၁။ မျှော်လင့်ချက်သာရှိပါစေ = ဘဝတိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပဲ
၂။ သူပြုံးမှကိုယ်ပြုံးမယ့်အစား = ကိုယ်ကစပြီးပြုံးပြလိုက်ပါနော်
၃။ လွယ်တယ်ဆိုပြီးမမေ့ပါနဲ့ = ဘဝရဲ့သီအိုရီမှာ အသေးအဖွဲ့မရှိ
၎။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့ သတ္တိရှိမှာ
၅။ မစဉ်စားပဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ
၆။ ဖန်ခွက်ထဲမှာရေတစ်စ...က် ရှိတာဟာ လုံးဝမရတာထက်စာရင် တော်ပါသေးတယ်
၇။ ကံတရားပါ ကွာလို့ ပြောနေသ၍ ညဏ်သမားဖြစ်လာမှမဟုတ်ဘူး
၈။ စေတနာ သည် ကံတရား၏ အရင်းအမြစ်ဖြစ်သည်။
၉။ သံသယ ပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့် လုံးဝ ယုံကြည် နေလိုက်ဖို့ပါပဲ။
၁၀။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့် မင်းဟာလူမိုက်ပဲ။
၁၁။ ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပြစ်နိုင်ပါတယ်
၁၂။ လိုအပ်တဲ့အခြေအနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာ
အလကားအချိန်ဖြုန်းနေတာပါပဲ။
၁၃။ လူတိုင်းအမှားနဲ့ မကင်းပေမယ့် ခဏခဏတော့်မမှားသင့်ဘူးလေ
၁၄။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့်ကျောင်းပါပဲ
၁၅။ ဒုက္ခအနီးတွင် သုခရှိ၏
၁၆။ ဘဝမြင့်သွားပေမယ့် ဘဝင်မမြင့်ပါစေနဲ့
၁၇။ ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့ လက်နက်ကို ထုတ်သုံးရလိမ့်မယ်သူငယ်ချင်း
၁၈။ ဘဝသည် အစမ်းသဘောနေထိုင်ခွင့်မရှိသော အရာ။
၁၉။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှု အများဆုံးကတော့် စိတ်ဓါတ်ပျက်စီးခြင်းပဲ သူငယ်ချင်း
၂၀။ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုပြီး ဂုဏ်ယူမနေကြပါနဲ့။ အဲဒါ မိုက်ရူးရဲဆန်တာပဲ။
၂၁။ နားလည်မှုတွေရှိနေသ၍ မေတ္တာ တရားဆိုတာ မွေးဖွားနေဦးမှာ
၂၂။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံ အကျဆုံးအရာတစ်ခုပါ။
၂၃။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျက်ပါ
9:24 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com