22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, February 10, 2012

MiniLyrics V7.2.880

ဒီတစ်ခါတော့ အင်္ဂလိပ်သီချင်း (MP3) တွေကို နှစ်နှစ်ခြိုက်ခြိုက် နားထောင်တတ်တဲ့ သူတွေ
အတွက် အင်မတန်အဆင်ပြေစေမဲ့  MiniLyrics ဖရီးဆော့ဖ်ဝဲ လေးကို ညွန်ပေးချင်ပါတယ်။ သိပြီးသူ
တွေကတော့ သိကြမှာပါ။ မသိသေးတဲ့ အစ်ကို ၊ အစ်မတွေအတွက် သူ့ရဲ့အလုပ်လုပ်ပုံကို ကျွန်တော်
သိသလောက်အနည်းငယ်လေးကို ပြောပြပါ့မယ်။ 
       ကျွန်တော်တို့ စက်ထဲမှာသိမ်းထားတဲ့ အင်္ဂလိပ်သီချင်းတွေ နားထောင်တဲ့အခါ ကိုယ်နားထောင်
နေတဲ့ သီချင်းရဲ့စာသားတွေကို ရှာဖွေပေးပြီး အဲဒီစာသားတွေကို  Desktop ပေါ်ကိုစာတန်းထိုးပေတဲ့
ကောင်လေးပါ။ ကိုယ့်စက်ထဲကမဟုတ်ပဲ Online ပေါ်ကသီချင်းတွေကို နားထောင်ချင်တယ်ဆိုရင်လဲ
ရပါသေးတယ်။ ကိုယ်နားထောင်ထားတဲ့  သီချင်းစာသားကို ကွန်ပြူတာထဲကို  save  ထားချင်ရင်လဲ 
lyrics ကို right click ပြီး  save lyrics as နှိပ်ပြီး  txt ဖိုင်နဲ့  save လို့ရပါတယ်။ကျန်တာတွေ
လဲတော်တော်များများကျန်ပါသေးတယ်။  ဆော့ဖ်ဝဲတစ်ခုရဲ့ အသုံးပြုပုံကို ခုလိုရှင်းပြနေတာထက်စာရင် 
ကိုယ်တိုင်  ကလိကြည့်တာ ပိုကောင်းပါတယ်။  သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာအဆင်
ပြေတဲ့   လင့်ခ်ကနေယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကဲ   1.8MB   ပဲရှိပါတယ်။  သူအလုပ်လုပ်တဲ့  player  
တွေကတော့ အောက်ကပုံကိုကြည့်လိုက်ပါ။
          ချွန်းချက်အနေနဲ့ Jet Audio သုံးမယ်ဆိုရင်တော့ သီချင်းစာသားရှာတဲ့ program ကိုပြန်ဖွင့်ပေးရ
ပါတယ်။ ဘယ်လိုဖွင့်မလဲဆိုရင် နားထောင်မဲ့ အင်္ဂလိပ်သီချင်းကို Jet Audio player နဲ့အရင်ဖွင့်လိုက်ပါ။
ပြီးရင် start >> all programs >> minilyrics >> minilyrics ကို ကလစ်လိုက်ပါ။  start 
minilyrics boxတတ်လာရင်  Jet Audio ကို ကလစ်လိုက်ရင်ရပါပြီ။ ကျန်တဲ့  player တွေကတော့  
auto အလုပ်လုပ်ပါတယ်။  

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )