22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, March 19, 2012

ကိုလက်စထရောနည်းပါးစေသော အစားအစာ ၇ မျိုး။

နှလုံးကိုအထောက်အပံ့ဖြစ်ဖို့အတွက် အောက်ပါအစာတွေကို လုံလုံလောက်လောက်စားဖို့ လိုပါမယ်။


၁။ ကောင်းသော အဆီနဲ့ ဆီများ(Good Fats and Oils)
Monounsaturated Fats (Chemical တည်ဆောက်ပုံအရ double bond တစ်ခုသာပါတဲ့အဆီတွေ) ဟာ ဆိုးရွားတဲ့
LDL ခိုလက်စထရော တွေကို လျော့ကျဖို့ ကူညီပေးပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပြည့်ဝဆီ (saturated fats) နဲ့ ပြောင်းလဲဆီ (trans fats) တွေနေရာမှာ အစားထိုးစား
သောက်သင့်တဲ့အဆီမျိုးဖြစ်ပါတယ်။
ဒီလို နှလုံးကို အထောက်အကူဖြစ်စေတဲ့ အဆီမျိုးကို ထောပတ်သီး၊ မြေပဲယို (peanut butter) နဲ့
အစေ့အဆံတွေမှာပါဝင်တာကိုတွေ့ရပါတယ်။ နှလုံးအတွက် အထောက်အကူဖြစ်တယ်ဆိုပြီး
များများစားဖို့တော့မသင့်တော်ပါဘူး။
အဲဒီ အဆီတွေမှာကယ်လိုရီ သိပ်များတဲ့အတွက် နည်းနည်းဆိုရင်လုံလောက်ပါပြီ။
လက်တစ်ဆုပ်စာအစေ့အဆံတွေ၊ ဒါမှမဟုတ် သံလွင်ဆီ လက်ဖက်ရည်တစ်စွန်းစာလောက် အဆီ
ဆိုရင် သင့်နှလုံးအတွက် ကောင်းကောင်းလုံလောက်ပါပြီ။



၂။ ငါးနဲ့ အိုမီဂါ 3-s (Fish and Omega 3-s)

Omega 3-s ဆိုတာ နှလုံးကို ကာကွယ်ပေးနိုင်တဲ့ စူပါ အဆီ တစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာပါတဲ့
ခိုလက်စထရောကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ Omega 3-s ကို ရှာဖို့အကောင်းဆုံးကတော့
ငါးမှာပါဝင်တဲ့ အဆီတွေမှာဖြစ်ပါတယ်။ အဆီများများပါတဲ့ ရေချို ငါးသလောက်ငါး၊ ပင်လယ်ငါးသလောက်၊
ဆယ်မန်ငါး တွေမှာ Omega 3-s အပြည့်ပါဝင်နေပါတယ်။
သတိပြုရမှာက ငါးတွေကို ဖုတ်ပြီး ကင်ပြီးစားဖို့ပါ။ ငါးတွေကို ကြော်စားရင်တော့ အဆီပါဝင်မှု
သိပ်မြင့်မားသွားပါလိမ့်မယ်။ အမေရိကန် နှလုံးအဖွဲ့အစည်းကတော့ တစ်ပတ်ကို ငါး နှစ်ကြိမ်စားပေးဖို့
တိုက်တွန်းပါတယ်။ တကယ်လို့ သင်ဟာ seafood မစားတဲ့သူဆိုပါတော့။ အဲဒါဆိုရင် တိုဟူးလို Soy foods တွေ၊
သစ်ကြားသီး တို့ကို စားသုံးပေးပါ။ အဲဒီအစားအစာတွေမှာလည်း Omega3-s ပါဝင်ပါတယ်။




၃။ အနှံများနှင့် အုတ်စ် (Grains and Oats)

နေ့တစ်နေ့ကို စတင်ဖို့ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ။ အုတ်စ် ပါဝင်တဲ့အစားစာတွေနဲ့
ဖြည့်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီလို အစာတွေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်တွေ(soluble fiber) ပါဝင်ပါတယ်။
အဲဒီအမျှင်တွေဟာမကောင်းတဲ့ LDL ခိုလက်စထေရာကို လျော့ကျစေပါတယ်။ သွေးထဲမှာ ခိုလက်စထေရော
စုပ်ယူမှုကို တားပေးပါတယ်။ သင့်တစ်နေ့တာမှာ နှလုံးရောဂါကာကွယ်ဖို့အတွက် အဲဒီလို ပျော်ဝင်လွယ်တဲ့
အမျှင်ဓာတ် ၃ ဂရမ်လောက်လိုပါတယ်။ အုတ်စ် ၂ ခွက် သောက်မယ်ဆိုရင် ၆ ဂရမ်လောက်ရှိတဲ့ soluble fiber
ရနိုင်ပါတယ်။ တကယ်လို့အုတ်စ်မကြိုက်ရင်တော့ ဘာလီနဲ့ဆန်တွေမှာ အဲဒီလိုအမျှင်ဓာတ်တွေပါပါတယ်။





