သွန်သင်ချက်ကို ကြားခဲ့ဘူးပြီး ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့ လိုက်နာဖို့ရန်သာ လိုအပ်ပါသည်။ ရှာလျှင် တွေ့နိုင်သော ဘုရားသခင်ကို ကျွန်ုပ်တို့ ရှာကြပါစို့။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )