ဆီးကြိတ်ကင်ဆာဟာ အမျိုးသားတွေမှာ မကြာခဏဆိုသလို တွေ့ရှိရလေ့ရှိပြီး ကမ္ဘာပေါ်မှာ ဆီးကြိတ်ကင်ဆာဖြစ်နှုန်း တနှစ်ပြီးတနှစ် များလာနေတာမို့ လူထုလှုပ်ရှားမှု့တွေ နိုင်ငံတချို့မှာ စတင် လုပ်ဆောင်လာနေပါပြီ။
မြန်မာနိုင်ငံမှာလည်း ဆီးကြိတ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာ (၁၀) ခုထဲမှာ ပါနေတယ်လို့ မြန်မာကင်ဆာ အထူးကုတွေက ဆိုကြပါတယ်။ ကင်ဆာရောဂါက စောစောကြိုသိရင် အများစုကို ပျောက်ကင်းအောင် ကုသပေးနိုင်တာမို့ ရောဂါလက္ခဏာတွေ ဖြစ်လာရင် ဆေးအမြန်စစ်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။

ဘယ်လို ရောဂါလက္ခဏာတွေ ပြတတ်ပြီး၊ ဘယ်လို ဆေးစစ်မှု့နဲ့ ကုသမှု့ အမျိုးအစားတွေ ရှိနေပါသလဲ။ ဒီအကြောင်းတွေကို VOA သတင်းထောက် June Soh နဲ့ Art Chimes တို့ သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲက ကင်ဆာအထူးကု အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်, အား မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။
4:06 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com