၎။ ပဲနဲ့ ပဲနီကလေး(Beans and Lentils)

အုတ်စ်တွေပဲ ပျော်ဝင်လွယ်တဲ့ အမျှင်တွေထုတ်ပေးနိုင်တာတော့မဟုတ်ပါဘူး။
ပဲတွေ၊ ပဲနီလေးတွေ၊ ပဲတောင့်ရှည်တွေဟာလည်း အမျှင်ဓာတ်တွေထုတ်ပေးနိုင်ပါတယ်။
pinto beans ခွက်တစ်ဝက်စာလောက် ၃ လ လောက်နေ့တိုင်း ချက်စားမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့
ခိုလက်စထရော ၈ ရာခိုင်နှုန်းလောက်လျော့ကျသွားစေတယ်လို့လေ့လာတွေ့ရှိချက်တစ်ခုက ဆိုပါတယ်။
အခြားတွေ့ရှိချက်တစ်ခုကတော့ ပဲတွေဟာ မကောင်းတဲ့ LDL ခိုလက်စထရော ပါဝင်မှုကို
လျော့ကျစေတယ်လို့ဆိုပါတယ်။
ပဲတွေကိုပြည့်ဝဆီတွေ အစား သုံးစွဲသင့်တယ်လို့ အကြံပြုကြပါတယ်။



 

၅။ အယ်လ်ကိုဟော (Alcohol)

ညစာစားတဲ့အခါ ဘီယာ သို့မဟုတ် ၀ိုင်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက ခိုလက်စထရောတွေအတွက်
အထောက်အကူဖြစ်စေပါတယ်။ နှလုံးရောဂါကိုလည်း အကာအကွယ်ပေးပါတယ်။
အများကြီးသောက်သုံးဖို့မဟုတ်ပါဘူး။ အမျိုးသမီးတွေဆိုခွက် ငယ်လေးနဲ့တစ်ခွက်၊ အမျိုးသားတွေဆိုရင်
ခွက်ငယ်လေးနဲ့ နှစ်ခွက်မျှသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။





၆။ အပင်တွေမှာ ပါတဲ့ စတီးရွိုက်အယ်လ်ကိုဟော နဲ့ စတန်နော
(Plant Sterols and Stanols)
စတန်နောဆိုတာက Stanol ester ကိုပြောတာပါ။ အဲဒီ chemical compound ဟာ LDL
(low-density lipoprotein ) ကိုလျော့ကျစေပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေကို အချိုရည်ဗူးတွေမှာ သုံးပါတယ်။
လိမ္မော်ရည်ဗူးတွေမှာထည့်ထားတတ်ပါတယ်။
အပင်တွေမှာလည်းပါဝင်လေ့ရှိပါတယ်။ ဒိန်ချဉ်ဗူးနဲ့ လိမ္မော်ရည်ဗူး တွေမှာပါဝင်တဲ့ Sterols နဲ့ Stanols တွေကြောင့်
LDL ခိုလက်စထရောငါးရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိလျော့ကျစေပါတယ်။
အဲဒီလိုလျော့ကျဖို့လိုအပ်တဲ့ Sterols နဲ့ Stanols တွေ အတွက် မွမ်းမံထားတဲ့လိမ္မော်ရည် ၈ အောင်စ
တစ်ဖန်ခွက်သောက်သုံးရုံနဲ့ လုံလောက်ပါတယ်။





၇။ အသီးအနှံများ (Fruits)
ပန်းသီးတစ်နေ့တစ်လုံးက နှလုံးအထူုးကုတွေကို တကယ်ပဲ အဝေးမှာထားနိုင်စေပါတယ်။
ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး ၊ဂရိတ်ဖရုသီးတွေဟာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေအပြည့်ပါဝင်ပါတယ်။
အဲဒီအမျှင်ဓာတ်ဟာ ခိုလက်စထရော ကို လျော့နည်းစေပါတယ်။ အပြာရောင်ဗယ်ရီသီးတွေ၊ စပျစ်သီးတွေဟာလို
Antioxidants များတဲ့ သစ်သီးတွေဟာလည်းအလားတူ အစွမ်းသတ္တိရှိပါတယ်။
အဲဒါကြောင့် အသီးအနှံအချိုပွဲလေးတွေ ပုံမှန်စားသုံးသင့်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )