22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, February 7, 2012

လိုအပ်တဲ့ Driver ဒီမှာရှာ

ကျွန်တော်ဒီနေ့ Driver တွေလိုအပ်နေတဲ့ သူငယ်ချင်းများအတွက် လိုအပ်နေတဲ့ Driver တွေကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ဖို့ စုစည်းတင်ပြ ပေးလိုက်ပါတယ်။ ရှေ့ပိုင်းမှာလည်း ကိုမိုးထက်မြင့်က Windows7 အတွက်လိုအပ်သော Driver များ ဆိုပြီးတင်ပေးခဲ့ ပြီးသားပါ။ ကျွန်တော့်စက်မှာဆိုရင် Windows7 တင်ထားတာ CPU ရှေ့မှာရှိတဲ့ Audio ပေါက်လေးတွေက အလုပ်မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ AudioDriver လိုနေလို့ပါ။ သာမန်ဆို စက်ဝယ်တုန်းက ပါတဲ့ Motherboard Driver ထဲမှာပါတဲ့ AudioDriverလေး run ပေးလိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော့်စက်မှာ ခုနလို လုပ်ပေးလို့မရပါဘူး။ ဒါကြောင့် Realtalk ဆိုဒ်လေးမှာ သွားပြီး Windows7 အတွက် audio Driver ဒေါင်းပြီးရမ်းလိုက်တာ အဆင်ပြေသွားပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်ဆို ကျွန်တော့် MontherBoard Driver ထဲမှာပါတဲ့ Audio Driver ကလက်ရှိတင်ထားတဲ့ Window7 အတွက်ကို Support မလုပ်ပေးနိုင်လို့ပါ။ အဲ့လိုအခြေအနေမျိုး မှာဆိုရင် မိမိတင်ထားတဲ့ Windows နဲ့ကိုက်တဲ့ Driver လေးတွေ run ပေးရပါတယ်။ ဒါမှသာ အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အမျိုးအစားအလိုက် လိုအပ်တဲ့ Driver တွေကို ဒေါင်းပြီး Run ပေးလိုက်ပါ။ လင့်တွေအကုန်လုံး အလုပ်လုပ်ပါတယ်။ Free လဲပေးပါတယ်။ ကျွန်တော်ကိုယ်တိုင် အကုန်လိုက်ဒေါင်းပြီး စမ်းကြည့် run ကြည့်ပြီးပါပြီ။ အကုန်လုံး အဆင်ပြေပါတယ်။ Laptopသမားတွေ အတွက်လည်း အင်မတန်မှ အထောက်အကူ ဖြစ်စေပါတယ်။ Printer၊Scannerတွေ အတွက်လည်း အမျိုးအစားအလိုက် ရှာဖွေကြည့်နိုင်ပါတယ်။ မိမိတို့Serialနံပါတ် လိုက်လည်းရှာဖွေ နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ။









































Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )