22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, February 7, 2012

Firefox Backup ပြုလုပ်နည်း

ကျွန်တော် ကွန်ပျူတာမှာ Bookmarks လုပ်နည်းကို တင်ပြခဲ့ပြီဖြစ်ပါတယ်။ ဒါပေးမဲ့ ကျွန်တော် မိမိမှတ်ထားတဲ့ bookmarks ကို ဘယ်လို သိမ်းရမယ်ဆိုတာကို ကျွန်တော် မတင်ပြရသေးပါဘူး ။ အကြောင်းကတော့ ကျွန်တော်မအားတာကလဲ တစ်ကြောင်း ဆိုဒ်က bandwidth ဖြစ်တာက တစ်ကြောင်းမို့ ကျွန်တော် post တွေကို အသစ် မရေးနိုင်ခဲ့ပါဘူး။ အခုနည်းလေးကတော့ window အတင်အချ လုပ်တာများနေရင် ဒီနည်းလေးက အသုံးဝင်လေးဖြစ်ပါတယ်။ ဒါကြောင့် window တစ်ခါချတိုင်း မိမိ ဖတ်နေကျ ဆိုဒ်တွေကို mail တွေထဲမှာ Draft ဆွဲထည့်ရတယ်။ word တွေထဲမှာ သိမ်းရတယ်။ ပြန်ဖွင့်ချင်ရင် တစ်ခုချင် ပြန်ဖွင့်ပြီ Bookmaeks မှာပြန်မှတ်ရတာ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ ဒါကြောင့် အဲဒီလို စိတ်မပျက်ရအောင် ကျွန်တော် FireFox ကို ဘယ်လို Import နှင့် Export ကို လုပ်တာလဲဆိုတာကို တင်ပြမှာဖြစ်ပါတယ်။


Exporting Bookmarks From Firefox

Step#1

1. အရင်းကျွန်တော်တို့ Run ( Winkeys +R) ကို ဖွင့်ပြီ Notepad ကို ဖွင့်လိုက်ပါ။
2. Notepad မှ File ကို click လိုက်ပါ။ ပြီရင် Save as ကို click လိုက်ပါ။ ပြီရင် Bookmarks.Html လို့ ရေးပြီ Desktop ပေါ်မှာ save လိုက်ပါ။
Step#2
1. အထပ်ပါအဆင့်ပြီရင် Firefox မှ Bookmarks ကို click လိုက်ပါ။ ပြီရင် အောက်မှာ တွေ့ရတဲ့အတိုင်း Organize Bookmarks ကို click လိုက်ပါ။



2. အောက်ပါအတိုင်း တွေ့ရတဲ့ အတိုင်း Import and Backup ဆိုတာကို click လိုက်ရင် ကျလာတဲ့ Box မှာ Export Html ကို click လိုက်ပါ။



3. အောက်ပါအတိုင်း Export Bookmarks File ဆိုတဲ့ box တစ်ခု ထပ်ကျလာပါမည်။ မိမိတို့ အရင် တည်ဆောက်ခဲ့တဲ့ Bookmarks.html ဆိုတာကို ရှာလိုက်ပါ ပြီရင် click လိုက်ပါ။ Filename မှာ Bookmarls.html ရောက်နေတာကို တွေ့ရမှာပါ။ ပြီရင် Save လုပ်လိုက်ပါ။ ဒါကတော့ ကျွန်တော်တို့ မိမိတို့ Export လုပ်တာဖြစ်ပါတယ်။ တနည်းအားဖြင့် Backup လုပ်တာဘဲဖြစ်ပါတယ်။



Importing Bookmarks Into Firefox

ကျွန်တော်တို့ ကွန်ပျူတာကို window ချပြီလို့ ပြန်တင်တဲ့အခါ Firefox ပြန် Run ပြီတာနဲ့ ကျွန်တော်တို့ window မချခင်က Exporting လုပ်ခဲ့တဲ့ Bookmark ကို ပြန်လည် Importing လုပ်တာဖြစ်ပါတယ်။ အဲဒီင်္လို လုပ်ခဲ့တော့ မိမိတို့ ဖတ်နေကျ ဆိုဒ်တွေကို အလွယ်တစ်ကူနဲ့ Bookmark မှာ ပြန်လည် မှတ်သားထားနိုင်ပါတယ်။ ဆိုဒ်တွေကို တစ်ခုချင်စီ ပြန်တင်မနေရတော့ စိတ်မညစ်ရတော့ဘူး။

Step#1

1. မိမိတို့ Bookmarks မှ Organize Bookmarks ကို click ပြီ Import Html ကို click လိုက်ပါ။



2. Import Html ကို click လိုက်ရင် အောက်ပါအတိုင်း Import Wizard Box တစ်ခု ထပ်ကျလာပါမည်။ From an HTML File မှာ အမှန်ခြစ် ပေးပြီ Next ကို click လိုက်ပါ။



3. Import Bookmarks File ဆိုတဲ့ Box တစ်ခုကျလာပါမည်။ မိမိတို့ Export လုပ်ခဲ့တဲ့ Bookmarks.html ကို ရွေးပြီ Open ကို click လိုက်ရင် မိမိတို့ Bookmarks မှာ မိမိတို့ window မချခင်က မှတ်ခဲ့တဲ့ Bookmark အတိုင်းတွေ့ရမှာပါ။ ပြီပါပြီ။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )